ေဝဖန္ခံေနရတဲ့ လူမ်ိဳးေရးခြဲျခားမႈကို အသင္းက ညီညြတ္စြာ ရင္ဆိုင္ရမယ္လို႔ ကန္ေတ သတိေပး

[Zawgyi] ခ်ယ္ဆီးကြင္းလယ္လူ ကြန္တီက ေဝဖန္မႈေတြ ျမင့္တက္ေနတဲ့ လူတန္းစားခြဲျခားမႈျဖစ္ရပ္မွာ အသင္းဟာ လူမ်ိဳးေရးခြဲျခားမႈေတြကို ဆန္႔က်င္တဲ့အသင္းျဖစ္ျပီး ဒီတစ္ၾကိမ္ျဖစ္ရပ္အတြက္ အတူတကြ စုစည္းျပီး ရင္ဆိုင္သြားၾကဖို႔ ေတာင္းဆိုမႈ ျပဳလုပ္လာခဲ့ပါတယ္။

စတမ္းဖိုဒ္ဘရစ္ခ်္ကြင္းမွာ ခ်ယ္ဆီးက မန္စီးတီးကို 2-0 နဲ႔ အႏိုင္ရတဲ့ပြဲမွာ လန္ဒန္အသင္း ပရိသတ္ေတြက မန္စီးတီး တိုက္စစ္သမား စတာလင္ကို ဦးတည္တဲ့ လူမ်ိဳးေရးခြဲျခားမႈ ျပဳလုပ္ခဲ့တယ္လို႔ ေဝဖန္မႈေတြ ျမင့္တက္ေနတာပါ။ အဆိုပါ ျဖစ္ရပ္အတြက္ ခ်ယ္ဆီးပရိသတ္ 4 ဦးဟာ စံုစမ္းစစ္ေဆးျခင္းေတြ ခံေနရျပီး အနာဂတ္ ခ်ယ္ဆီးပြဲေတြကို ၾကည့္ရႈခြင့္ ပိတ္ပင္ျခင္းခံရႏိုင္တဲ့ ျပစ္ဒဏ္မ်ိဳး က်ခံသြားရဖို႔ ရွိေနပါတယ္။

အဆိုပါပြဲမွာ ခ်ယ္ဆီးအသင္းအတြက္ အဖြင့္ဂိုး သြင္းယူေပးခဲ့တဲ့ ကန္ေတကေတာ့ ခ်ယ္ဆီးအသင္းဟာ လူမ်ိဳးေရးခြဲျခားမႈေတြ ျပဳလုပ္တတ္တဲ့ ကလပ္အသင္းမဟုတ္ပဲ လက္ရွိျပႆနာကိုလည္း အတူတကြ ရင္ဆိုင္ၾကဖို႔ တိုက္တြန္းလာခဲ့တာျဖစ္ပါတယ္။

ကန္ေတက စကိုင္းကို ေျပာရာမွာ ” ပြဲအျပီး ဒီအေၾကာင္းကို က်ေနာ္တုိ႔ ၾကားမိပါတယ္။ စံုးစမ္းစစ္ေဆးမႈေတြလည္း စတင္ေနျပီဆိုတာ က်ေနာ္တုိ႔ သိတယ္။ ဘယ္လိုအေျဖထြက္လာမလဲဆိုတာကို ေစာင့္ရပါမယ္။ ဒါေပမယ့္ ခ်ယ္ဆီးအသင္းဟာ လူမ်ိဳးေရးခြဲျခားမႈေတြ အားလံုးကို ဆန္႔က်င္တဲ့ ကလပ္အသင္းပါ။ ဒီျပႆနာ ေျပလည္သြားဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ေျပာဆိုပါတယ္။

စတာလင္ကို လူမ်ိဳးေရးခြဲျခားမႈနဲ႔ ပက္သက္ျပီး စြပ္စြဲခံေနရတဲ့ ခ်ယ္ဆီးပရိသတ္ဟာ ခက္ခဲတဲ့ ကာလေတြကို ရင္ဆိုင္ေနရတာပါ။ သူကေတာ့ စတာလင္ကို ဆဲဆိုမိတယ္ဆိုတာကို ဝန္ခံေပမယ့္ လူမ်ိဳးေရးခြဲျခားျခင္းဆိုတဲ့ စြဲခ်က္ကိုေတာ့ ျငင္းဆန္ပါတယ္။ ဒါ့အျပင္ စတာလင္အေပၚ သူ႔ရဲ႕ အျပဳအမူအတြက္ လြန္သြားေၾကာင္း ျပန္လည္ ေတာင္းပန္္ခဲ့ပါေသးတယ္။

ခ်ယ္ဆီးနဲ႕ပြဲမွာ စတားလင္း ေျပာဆိုခံခဲ့ရတာနဲ႕ပတ္သတ္ျပီး မန္စီးတီးမန္ေနဂ်ာပက္က ” လူလူခ်င္း ခြဲျခားမႈေတြက ေဘာလံုးမွာတင္ မဟုတ္ဘူး ေနရာတိုင္းမွာ ရွိေနၾကတယ္။ ပိုေကာင္းမြန္တဲ့ အနာဂတ္ တည္ေဆာက္ဖို႔ လူတိုင္းအတြက္ က်ေနာ္တို႔ ဒီလို အျဖစ္မ်ိဳးေတြ မရွိေအာင္ တိုက္ပြဲ ၀င္သြားရမယ္။ အဂၤလန္မွ မဟုတ္ဘူး ေနရာတိုင္းပဲ ” လို႔ မွတ္ခ်က္ေပးပါတယ္။

