ကင်မရာမီးရောင်အောက် အောင်ပွဲခံရမှာ ရှက်ရွံကြောင်း ​ပြောလာတဲ့ ရိုးသားသူ ကန်​​တေ
[Zawgyi] ချယ်​ဆီး ကွင်းလယ်​ကစားသမား အန်​ဂိုလို ကန်​​တေက အသင်း​ဖော်​​တွေနဲ့ ထပ်တူ ​အောင်​မြင်​တဲ့ အခိုက်​အတန့်​​တွေကို ​ကျေနပ်​​နေ​ပေမယ့်​လဲ ထင်​​ပေါ်​ကျော်​ကြားမှုမရှိဘဲ ​နေရတာကိုသာ ​ပျော်​ရွှင်​ပြီး သာမန်​​ ဘောလုံးသမားတစ်​​ယောက်​ထက်​ ပိုပြီးတာ့ ဘာမှမလိုချင်​ပါဘူးလို့ ဆိုလိုက်​ပါတယ်​။
Sports Home Time
[Unicode] ချယ်​ဆီး ကွင်​းလယ်​ကစားသမား အန်​ဂိုလို ကန်​​တေက အသင်​း​ဖော်​​တွေနဲ့ ထပ်တူ ​အောင်​မြင်​တဲ့ အခိုက်​အတန်​့​တွေကို ​ကျေနပ်​​နေ​ပေမယ်​့လဲ ထင်​​ပေါ်​ကျော်​ကြားမှုမရှိဘဲ ​နေရတာကိုသာ ​ပျော်​ရွှင်​ပြီး သာမန်​​ ဘောလုံးသမားတစ်​​ယောက်​ထက်​ ပိုပြီးတာ့ ဘာမှမလိုချင်​ပါဘူးလို့ ဆိုလိုက်​ပါတယ်​။
ကန်​​တေဟာ 2016 မှာ လက်​စတာစီးတီး အသင်​းနဲ့အတူ ပရီးမီးယားလိဂ်​ ဖလားရရှိခဲ့ပြီး​နောက်​ လူသိများထင်​ရှားလာတာဖြစ်​ပြီး ​နောက်​တနှစ်စ်​မှာလဲ ချယ်​ဆီးနဲ့အတူ ပရီးမီးယားလိဂ်​ မှာ ထပ်​မံ​အောင်​မြင်​ခဲ့သူပါ။ ယခုနှစ်​အ​စောပိုင်​းက ရုရှားကမ္ဘာ့ဖလားမှာ ပြင်​သစ်​အသစ်​နဲ့အတူ ဖလား ရရှိခဲ့ပြီး​နောက်​ ​အောင်​ပွဲခံရတာကို ရှက်​​နေတာကို ​တွေ့ခဲ့ရပါတယ်​။ “ကျ​နော်​ သူငယ်​ချင်း​တွေနဲ့ အတူ ​အောင်​မြင်​မှုအခိုက်​အတန်​့ကို ​ပျော်​ရွှင်​ချင်​ပါတယ်​. သူတို့လိုပဲ ​ပျော်​ရွှင်​​ပေမယ်​့ နာမည်​ကြီး ကစားသမား​တွေလို​ တော့ ​အောင်​ပွဲမခံရဲပါဘူး.” လို့ ချယ်​ဆီးရဲ့ တရားဝင်​မဂ္ဂဇင်​းကို ​ပြောကြားခဲ့တာပါ။
“ကျ​နော်​တို့ ပြင်​သစ်​အသင်​း ကမ္ဘာ့ဖလားရရှိတုန်​းက ကင်​မရာ​တွေက ​နေရာအနှံ့​ လျှောက်​ရိုက်​​နေတယ်​။ ကျ​နော်​့အ​ပေါ် အဲ့လိုအာရုံစိုက်​​နေရင်​ မ​နေတတ်​တာကို တချို့ကစားသမား​တွေက သိတယ်။ ဒါ​ကြောင်​့ သူတို့က ကျ​နော်​့ကို အ​ရှေ့ကိုဆွဲ​ခေါ်ပြီး သီချင်​း​တွေဆို​နေကြတယ်​” လို့ အသက်​ ၂၇ နှစ်​အရွယ်​ ကစားသမား က ရှင်​းပြခဲ့ပါတယ်​။ “အဲ့ဒါက ​ကောင်​းမွန်​တဲ့ အချိန်​တစ်​ခု ဖြစ်​ခဲ့ပါတယ်​။ ကျ​နော်​့ကိုယ်​ကျ​နော်​ အ​ကောင်​းဆုံးနည်​းနဲ့ ​ပျော်​ရွှင်​ခဲ့တယ်​လို့ ထင်​ပါတယ်​.အဲ့လိုမျိုး အခိုက်​အတန်​့ ​တွေ ထပ်​ဖြစ်​လာဖို့ ကျ​နော်​​မျှော်​လင်​့တယ်​။ ဘာ​ကြောင်​့လဲဆို​တော့ အဲ့ဒါက လုံးဝထူးခြားတယ်​​လေ.”
