[Zawgyi] လီဗာပူး ပရိသတ္အခ်စ္ေတာ္ ကစားသမားေဟာင္းၾကီး လူး၀စ္ ဂါစီယာက ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္မွာ ေတြ႔ဆံုေနၾကတဲ့ လီဗာပူးနဲ႕ ဘာစီလိုနာတို႔ရဲ႕ အားသာခ်က္ အားနည္းခ်က္မ်ားကို နိႈင္းယွဥ္ေျပာၾကားလိုက္ပါတယ္။
စပိန္သား တိုက္စစ္သမား ဂါစီယာက လြန္ခဲ့တဲ့ ၁၄ နွစ္ လီဗာပူးအသင္းနဲ႕ အတူ အစၥတန္ဘူလ္မွာ ခ်န္ပီယံလိဂ္ ေအာင္ပြဲ ခံခဲ့တဲ့ အသင္းသား တစ္ဦး ျဖစ္ျပီး ဒီနွစ္ခ်န္ပီယံလိဂ္ ပြဲမွာေတာ့ ျပိဳင္ဘက္အသင္းမွ မက္ဆီက ဒီပြဲအတြက္ အဆံုးအျဖတ္ ျဖစ္သြားနုိင္တယ္လို႔ ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

” ဒီရာသီ အစပိုင္းတည္းက မက္ဆီက သူ႔ရဲ႕ ရည္မွန္းခ်က္က ခ်န္ပီယံလိဂ္ ထပ္ျပီး ဗိုလ္စြဲဖို႔လို႔ ေျပာထားပါတယ္။ ဒါကိုပဲ တျခားေသာ ဘာစီလိုနာ ကစားသမားေတြကလည္း တစ္ရာသီလံုး ထပ္ခါ ထပ္ခါ ေျပာဆိုခဲ့ပါတယ္။ ျပီးခဲ့တဲ့ နွစ္ေတြကစလို႔ ဘာစီလိုနာက လာလီဂါမွာ လႊမ္းမိုးထားျပီး တည္ျငိမ္မႈ ျပသေနပါတယ္။
ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္က ျပီးခဲ့တဲ့ သံုးနွစ္ဆက္ ခ်န္ပီယံလိဂ္ ယူသြားျခင္းဟာ ဘာစီလိုနာအတြက္ အထိနာျခင္းပါပဲ။ လီဗာပူးအသင္းကေတာ့ အဆိုးဆံုး မဲက်မႈလို႔ ဆိုရမလိုပဲ။ ဘာစီလုိနာလည္း ဒီလိုပဲ ေျပာရမွာပါ။ လီဗာပူးအသင္းဟာ ခံစစ္အားျဖင့္ ဘာစီလိုနာထက္ ေကာင္းျပီး ဘာစီလိုနာကေတာ့ ကြင္းလယ္မွာ လီဗာပူးထက္ ပိုေကာင္းပါတယ္။
တိုက္စစ္မွာေတာ့ နွစ္သင္းလံုး မယံုနို္င္ေလာက္ေအာင္ ထူးခၽြန္တဲ့ ကစားသမားေတြ ကိုယ္စီ ပိုင္ဆိုင္ထားတယ္။ လူး၀စ္ဆြာရက္စ္၊ ေကာ္တင္ညိဳ စတဲ့ လီဗာပူး ကစားသမားေဟာင္းေတြ ဘာစီလိုနာဘက္မွာ ရွိသလို ဖာမီနို၊ မိုဆာလက္၊ ဆာဒီယို မာေနးတို႔ကလည္း လီဗာပူးဘက္မွာ အခိုင္အမာပါ။”

” ဒီနွစ္သင္းၾကား ကြဲျပားမႈ ျဖစ္သြားေစနိုင္တာကေတာ့ မက္ဆီပါ။ သူက တစ္ကမၻာလံုးက အျခားေသာ ကစားသမားေတြ မလုုပ္နုိင္တာေတြကို သူက လုပ္နုိင္တဲ့ တစ္ဦးတည္းေသာ ကစားသမား ျဖစ္တယ္။ သူ ဂိုးေတြကို မသြင္းေနဘူးဆိုရင္ အခြင့္အေရးေတြ ဖန္တီးေနလို႔ပဲ။ သူက ဘယ္သူေတြနဲ႕ မွ မတူဘဲ နုိင္ပြဲရဖို႔ နည္းကို ရွာေဖြေနပါလိမ့္မယ္။ ” လို႔ ဂါစီယာက မွတ္ခ်က္ေပးခဲ့ပါတယ္။
ဂါစီယာရဲ႕ မွတ္ခ်က္ေတြအရေတာ့ အသင္းေဟာင္း လီဗာပူးကို မ်က္နွာသာ မေပးထားဘဲ မက္ဆီရွိေနတဲ့ ဘာစီလိုနာက အခြင့္ေကာင္း ပိုရွိေနတယ္လုိ႔ သတိေပးစကား ဆိုခဲ့တာပါ။
Sports Home Time
