[Zawgyi] စေနေန႔မွာ ယွဥ္ျပိဳင္ကစားသြားတဲ့ ခ်ယ္ဆီးနဲ႔ မန္စီးတီးနဲ႔ပြဲမွာ ကြင္းလယ္လူ ေဆးဗား ဒဏ္ရာရသြားခဲ့ပါတယ္။ ဒီကေန႔ ခ်န္ပီယံလိဂ္ပြဲၾကိဳမွာ ဂြာဒီယိုလာကပဲ စပိန္ကြင္းလယ္လူကို တံေကာကေ္ၾကာဒဏ္ရာေၾကာင့္ သီတင္းပတ္အနည္းငယ္ လက္လြတ္ရေတာ့မွာျဖစ္ေၾကာင္း ထုတ္ေဖာ္ဝန္ခံလိုက္ပါတယ္။
ေဆးဗာက သူ႔ရဲ႕ညာေျခမွာ ဒဏ္ရာရခဲ့ဟန္ရွိျပီး ဒုတိယပိုင္း 68 မိနစ္မွာ အသင္းေဖာ္ ေဂၚဒိုဂန္နဲ႔ လူစားလဲခဲ့ရတာပါ။ ဒါ့အျပင္ ေဟာ့ဖန္ဟိမ္းအသင္းနဲ႔ ယွဥ္ျပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲမွာလည္း ပါဝင္လာႏိုင္မွာ မဟုတ္ေတာ့ပါဘူး။ အျခားေသာ သတင္းေတြမွာေတာ့ ေဆးဗားဟာ ဒဏ္ရာေၾကာင့္ အနည္းဆံုး သံုးပတ္ထိ အနားယူရမယ္လို႔ ပါရွိေနပါတယ္။
ဂြာဒီယိုလာက ” ေဒးဗစ္ေဆးဗား မကစားႏုိင္ပါဘူး။ ဒီဘရိုင္း မကစားႏိုင္ဘူး။ ဒန္နီလို မကစားႏိုင္ေသးဘူး။ အဂြယ္ရိုက အသင့္မျဖစ္ေသးပါဘူး။ က်ေနာ္မွာ ေရြးခ်ယ္စရာ အသင္းသား 15 ဦးပဲရွိပါတယ္။ ဒါေၾကာင့္ အလွည့္က်စနစ္လည္း မလုပ္ႏိုင္ပါဘူး။ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္ကို တက္သြားျပီဆိုေပမယ့္ အုပ္စုတြင္း ပထမရေအာင္လုပ္ဖို႔ ပြဲတိုင္းကို အႏိုင္ရဖို႔ ၾကိဳးစားဖို႔ကလည္း အေရးၾကီးပါတယ္ ” လို႔ ဆိုပါတယ္။
မန္စီးတီးအတြက္ သတင္းေကာင္းကေတာ့ ေဆးဗားဟာ ခရစ္စမတ္ပြဲၾကပ္ကာလကို လြဲေခ်ာ္မွာျဖစ္ေပမယ့္ ၾကြက္သားဒဏ္ရာရေနတဲ့ တုိက္စစ္မွဴး အဂြယ္ရိုကေတာ့ အဲဗာတန္နဲ႔ပြဲမွာ ျပန္လည္ပါဝင္လာဖို႔ရွိပါတယ္။ ” သီတင္းပတ္အကုန္မွာ ကစားရမယ့္ပြဲမွာ အဂြယ္ရို ျပန္ပါလာႏိုင္တယ္ ” လို႔ အရြယ္ရိုက အတည္ျပဳခဲ့တာျဖစ္တယ္။
ေဆးဗား ဒဏ္ရာရလိုက္လို႔ မေန႔ကပဲ သက္တမ္းတိုးစာခ်ဳပ္မွာ လက္မွတ္ထိုးထားတဲ့ ဖိုဒန္ကို ပြဲထြက္ခြင့္ေတြေပးဖို႔ အခြင့္အေရး ရလာမွာပါ။ အဂၤလန္လူငယ္ေလးဟာ မနက္ျဖန္မွာ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲမွာေတာင္ ပါဝင္လာႏုိင္ပါတယ္။ မႏွစ္က ဆန္ခ်ိဳထြက္ခြာသြားမႈေနာက္မွာ ကလပ္အသင္းဘက္က ေနာက္ထပ္ ၾကယ္ပြင့္ျဖစ္တဲ့ ဖိုဒန္ကို ဆက္ထိန္းေပးႏုိင္တာအတြက္ ဂြာဒီယိုလာက ေက်နပ္ေနပါတယ္။
” ဖိုဒန္အတြက္ ဝမ္းသာ၊ ေပ်ာ္ရႊင္ရပါတယ္။ ေဂ်ာ္ဒန္ဆန္ခ်ိဳနဲ႔ ဘရာဟမ္ ဒီရက္စ္တို႔ကိုလည္း ဆက္ထိန္းလိုခဲ့ေပမယ့္ ဖိုဒန္ကေတာ့ က်ေနာ္တို႔နဲ႔ ဆက္ရွိေနပါမယ္။ ေနာက္ထပ္ 6 ႏွစ္ေလာက္ က်ေနာ္တုိ႔နဲ႔ ဆက္ရွိေနျပီး ဆက္ၾကိဳးစားရမွာပါ။ သူက တကယ္ကို ဖိုက္တာျဖစ္ျပီး အသင္းပရိသတ္ေတြလည္းျဖစ္လို႔ ဒီသေဘာတူညီမႈက သိပ္ေကာင္းပါတယ္ ” လို႔ ဂြာဒီယိုလာက ေျပာပါတယ္။
မန္စီးတီးဟာ အသက္ 19 ႏွစ္အရြယ္ ကစားသမားေလး ဘရာဟမ္ ဒီရက္စ္ကိုလည္း အသင္းမွာ ဆက္ရွိေနဖို႔ ၾကိဳးစားေနဆဲပါ။ ဒါေပမယ့္လို႔ စပိန္ကစားသမားက ရာသီကုန္မွာ ရီးရဲမက္ဒရစ္ကို ေျပာင္းေရႊ႔ဖို႔ သေဘာတူညီမႈ ရျပီးခဲ့ျပီလို႔ သတင္းေတြထြက္ေနတာျဖစ္ပါတယ္။
Sports Home Time