Sports Home Time

[Unicode] ချယ်ဆီးကွင်းလယ်လူ ကွန်တီက ဝေဖန်မှုတွေ မြင့်တက်နေတဲ့ လူတန်းစားခွဲခြားမှုဖြစ်ရပ်မှာ အသင်းဟာ လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်တဲ့အသင်းဖြစ်ပြီး ဒီတစ်ကြိမ်ဖြစ်ရပ်အတွက် အတူတကွ စုစည်းပြီး ရင်ဆိုင်သွားကြဖို့ တောင်းဆိုမှု ပြုလုပ်လာခဲ့ပါတယ်။

စတမ်းဖိုဒ်ဘရစ်ချ်ကွင်းမှာ ချယ်ဆီးက မန်စီးတီးကို 2-0 နဲ့ အနိုင်ရတဲ့ပွဲမှာ လန်ဒန်အသင်း ပရိသတ်တွေက မန်စီးတီး တိုက်စစ်သမား စတာလင်ကို ဦးတည်တဲ့ လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့တယ်လို့ ဝေဖန်မှုတွေ မြင့်တက်နေတာပါ။ အဆိုပါ ဖြစ်ရပ်အတွက် ချယ်ဆီးပရိသတ် 4 ဦးဟာ စုံစမ်းစစ်ဆေးခြင်းတွေ ခံနေရပြီး အနာဂတ် ချယ်ဆီးပွဲတွေကို ကြည့်ရှုခွင့် ပိတ်ပင်ခြင်းခံရနိုင်တဲ့ ပြစ်ဒဏ်မျိုး ကျခံသွားရဖို့ ရှိနေပါတယ်။

အဆိုပါပွဲမှာ ချယ်ဆီးအသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ ကန်တေကတော့ ချယ်ဆီးအသင်းဟာ လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်တတ်တဲ့ ကလပ်အသင်းမဟုတ်ပဲ လက်ရှိပြဿနာကိုလည်း အတူတကွ ရင်ဆိုင်ကြဖို့ တိုက်တွန်းလာခဲ့တာဖြစ်ပါတယ်။

ကန်တေက စကိုင်းကို ပြောရာမှာ ” ပွဲအပြီး ဒီအကြောင်းကို ကျနော်တို့ ကြားမိပါတယ်။ စုံးစမ်းစစ်ဆေးမှုတွေလည်း စတင်နေပြီဆိုတာ ကျနော်တို့ သိတယ်။ ဘယ်လိုအဖြေထွက်လာမလဲဆိုတာကို စောင့်ရပါမယ်။ ဒါပေမယ့် ချယ်ဆီးအသင်းဟာ လူမျိုးရေးခွဲခြားမှုတွေ အားလုံးကို ဆန့်ကျင်တဲ့ ကလပ်အသင်းပါ။ ဒီပြဿနာ ပြေလည်သွားဖို့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုပါတယ်။

စတာလင်ကို လူမျိုးရေးခွဲခြားမှုနဲ့ ပက်သက်ပြီး စွပ်စွဲခံနေရတဲ့ ချယ်ဆီးပရိသတ်ဟာ ခက်ခဲတဲ့ ကာလတွေကို ရင်ဆိုင်နေရတာပါ။ သူကတော့ စတာလင်ကို ဆဲဆိုမိတယ်ဆိုတာကို ဝန်ခံပေမယ့် လူမျိုးရေးခွဲခြားခြင်းဆိုတဲ့ စွဲချက်ကိုတော့ ငြင်းဆန်ပါတယ်။ ဒါ့အပြင် စတာလင်အပေါ် သူ့ရဲ့ အပြုအမူအတွက် လွန်သွားကြောင်း ပြန်လည် တောင်းပန််ခဲ့ပါသေးတယ်။

ချယ်ဆီးနဲ့ပွဲမှာ စတားလင်း ပြောဆိုခံခဲ့ရတာနဲ့ပတ်သတ်ပြီး မန်စီးတီးမန်နေဂျာပက်က ” လူလူချင်း ခွဲခြားမှုတွေက ဘောလုံးမှာတင် မဟုတ်ဘူး နေရာတိုင်းမှာ ရှိနေကြတယ်။ ပိုကောင်းမွန်တဲ့ အနာဂတ် တည်ဆောက်ဖို့ လူတိုင်းအတွက် ကျနော်တို့ ဒီလို အဖြစ်မျိုးတွေ မရှိအောင် တိုက်ပွဲ ဝင်သွားရမယ်။ အင်္ဂလန်မှ မဟုတ်ဘူး နေရာတိုင်းပဲ ” လို့ မှတ်ချက်ပေးပါတယ်။

Sports Home Time