[Unicode] လီဗာပူး ပရိသတ်အချစ်တော် ကစားသမားဟောင်းကြီး လူးဝစ် ဂါစီယာက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေကြတဲ့ လီဗာပူးနဲ့ ဘာစီလိုနာတို့ရဲ့ အားသာချက် အားနည်းချက်များကို နှိုင်းယှဉ်ပြောကြားလိုက်ပါတယ်။ စပိန်သား တိုက်စစ်သမား ဂါစီယာက လွန်ခဲ့တဲ့ ၁၄ နှစ် လီဗာပူးအသင်းနဲ့ အတူ အစ္စတန်ဘူလ်မှာ ချန်ပီယံလိဂ် အောင်ပွဲ ခံခဲ့တဲ့ အသင်းသား တစ်ဦး ဖြစ်ပြီး ဒီနှစ်ချန်ပီယံလိဂ် ပွဲမှာတော့ ပြိုင်ဘက်အသင်းမှ မက်ဆီက ဒီပွဲအတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်တယ်လို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။
” ဒီရာသီ အစပိုင်းတည်းက မက်ဆီက သူ့ရဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ် ထပ်ပြီး ဗိုလ်စွဲဖို့လို့ ပြောထားပါတယ်။ ဒါကိုပဲ တခြားသော ဘာစီလိုနာ ကစားသမားတွေကလည်း တစ်ရာသီလုံး ထပ်ခါ ထပ်ခါ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကစလို့ ဘာစီလိုနာက လာလီဂါမှာ လွှမ်းမိုးထားပြီး တည်ငြိမ်မှု ပြသနေပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က ပြီးခဲ့တဲ့ သုံးနှစ်ဆက် ချန်ပီယံလိဂ် ယူသွားခြင်းဟာ ဘာစီလိုနာအတွက် အထိနာခြင်းပါပဲ။
လီဗာပူးအသင်းကတော့ အဆိုးဆုံး မဲကျမှုလို့ ဆိုရမလိုပဲ။ ဘာစီလိုနာလည်း ဒီလိုပဲ ပြောရမှာပါ။ လီဗာပူးအသင်းဟာ ခံစစ်အားဖြင့် ဘာစီလိုနာထက် ကောင်းပြီး ဘာစီလိုနာကတော့ ကွင်းလယ်မှာ လီဗာပူးထက် ပိုကောင်းပါတယ်။ တိုက်စစ်မှာတော့ နှစ်သင်းလုံး မယုံနိုင်လောက်အောင် ထူးချွန်တဲ့ ကစားသမားတွေ ကိုယ်စီ ပိုင်ဆိုင်ထားတယ်။ လူးဝစ်ဆွာရက်စ်၊ ကော်တင်ညို စတဲ့ လီဗာပူး ကစားသမားဟောင်းတွေ ဘာစီလိုနာဘက်မှာ ရှိသလို ဖာမီနို၊ မိုဆာလက်၊ ဆာဒီယို မာနေးတို့ကလည်း လီဗာပူးဘက်မှာ အခိုင်အမာပါ။”
” ဒီနှစ်သင်းကြား ကွဲပြားမှု ဖြစ်သွားစေနိုင်တာကတော့ မက်ဆီပါ။ သူက တစ်ကမ္ဘာလုံးက အခြားသော ကစားသမားတွေ မလုပ်နိုင်တာတွေကို သူက လုပ်နိုင်တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်တယ်။ သူ ဂိုးတွေကို မသွင်းနေဘူးဆိုရင် အခွင့်အရေးတွေ ဖန်တီးနေလို့ပဲ။ သူက ဘယ်သူတွေနဲ့ မှ မတူဘဲ နိုင်ပွဲရဖို့ နည်းကို ရှာဖွေနေပါလိမ့်မယ်။ ” လို့ ဂါစီယာက မှတ်ချက်ပေးခဲ့ပါတယ်။ ဂါစီယာရဲ့ မှတ်ချက်တွေအရတော့ အသင်းဟောင်း လီဗာပူးကို မျက်နှာသာ မပေးထားဘဲ မက်ဆီရှိနေတဲ့ ဘာစီလိုနာက အခွင့်ကောင်း ပိုရှိနေတယ်လို့ သတိပေးစကား ဆိုခဲ့တာပါ။
Sports Home Time
