သူ မပါမယ့် အေဂျက်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ရလဒ်ကို ထုတ်ပြောလာတဲ့ ဆွန်ယောင်မင်

စပါး တိုက်စစ်မှူး ဆွန်ယောင်မင်ကတော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲ ပထမအကျော့အဖြစ် အေဂျက်နဲ့ရင်ဆိုင်ရတဲ့ပွဲမှာ သူပါဝင်နိုင်မှာ မဟုတ်ပေမယ့် အသင်းဖော်တွေက အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်ပါကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။

တောင်ကိုးရီးယား တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ မန်စီးတီးကိုြုဖတ်ချခဲ့စဉ်အတွင်း အရေးပါတဲ့ စပါးအသင်းသားလည်းဖြစ်တယ်။ ဒါပေမယ့် အဆိုပါပွဲမှာ အဝါကဒ်တစ်ကဒ် ပြသခံခဲ့ရတာကြောင့် အေဂျက်နဲ့ ပထမအကျော့ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ စပါးအတွက်ကတော့ ကိန်းနဲ့ ဆွန်လို အဓိက တိုက်စစ်သမားတွေ မပါပဲ အေဂျက်ကို ယှဉ်ပြိုင်ကစားရဖို့ ဖြစ်လာတော့မှာပါ။

စပါးဟာ အိမ်ကွင်းသစ်မှာ ကစားတဲ့ ပွဲလေးပွဲမှာ လေးပွဲလုံး အနိုင်ရထားပြီး ပေးဂိုးလည်း တစ်ဂိုးမှ မရှိသေးပါဘူး။ ဆွန်ကတော့ အိမ်ကွင်းအား ဟာ ချန်ပီယံလိဂ်မှာ အရေးပါလာမယ်လို့ ယုံကြည်နေတယ်။

ဆွန်က ပြောရာမှာ ” ဆီမီးဖိုင်နယ်ကို လွဲရတာကို အကောင်းမြင်နေပေမယ့် စိတ်ပျက်ပြီး ဝမ်းနည်းမိပါတယ်။ ကျနော်က အကောင်းမြင်တတ်တဲ့ သူပါ။ အသင်းဖော်တွေကိုလည်း ယုံကြည်မှုရှိပါတယ်။ ဒီတော့ ကွင်းထဲမှာ ဝင်ကစားရမှာထက် ပွဲကြည့်စင်ကနေ ကြည့်ရမှာကို ပိုပြီး တုန်လှုပ်နေပါတယ်။

ဒါပေမယ့်လည်း အသင်းကို ယုံကြည်ပါတယ်။ အသင်းဖော်တွေ၊ ကွင်းသစ်ကြီးကို ယုံပါတယ်။ ဒီတော့ အများကြီး စိုးရိမ်မနေသင့်ပါဘူး။ စနေနေ့ပွဲက ကျနော်အတွက် ပိုပြီး အရေးကြီးပါတယ်။ ဒီတော့ ချန်ပီယံလိဂ်ပွဲထက် အသင်း အနိုင်သုံးမှတ်ရဖို့ပဲ အစွမ်းကုန် ကြိုးစားပေးပါမယ် ။

ကျနော်ကတော့ ပွဲတိုင်းမှာ ပါဝင်ကစားချင်ပြီး ဘောလုံးကစားရတာကို ပျော်နေတတ်သူပါ။ ဆီမီးဖိုင်နယ်ကို ပါဝင်ကစားချင်တယ်။ ဒါက ကလပ်အသင်းအတွက်ကော၊ ကျနော်အတွက်ပါ ပထမဆုံးပါပဲ။ ပျော်ခဲ့သလိုပဲ ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ရပေမယ့် အခြားသော အသင်းဖော်တွေနဲ့အတူ မယုံနိုင်လောက်တဲ့ ကွင်းကနေ အသင်းကစားတာကို စောင့်ကြည့်နေပါမယ်။ ကျနော်တို့ ပျော်ရွှင်ရမယ်လို့တော့ ယူဆရပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်တယ်။

ချန်ပီယံလိဂ်ပွဲကို လွဲတာက အကောင်းဘက်က ကြည့်မယ်ဆိုရင် ကလပ်နဲ့ နိုင်ငံအတွက် ပွဲ ၅၀ လောက် တောက်လျှောက် ကစားထားတဲ့ ဆွန်အတွက် အနားကောင်းကောင်းရဖို့ ဖြစ်လာပါမယ်။ ဆွန်ကတော့ သူဟာ ပင်ပန်းနေတယ်လို့ မခံစားရကြောင်း ပြောပါတယ်။

ဆွန်ကပဲ ” ကျနော် အဆက်ပြေပါတယ်။ ကျနော် ပျော်နေတယ်။ အကောင်းမြင်မှုတွေနဲ့ စွမ်းအင်တွေရဖို့ ကြိုးစားနေတယ်။ အကယ်လို့ ကျနော် ပင်ပန်းနေတယ်ပြောရင် အခြားကစားသမားတွေလည်း ကျနော်လို မြင်လာလိမ့်မယ်။ ဒါကြောင့် ပင်ပန်းနေရင်တောင် အသင်းဖော်တွေအတွက် ပငန်ပန်းတယ်လို့ ပြောမှာ မဟုတ်ပဲ အကောင်းမြင်အောင် ကြိုးစားမှာပါ။

ပွဲတွေ အများကြီး ကစားဖို့ မကျန်တော့ပါဘူး။ ကျနော် ခံစားမှုတွေကောင်းနေပါတယ်။ အရေးပါဆုံးပွဲတွေ ရောက်လာနေပါပြီ။ ဒါက ကျနော်တို့အတွက် စိန်ခေါ်မှုကြီးဖြစ်ပြီး လန်းဆန်းစွာနဲ့ ကစားဖို့ အာရုံစိုကနေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

Sports Home Time