ပရီးမီးယားလိဂ္ဖလားနဲ႔ ပက္သက္ျပီး မေမွ်ာ္လင့္ထားတဲ့ အၾကံဥာဏ္ ေပးလာတဲ့ ကာေရဂါ

လီဗာပူး ဂႏၱဝင္ၾကီး ကာရေဂါက မန္ေနဂ်ာယာဂင္ကေလာ့ပ္အား ကလပ္အသင္းရဲ႕ ဦးစားေပးမွာ ခ်န္ပီယံလိဂ္ဖလားကို ခ်န္မထားဖို႔ ေတာင္းဆိုမႈ ျပဳလုပ္ခဲ့ျပီး ဘာစီလိုနာပြဲကလည္း အေရးၾကီးပါတယ္လို႔ သတိေပးစကား ေျပာဆုိလာပါတယ္။

လီဗာပူးဟာ ၾကားရက္မွာေတာ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲ ကစားဖို႔ရာ ဘာစီလိုနာရဲ႕ ႏ်ဴးကပ္ကြင္းကို သြားေရာက္ရမွာျဖစ္တယ္။ ဆီမီးအဆင့္ ႏွစ္ေက်ာ့ၾကားမွာ လီဗာပူးက နယူးကာဆယ္နဲ႔ အေဝးကြင္း ကစားရဖို႔ ရွိပါတယ္။ ဒါေၾကာင့္ ယာဂင္ကေလာ့ပ္ဟာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ၾကား ဘယ္ပြဲကို ဦးစားေပးကန္မလဲဆိုတာ ေသခ်ာတဲ့ ဆံုးျဖတ္မႈ လုပ္ရေသးမွာ မဟုတ္ပါဘူး။

လီဗာပူးရဲ႕ အမွတ္ေပးဖလား ေမွ်ာ္လင့္ခ်က္ဟာ မန္စီးတီးက ယူႏုိက္တက္ကို အႏုိင္ယူတဲ့ေနာက္ ကိုယ္ကံၾကမၼာ ကိုယ္ဖန္တီးခြင့္ မရွိပါဘူး။ လီဗာပူးရဲ႕ လက္က်န္ႏွစ္ပြဲနဲ႔ မန္စီးတီးရဲ႕ လက္က်န္ သံုးပြဲဟာ ခ်န္ပီယံဆုအတြက္ အေျဖလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ခ်န္ပီယံလိဂ္မွာေတာ့ လီဗာပူးဟာ ကိုယ္သမိုင္းကို ကိုယ္ဘာသာ ေရးထိုးခြင့္ ရရွိထားဆဲျဖစ္တယ္။

ကာေရဂါကေတာ့ လီဗာပူးဟာ ကုန္ခဲ့တဲ့ 29 ႏွစ္လံုးမွာ ပရီးမီးယားလိဂ္ဖလား အႏိုင္မရထားလုိ႔ ပရိသတ္ေတြနဲ႔ အသင္းက အမွတ္ေပးဖလားကို အဓိကအားျဖင့္ အႏုိင္ယူလိုေပမယ့္ ခ်န္ပီယံလိဂ္ဖလားဟာ ဥေရာပကလပ္ေတြရဲ႕ ဦးစားေပး ဆုဖလားျဖစ္ေၾကာင္းကို ကလပ္အသင္းအား သတိေပးခဲ့ပါတယ္။

ကေလာ့ပ္က ေျပာရာမွာ “ စီးတီးရဲ႕ရလဒ္ ထြက္ေပၚအျပီးမွာ ယာဂင္ကေလာ့ပ္က ဘာစီလိုနာနဲ႔ပြဲမွာ ယွဥ္ျပိဳင္ရမယ့္ လူစားရင္းကို ဆံုးျဖတ္သြားပါလိမ့္မယ္။ ဘာလို႔လည္းဆိုေတာ့ ပရီးမီးယားလိဂ္က လီဗာပူးအတြက္ အေရးၾကီးတယ္ဆိုေပမယ့္ ခ်န္ပီယံလိဂ္ဖလားကလည္း ၾကီးမားပါတယ္။

