ဘာစီလိုနာနဲ႔ ႏ်ဴးကပ္ကြင္းမွာ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲမွာေတာ့ လီဗာပူးတိုက္စစ္သမား ဖာမင္ႏို ပါဝင္ႏုိင္ဖို႔ မေသခ်ာပါဘူး။ ဒီသတင္းကို မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဟက္ဒါဖီးနဲ႔ပြဲအျပီးမွာ ထုတ္ေျပာခဲ့တာျဖစ္ပါတယ္။
လီဗာပူးက အန္ဖီးကြင္းမွာ တိုက္စစ္ေျခစြမ္းျပျပီး ဟက္ဒါဖီးကို 5-0 ဆိုတဲ့ ရလဒ္နဲ႔ အႏုိင္ရခဲ့တယ္။ အဆိုပါပြဲမွာေတာ့ လီဗာပူးတိုက္စစ္သမား ဖာမင္ႏို အရန္စာရင္းမွာေတာင္ မပါလာခဲ့ပါဘူး။ ၾကာသပေတးေန႔ ေလ့က်င့္ေရးမွာ ဖာမင္ႏိုဟာ ၾကြက္သားဒဏ္ရာ ရခဲ့တာေၾကာင့္လို႔ သိထားရပါတယ္။
ပြဲအျပီး ယာဂင္ကေလာ့ပ္က ေျပာဆိုရာမွာ ” ၾကာသပေတးေန႔တုန္းက ဖာမင္ႏိုက ပံုမွန္အတုိင္း ေလ့က်င့္ေရး ဆင္းႏုိင္ခဲ့ပါတယ္။ အဲ့တာက အရမ္းၾကီး အားထုတ္ရတဲ့ ျပင္းထန္တဲ့ ေလ့က်င့္ေရး မဟုတ္ခဲ့ပါဘူး။ သူက တည္ကန္ေဘာေတြနဲ႔ အခ်ိဳ႕ေသာ အရာေတြကို အေတာ္ေလး ၾကိဳးစားခဲ့တယ္။
ေလ့က်င့္ေရးမွာ ဒဏ္ရာရတာကို မျမင္ခဲ့ေပမယ့္ ေနာက္ဆံုး အေျခအေနမွာ သူ႔ၾကြက္သားက နာက်င္တယ္လို႔ ခံစားေနရတာျဖစ္တယ္။ အခု တရားဝင္ ေဆးစစ္ခ်က္ ထြက္လာပါျပီ။ ဖာမင္ႏိုက မ်က္ရည္ယိုေလာက္တဲ့ အရမ္းေသးတဲ့ ၾကြက္သားဒဏ္ရာ အေသးစားေလး ရခဲ့တာပါ။ မ်က္ရည္ယိုေလာက္တယ္ ဆိုတဲ့ စကားကလြဲရင္ က်န္တာေတာ့ အစစ အရာရာ အေကာင္းျမင္ႏုိင္ပါတယ္။
ေဘာ္ဘီအေနနဲ႔ ဘာစီလိုနာနဲ႔ပြဲကို အဆင္သင့္ ျဖစ္ေနသင့္ပါတယ္။ ဒါေပမယ့္ ဒီအေျခအေနမွာ က်ေန္ာတို႔ မသိေသးပါဘူး။ အေျခအေနက သူ ကစားႏုိင္မယ္၊ မကစားႏုိင္ဘူး မေျပာႏုိင္ေသးပါဘူး။ ဒါက ကိုယ္ရႏုိင္တဲ့ အဆိုးဆံုးေတြထဲမွာ အေကာင္းဆံုးေလာက္ ျဖစ္ေနပါေသးတယ္။ ဒါေပမယ့္ ဘာစီလိုနာနဲ႔ပြဲမွာ သူပါဝင္ မကစားႏုိင္ဘူးဆိုရင္ အေတာ္ ဆိုးတာပါပဲ ” လို႔ ရွင္းလင္းခဲ့ပါတယ္။
ဖာမင္ႏိုဟာ ဒီရာသီ လီဗာပူးအသင္းအတြက္ ပရီးမီးယားလိဂ္မွာေကာ၊ ခ်န္ပီယံလိဂ္မွာပါ အေရးပါတဲ့ ကစားသမားတစ္ဦး ျဖစ္ေနဆဲပါ။ သူဟာ ခ်န္ပီယံလိဂ္သြင္းဂိုး 3 ဂိုး သြင္းယူထားပါတယ္။ အဲ့သည္ထဲက ႏွစ္ၾကိမ္ကေတာ့ ကြာတားအဆင့္မွာ ေပၚတိုကို ႏွစ္ေက်ာ့ေပါင္း 6-1 နဲ႔ အႏုိင္ရခ်ိန္မွာ သြင္းယူခဲ့တာျဖစ္တယ္။
လီဗာပူးတိုက္စစ္အတြက္ ဖာမင္ႏိုရဲ႕ လႈပ္အား၊ ကစားကြက္ပူးေပါင္းမႈနဲ႔ အခြင့္အေရးဖန္တီးမႈေတြကို အားကိုးေနရတာျဖစ္ျပီး ကြင္းလယ္ဖန္တီးမႈေတြအစား တုိက္စစ္ပိုင္း ဖလွယ္ကစားမႈကပဲ လီဗားပူးအသင္း အဓိက အားကိုးအားထား ျပဳေနရတာပါ။ ဖာမင္ႏို မကစားႏုိင္ရင္ သူ႔ေနရာမွာ အစားဝင္ဖုိ႔ အိုရီဂီ၊ စတားရစ္တို႔ ရွိေနေပမယ့္ တိုက္စစ္ပိုင္းမွာ ၾကီးၾကီးမားမား ကြာျခားသြားႏုိင္ပါတယ္။
Sports Home Time