[Unicode] စနေနေ့မှာ ယှဉ်ပြိုင်ကစားသွားတဲ့ ချယ်ဆီးနဲ့ မန်စီးတီးနဲ့ပွဲမှာ ကွင်းလယ်လူ ဆေးဗား ဒဏ်ရာရသွားခဲ့ပါတယ်။ ဒီကနေ့ ချန်ပီယံလိဂ်ပွဲကြိုမှာ ဂွာဒီယိုလာကပဲ စပိန်ကွင်းလယ်လူကို တံကောကေ်ကြာဒဏ်ရာကြောင့် သီတင်းပတ်အနည်းငယ် လက်လွတ်ရတော့မှာဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။
ဆေးဗာက သူ့ရဲ့ညာခြေမှာ ဒဏ်ရာရခဲ့ဟန်ရှိပြီး ဒုတိယပိုင်း 68 မိနစ်မှာ အသင်းဖော် ဂေါ်ဒိုဂန်နဲ့ လူစားလဲခဲ့ရတာပါ။ ဒါ့အပြင် ဟော့ဖန်ဟိမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာလည်း ပါဝင်လာနိုင်မှာ မဟုတ်တော့ပါဘူး။ အခြားသော သတင်းတွေမှာတော့ ဆေးဗားဟာ ဒဏ်ရာကြောင့် အနည်းဆုံး သုံးပတ်ထိ အနားယူရမယ်လို့ ပါရှိနေပါတယ်။
ဂွာဒီယိုလာက ” ဒေးဗစ်ဆေးဗား မကစားနိုင်ပါဘူး။ ဒီဘရိုင်း မကစားနိုင်ဘူး။ ဒန်နီလို မကစားနိုင်သေးဘူး။ အဂွယ်ရိုက အသင့်မဖြစ်သေးပါဘူး။ ကျနော်မှာ ရွေးချယ်စရာ အသင်းသား 15 ဦးပဲရှိပါတယ်။ ဒါကြောင့် အလှည့်ကျစနစ်လည်း မလုပ်နိုင်ပါဘူး။ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို တက်သွားပြီဆိုပေမယ့် အုပ်စုတွင်း ပထမရအောင်လုပ်ဖို့ ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားဖို့ကလည်း အရေးကြီးပါတယ် ” လို့ ဆိုပါတယ်။
မန်စီးတီးအတွက် သတင်းကောင်းကတော့ ဆေးဗားဟာ ခရစ်စမတ်ပွဲကြပ်ကာလကို လွဲချော်မှာဖြစ်ပေမယ့် ကြွက်သားဒဏ်ရာရနေတဲ့ တိုက်စစ်မှူး အဂွယ်ရိုကတော့ အဲဗာတန်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာဖို့ရှိပါတယ်။ ” သီတင်းပတ်အကုန်မှာ ကစားရမယ့်ပွဲမှာ အဂွယ်ရို ပြန်ပါလာနိုင်တယ် ” လို့ အရွယ်ရိုက အတည်ပြုခဲ့တာဖြစ်တယ်။
ဆေးဗား ဒဏ်ရာရလိုက်လို့ မနေ့ကပဲ သက်တမ်းတိုးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ဖိုဒန်ကို ပွဲထွက်ခွင့်တွေပေးဖို့ အခွင့်အရေး ရလာမှာပါ။ အင်္ဂလန်လူငယ်လေးဟာ မနက်ဖြန်မှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာတောင် ပါဝင်လာနိုင်ပါတယ်။ မနှစ်က ဆန်ချိုထွက်ခွာသွားမှုနောက်မှာ ကလပ်အသင်းဘက်က နောက်ထပ် ကြယ်ပွင့်ဖြစ်တဲ့ ဖိုဒန်ကို ဆက်ထိန်းပေးနိုင်တာအတွက် ဂွာဒီယိုလာက ကျေနပ်နေပါတယ်။
” ဖိုဒန်အတွက် ဝမ်းသာ၊ ပျော်ရွှင်ရပါတယ်။ ဂျော်ဒန်ဆန်ချိုနဲ့ ဘရာဟမ် ဒီရက်စ်တို့ကိုလည်း ဆက်ထိန်းလိုခဲ့ပေမယ့် ဖိုဒန်ကတော့ ကျနော်တို့နဲ့ ဆက်ရှိနေပါမယ်။ နောက်ထပ် 6 နှစ်လောက် ကျနော်တို့နဲ့ ဆက်ရှိနေပြီး ဆက်ကြိုးစားရမှာပါ။ သူက တကယ်ကို ဖိုက်တာဖြစ်ပြီး အသင်းပရိသတ်တွေလည်းဖြစ်လို့ ဒီသဘောတူညီမှုက သိပ်ကောင်းပါတယ် ” လို့ ဂွာဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ အသက် 19 နှစ်အရွယ် ကစားသမားလေး ဘရာဟမ် ဒီရက်စ်ကိုလည်း အသင်းမှာ ဆက်ရှိနေဖို့ ကြိုးစားနေဆဲပါ။ ဒါပေမယ့်လို့ စပိန်ကစားသမားက ရာသီကုန်မှာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရပြီးခဲ့ပြီလို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။
Sports Home Time