ခ်န္ပီယံလိဂ္ဖလားက ကမၻာေပၚမွာ အၾကီးမားဆံုး ဆုဖလားျဖစ္ပါတယ္။ ဒီရာသီမွာ လီဗာပူးအတြက္ အေရးၾကီးဆံုး ဆုဖလား မဟုတ္တာက လီဗာပူးက အမွတ္ေပးဖလားကို ကာလရွည္ အႏုိင္မရထားလုိ႔ျဖစ္ပါတယ္။ ဒါေပမယ့္ အျခားေသာ ကလပ္အသင္းေတြက ခ်န္ပီယံလိဂ္မွာ 16 သင္းအဆင့္ေလာက္ကို ေရာက္တာထက္ အႏုိင္ရတာမ်ိဳးကိုပဲ ပိုလိုခ်င္ပါလိမ့္မယ္။

လီဗာပူးက အခုခ်ိန္မွာ ဆီမီးဖိုင္နယ္ကို ေရာက္ေနျပီး ဘာစီလိုနာနဲ႔ ယွဥ္ျပိဳင္ရမွာပါ။ မန္စီးတီးက ပရီးမီးယားလိဂ္မွာ ေရွ႔ေရာက္ေနဆဲဆိုရင္ လီဗာပူးက ဆံုးျဖတ္ခ်က္ၾကီးေတြ ျပဳလုပ္ရဖို႔ လိုပါတယ္။ တူညီတဲ့ တစ္သင္းတည္းနဲ႔ 6 ရက္အတြင္း သံုးပြဲ ကစားလို႔ မရႏုိင္ပါဘူး။ က်ေန္ာအတြက္ကေတာ့ အဲ့တာက မွားပါတယ္။ က်ေန္ာကေတာ့ နယူးကာဆယ္နဲ႔ပြဲမွာ တစ္ခုခုကို အေျပာင္းအလဲေတြ ျပဳလုပ္ဖုိ႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ေျပာခဲ့တာျဖစ္တယ္။

ကာေရဂါကေတာ့ ပရီးမီးယားလိဂ္မွာ မန္စီးတီးရဲ႕ ေျခေခ်ာ္မႈကို ေစာင့္ျပီး လုူစံုထုတ္ကာ ပြဲေတြကို ယွဥ္ျပိဳင္မယ့္အစား ဘာစီလိုနာနဲ႔ပြဲမွာ ရလဒ္ေကာင္းေတြ ရယူဖို႔ ၾကိဳးစားကာ လူစာရင္းကို ထိန္းကစားေစဖို႔ ဆႏၵရွိေနတာျဖစ္တယ္။ ယာဂင္ကေလာ့ပ္ဟာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္မွာ ဘယ္ျပိဳင္ပြဲကို ဦးစားေပးမလဲအား လာမယ့္ ရက္ပိုင္းေတြမွာ ဆံုးျဖတ္ေပးရမွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] လီဗာပူးဂန္တဝင်ကြီး ကာရဂေါက မန်နေဂျာယာဂင်ကလော့ပ်အား ကလပ်အသင်းရဲ့ ဦးစားပေးမှာ ချန်ပီယံလိဂ်ဖလားကို ချန်မထားဖို့ တောင်းဆိုမှု ပြုလုပ်ခဲ့ပြီး ဘာစီလိုနာပွဲကလည်း အရေးကြီးပါတယ်လို့ သတိပေးစကား ပြောဆိုလာပါတယ်။

လီဗာပူးဟာ ကြားရက်မှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ကစားဖို့ရာ ဘာစီလိုနာရဲ့ နျူးကပ်ကွင်းကို သွားရောက်ရမှာဖြစ်တယ်။ ဆီမီးအဆင့် နှစ်ကျော့ကြားမှာ လီဗာပူးက နယူးကာဆယ်နဲ့ အဝေးကွင်း ကစားရဖို့ ရှိပါတယ်။ ဒါကြောင့် ယာဂင်ကလော့ပ်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကြား ဘယ်ပွဲကို ဦးစားပေးကန်မလဲဆိုတာ သေချာတဲ့ ဆုံးဖြတ်မှု လုပ်ရသေးမှာ မဟုတ်ပါဘူး။

လီဗာပူးရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်ဟာ မန်စီးတီးက ယူနိုက်တက်ကို အနိုင်ယူတဲ့နောက် ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် မရှိပါဘူး။ လီဗာပူးရဲ့ လက်ကျန်နှစ်ပွဲနဲ့ မန်စီးတီးရဲ့ လက်ကျန် သုံးပွဲဟာ ချန်ပီယံဆုအတွက် အဖြေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ချန်ပီယံလိဂ်မှာတော့ လီဗာပူးဟာ ကိုယ်သမိုင်းကို ကိုယ်ဘာသာ ရေးထိုးခွင့် ရရှိထားဆဲဖြစ်တယ်။

ကာရေဂါကတော့ လီဗာပူးဟာ ကုန်ခဲ့တဲ့ 29 နှစ်လုံးမှာ ပရီးမီးယားလိဂ်ဖလား အနိုင်မရထားလို့ ပရိသတ်တွေနဲ့ အသင်းက အမှတ်ပေးဖလားကို အဓိကအားဖြင့် အနိုင်ယူလိုပေမယ့် ချန်ပီယံလိဂ်ဖလားဟာ ဥရောပကလပ်တွေရဲ့ ဦးစားပေး ဆုဖလားဖြစ်ကြောင်းကို ကလပ်အသင်းအား သတိပေးခဲ့ပါတယ်။

ကလော့ပ်က ပြောရာမှာ “ စီးတီးရဲ့ရလဒ် ထွက်ပေါ်အပြီးမှာ ယာဂင်ကလော့ပ်က ဘာစီလိုနာနဲ့ပွဲမှာ ယှဉ်ပြိုင်ရမယ့် လူစားရင်းကို ဆုံးဖြတ်သွားပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ပရီးမီးယားလိဂ်က လီဗာပူးအတွက် အရေးကြီးတယ်ဆိုပေမယ့် ချန်ပီယံလိဂ်ဖလားကလည်း ကြီးမားပါတယ်။

ချန်ပီယံလိဂ်ဖလားက ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဆုဖလားဖြစ်ပါတယ်။ ဒီရာသီမှာ လီဗာပူးအတွက် အရေးကြီးဆုံး ဆုဖလား မဟုတ်တာက လီဗာပူးက အမှတ်ပေးဖလားကို ကာလရှည် အနိုင်မရထားလို့ဖြစ်ပါတယ်။ ဒါပေမယ့် အခြားသော ကလပ်အသင်းတွေက ချန်ပီယံလိဂ်မှာ 16 သင်းအဆင့်လောက်ကို ရောက်တာထက် အနိုင်ရတာမျိုးကိုပဲ ပိုလိုချင်ပါလိမ့်မယ်။

လီဗာပူးက အခုချိန်မှာ ဆီမီးဖိုင်နယ်ကို ရောက်နေပြီး ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမှာပါ။ မန်စီးတီးက ပရီးမီးယားလိဂ်မှာ ရှေ့ရောက်နေဆဲဆိုရင် လီဗာပူးက ဆုံးဖြတ်ချက်ကြီးတွေ ပြုလုပ်ရဖို့ လိုပါတယ်။ တူညီတဲ့ တစ်သင်းတည်းနဲ့ 6 ရက်အတွင်း သုံးပွဲ ကစားလို့ မရနိုင်ပါဘူး။ ကျနေ်ာအတွက်ကတော့ အဲ့တာက မှားပါတယ်။ ကျနေ်ာကတော့ နယူးကာဆယ်နဲ့ပွဲမှာ တစ်ခုခုကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ မျှော်လင့်ပါတယ် ” လို့ ပြောခဲ့တာဖြစ်တယ်။

ကာရေဂါကတော့ ပရီးမီးယားလိဂ်မှာ မန်စီးတီးရဲ့ ခြေချော်မှုကို စောင့်ပြီး လုူစုံထုတ်ကာ ပွဲတွေကို ယှဉ်ပြိုင်မယ့်အစား ဘာစီလိုနာနဲ့ပွဲမှာ ရလဒ်ကောင်းတွေ ရယူဖို့ ကြိုးစားကာ လူစာရင်းကို ထိန်းကစားစေဖို့ ဆန္ဒရှိနေတာဖြစ်တယ်။ ယာဂင်ကလော့ပ်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ဘယ်ပြိုင်ပွဲကို ဦးစားပေးမလဲအား လာမယ့် ရက်ပိုင်းတွေမှာ ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

Sports Home Time