[Unicode] ဘာစီလိုနာနဲ့ နျူးကပ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာတော့ လီဗာပူးတိုက်စစ်သမား ဖာမင်နို ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ဒီသတင်းကို မန်နေဂျာ ယာဂင်ကလော့ပ်က ဟက်ဒါဖီးနဲ့ပွဲအပြီးမှာ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။
လီဗာပူးက အန်ဖီးကွင်းမှာ တိုက်စစ်ခြေစွမ်းပြပြီး ဟက်ဒါဖီးကို 5-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တယ်။ အဆိုပါပွဲမှာတော့ လီဗာပူးတိုက်စစ်သမား ဖာမင်နို အရန်စာရင်းမှာတောင် မပါလာခဲ့ပါဘူး။ ကြာသပတေးနေ့ လေ့ကျင့်ရေးမှာ ဖာမင်နိုဟာ ကြွက်သားဒဏ်ရာ ရခဲ့တာကြောင့်လို့ သိထားရပါတယ်။
ပွဲအပြီး ယာဂင်ကလော့ပ်က ပြောဆိုရာမှာ ” ကြာသပတေးနေ့တုန်းက ဖာမင်နိုက ပုံမှန်အတိုင်း လေ့ကျင့်ရေး ဆင်းနိုင်ခဲ့ပါတယ်။ အဲ့တာက အရမ်းကြီး အားထုတ်ရတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေး မဟုတ်ခဲ့ပါဘူး။ သူက တည်ကန်ဘောတွေနဲ့ အချို့သော အရာတွေကို အတော်လေး ကြိုးစားခဲ့တယ်။
လေ့ကျင့်ရေးမှာ ဒဏ်ရာရတာကို မမြင်ခဲ့ပေမယ့် နောက်ဆုံး အခြေအနေမှာ သူ့ကြွက်သားက နာကျင်တယ်လို့ ခံစားနေရတာဖြစ်တယ်။ အခု တရားဝင် ဆေးစစ်ချက် ထွက်လာပါပြီ။ ဖာမင်နိုက မျက်ရည်ယိုလောက်တဲ့ အရမ်းသေးတဲ့ ကြွက်သားဒဏ်ရာ အသေးစားလေး ရခဲ့တာပါ။ မျက်ရည်ယိုလောက်တယ် ဆိုတဲ့ စကားကလွဲရင် ကျန်တာတော့ အစစ အရာရာ အကောင်းမြင်နိုင်ပါတယ်။
ဘော်ဘီအနေနဲ့ ဘာစီလိုနာနဲ့ပွဲကို အဆင်သင့် ဖြစ်နေသင့်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေမှာ ကျနေ်ာတို့ မသိသေးပါဘူး။ အခြေအနေက သူ ကစားနိုင်မယ်၊ မကစားနိုင်ဘူး မပြောနိုင်သေးပါဘူး။ ဒါက ကိုယ်ရနိုင်တဲ့ အဆိုးဆုံးတွေထဲမှာ အကောင်းဆုံးလောက် ဖြစ်နေပါသေးတယ်။ ဒါပေမယ့် ဘာစီလိုနာနဲ့ပွဲမှာ သူပါဝင် မကစားနိုင်ဘူးဆိုရင် အတော် ဆိုးတာပါပဲ ” လို့ ရှင်းလင်းခဲ့ပါတယ်။
ဖာမင်နိုဟာ ဒီရာသီ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်မှာကော၊ ချန်ပီယံလိဂ်မှာပါ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေဆဲပါ။ သူဟာ ချန်ပီယံလိဂ်သွင်းဂိုး 3 ဂိုး သွင်းယူထားပါတယ်။ အဲ့သည်ထဲက နှစ်ကြိမ်ကတော့ ကွာတားအဆင့်မှာ ပေါ်တိုကို နှစ်ကျော့ပေါင်း 6-1 နဲ့ အနိုင်ရချိန်မှာ သွင်းယူခဲ့တာဖြစ်တယ်။
လီဗာပူးတိုက်စစ်အတွက် ဖာမင်နိုရဲ့ လှုပ်အား၊ ကစားကွက်ပူးပေါင်းမှုနဲ့ အခွင့်အရေးဖန်တီးမှုတွေကို အားကိုးနေရတာဖြစ်ပြီး ကွင်းလယ်ဖန်တီးမှုတွေအစား တိုက်စစ်ပိုင်း ဖလှယ်ကစားမှုကပဲ လီဗားပူးအသင်း အဓိက အားကိုးအားထား ပြုနေရတာပါ။ ဖာမင်နို မကစားနိုင်ရင် သူ့နေရာမှာ အစားဝင်ဖို့ အိုရီဂီ၊ စတားရစ်တို့ ရှိနေပေမယ့် တိုက်စစ်ပိုင်းမှာ ကြီးကြီးမားမား ကွာခြားသွားနိုင်ပါတယ်။
Sports Home Time