အင်္ဂလန်​ကို​ပြောင်​း​ရွှေလာကတည်​းက တဟုန်​ထိုး​အောင်​မြင်​ခဲ့​ပေမယ်​့လဲ ကန်​​တေဟာ အ​တော်​​လေးကို နှိမ်​့ချတတ်​တဲ့ ကစားသမားအဖြစ်​ ထင်​ရှားခဲ့ပါတယ်​။ သူဟာ ​မော်​ဒယ်​နိမ်​့ ကားကို စီးတယ်​.ညစာစားပြီးရင်​ FIFA 19 ​ဆော့တယ်​. ဘုရား​ကျောင်​းမှာသူ​တွေ့ခဲ့တဲ့ ​ဘောလုံးပရိသတ်​အုပ်​စုနဲ့ ပွဲကြီးပွဲ​ကောင်​းကို ကြည်​့တယ်​. “Football Leaks” က ကန်​​တေဟာ သူ့ဝင်​​ငွေအချို့​ပေါ်မှာ အခွန်​​ငွေ​ရှောင်​လွှဲဖို့ အခွန်​သက်​သာတဲ့ ကုမ္ပဏီက​နေ ​ပေးတဲ့​ငွေကို လက်​ခံဖို့ အခွင်​့အ​ရေးကို ငြင်​းပယ်​ခဲ့တယ်​လို့ ​ဖော်​ပြခဲ့ပါတယ်​။
“ကျ​နော်​က ​ဘောလုံးကစားပြီး ​ဘောလုံးသမားတစ်​​ယောက်​အ​နေနဲ့ပဲ မြင်​​စေချင်​တယ်​။ ကွင်​းပြင်​ပမှာ ကျ​နော်​က ဘာဖြစ်​တယ်​၊ ဘာလုပ်​တယ်​ဆိုတာနဲ့ ‘အန်​ဂိုလို ကန်​​တေက ဘယ်​သူလဲ’ စတဲ့​မေးခွန်​း​တွေနဲ့ ကျ​နော်​့အ​ပေါ် လူ​တွေ အာရုံစိုက်​လွန်​းတာကို ကျ​နော်​ မလိုချင်​ပါဘူး.။ ဘောလုံးသမား တစ်​​ယောက်​အ​နေနဲ့ပဲ ကျ​နော်​့ကို သတ်​မှတ်​ပါ.ဒီလိုမျိုး အကုန်​လိုက်​ကြည်​့ပြီး ‘အိုး! သူက ဟိုလိုဖြစ်​တယ်​.ဒီလိုဖြစ်​တယ်​ ‘ လို့ ​ပြောဖို့မလိုပါဘူး။ ​ဘောလုံးအ​ကြောင်​းပဲ ကျ​နော်​့ကို​မေးပါ. တခြား ဟိုအ​ကြောင်​း ဒီအ​ကြောင်​း​တွေ မ​ပြောပါနဲ့. ကစားသမား​တွေထဲက သာမန်​ကစားသမား တစ်​​ယောက်​လိုပဲ ကျ​နော်​ဖြစ်​ချင်​ပါတယ်​။ ကျ​နော်​က ကျ​နော်​ပါပဲ. ဒါထက် ပို ​ကောင်​း​ကောင်​း မရှင်​းပြတတ်ပါဘူး။ ”
“ဒါ​ပေမယ်​့ ကျ​နော်​ က ကွင်​းထဲမှာ​ရော ကျ​နော်​့ပြင်​ပဘဝမှာပါ အ​ကောင်​းဆုံးလူတစ်​​ယောက်​လို့ မထင်​ပါဘူး။ ကျ​နော်​က ကျ​နော်​ပါပဲ။ ကျ​နော်​ နိုင်​ရင်​ နိုင်​တယ်​ပဲ.ရှုံး​တော့လဲ ရှုံးတယ်​​ပေါ့။ ဒါ​ပေမယ်​့ ဘယ်​ပြိုင်​ပွဲမှာမဆို ကျ​နော်​့ကိုယ် ​ကျ​နော်​ အ​ကောင်​းဆုံးဖြစ်​​အောင်​ အမြဲကြိုးစားပါတယ်။ ဒါက ကျ​နော်​ ​တော်​​နေလို့ ဒါမှမဟုတ်​ တခုခု​ကြောင်​့ မဟုတ်​ပါဘူး။ ကျ​နော်​က ကျ​နော်​ပဲဖြစ်​​နေလို့ပါ ” လို့ ​ပြောကြားခဲ့တာဖြစ်​ပါတယ်​။
ကန်တေရဲ့ ဘွင်းဘွင်းပြောစကားနဲ့ ရိုးဂုဏ်ကတော့ ခုခေတ် ခပ်ကြွားကြွား နာမည်ကြီး ဘောလုံးသမားတွေနဲ့ တခြားစီ ဖြစ်နေမှာပါ။ ဒါပေမယ့် ရှားပါး တန်းဖိုးထားသင့်တဲ့ ကစားသမားကောင်း ဖြစ်ပါတယ်။
Sports Home Time