ေပါ့ဘာရဲ႕ အနာဂတ္နဲ႔ သက္ဆုိင္တဲ့ မန္ယူႏိုက္တက္ရဲ႕ အစီအစဥ္

[Zawgyi] မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာ မန္ေနဂ်ာေမာ္ရင္ညိဳလက္ေအာက္ ပံုမွန္စြမ္းေဆာင္ရည္ရဖို႔နဲ႔ ပြဲထြက္ခြင့္အတြက္ ရုန္းကန္ေနရလို႔ ပရီးမီးယားလိဂ္ကေန ထြက္ခြာမယ္ဆိုတဲ့ သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္လာေနပါတယ္။

မန္ခ်က္စတာအေျခစိုက္ သတင္းေတြက ေဖာ္ျပလာမႈအရ ကလပ္ဘက္ကေတာ့ ေပါ့ဘာကို ဇန္နဝါရီ မွာ ေရာင္းခ်ဖို႔ အစီအစဥ္မရွိပဲ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ကာလအတြင္း ျပင္သစ္သားအတြက္ ကမ္းလွမ္းမႈေတြအားလုံးကို ပယ္ခ်သြားမွာဖို႔ စိတ္ပိုင္းျဖတ္ထားတယ္လို႔ သိလာရပါတယ္။

ေပါ့ဘာကို အသင္းေဟာင္း ဂ်ဴဗင္တပ္ က ျပန္လည္ေခၚယူန႔ိုင္ဖို႔ စိတ္ဝင္စားမႈေတြက ျမင့္တက္လာေနၿပီး စပိန္ကလပ္ ဘာစီလိုနာအသင္းကလဲ သူ႔ကို အခ်ိန္အေတာ္ၾကာ သေဘာက်ေနခဲ့တာ ျဖစ္ပါတယ္။ ဘာစီလိုနာဘက္က ေပါ့ဘာကို တစ္ရာသီလံုး ေစာင့္ၾကည့္ဖို႔ ကင္းေထာက္လြတ္ထားတဲ့ အစီအမံကိုေတာင္ ျပဳလုပ္ထားခဲ့ေပမယ့္ ကတ္တလန္အသင္းရဲ႕ ေငြးေရးေၾကးေရး အေျခအေနေၾကာင့္ အေျပာင္းအေ႐ႊ႕က ဇန္နဝါရီမွာ ျဖစ္ႏိုင္ဖို႔မရွိပါဘူး။

အသက္ 25 ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာ ဟာ 2018-2019 မွာ ခက္ခဲတဲ့ ရာသီကို ရင္ဆိုင္ေနခဲ့ရၿပီး ယူႏိုက္တက္ ရဲ႕ ေနာက္ဆုံးကစားခဲ့တဲ့ အာဆင္နယ္၊ ဖူလ္ဟမ္ အသင္းတို႔နဲ႔ ႔ပြဲစဥ္ေတြမွာ အရန္ခုံမွာသာ ထိုင္ေနခဲ့ရတာျဖစ္ပါတယ္။

ဖူလ္ဟမ္ကို ရင္ဆိုင္ရတဲ့ပြဲမွာ ယူႏိုက္တက္ တို႔ဟာ ယခုရာသီရဲ႕ အေကာင္းဆုံးႏိုင္ပြဲအျဖစ္ အိမ္ကြင္းမွာ 4 ဂိုး 1 ဂိုးနဲ႔ ႏိုင္ခဲ့တာပါ။ ဒီပြဲမွာ ေပါ့ဘာက တမိနစ္ေတာင္ မကစားခဲ့ရပါဘူး။ သူနဲ႔ နည္းျပ ေမာ္ရင္ညိဳ တို႔ ဆက္ဆံေရးဟာလဲ လူသိရွင္ၾကား တင္းမာမႈေတြရွိခဲ့ၿပီး ေပါ့ဘာက အသင္းေဖာ္ေတြကို ဒီအေျခအေနနဲ႔ ေရွ႕ဆက္မသြားႏိုင္ေတာ့ဘူးလို႔ ထုတ္ေျပာထားေၾကာင္း အဂၤလန္မီဒီယာေတြက ေဖာ္ျပခဲ့ျပီးပါျပီ။

ဒါေၾကာင့္ အဆုံးမွာ သူတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္က အသင္းကေန ထြက္ခြာရေတာ့မယ္လို႔ ေျပာဆိုမႈေတြရွိထားခဲ့တယ္။ ဒါေပမယ့္လဲ ယူႏိုက္တက္ဟာ ေပါ့ဘာကို ေရာင္းဖို႔ ျပင္ဆင္ထားျခင္း မရွိတာေၾကာင့္ ဇန္နဝါရီမွာ ထြက္ခြာဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပါပဲ။

အသင္းရဲ႕ ဆိုးဝါးတဲ့ ရာသီအစနဲ႔ပတ္သက္ၿပီး ေမာ္ရင္ညိဳ ကို ယူႏိုက္တက္က သည္းခံ ေစာင့္ဆိုင္းခဲ့ပါတယ္။ ဖူလ္ဟမ္ကို ဂိုးျပတ္အႏိုင္ယူကာ အသင္းရဲ႕စိတ္ဓာတ္ကို ျမႇင့္တင္ႏိုင္ခဲ့ၿပီးတဲ့ေနာက္ ေပၚတူဂီနည္းျပဟာ ခရစ္စမတ္ကာလအတြင္းမွာ ပိုေကာင္းတဲ့ ကစားပုံေတြနဲ႔ ရလဒ္ေကာင္းေတြ ရယူႏိုင္မယ္လို႔ ကလပ္က ေမွ်ာ္လင့္ေနပါလိမ့္မယ္။

ဒီႏွစ္မကုန္ခင္အထိ သရဲနီေတြဟာ ငါးပြဲကစားရဖို႔ ရွိပါတယ္။ ဒီငါးပြဲရဲ႕ ပထမဆုံးအေနနဲ႔ေတာ့ လာမယ့္ဗုဒၶဟူးေန႔မွာ ဗလန္စီယာ အသင္းနဲ႔ ခ်န္ပီယံလိဂ္ ကစားၾကမွာျဖစ္ပါတယ္။ အဲ့ဒီ့ပြဲစဥ္ရဲ႕ ပြဲထြက္ကစားသမား 11 ေယာက္စာရင္းမွာ ေပါ့ဘာကို ျပန္သုံးမယ္လို႔ေတာ့ နည္းျပေမာ္ရင္ညိဳက ေျပာထားပါတယ္။

ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ေလးေနရာ ဝင္ႏိုင္ေအာင္ ရည္႐ြယ္ေနတာေၾကာင့္ နည္းျပက ကမာၻ႔ဖလား ပိုင္ရွင္ ျပင္သစ္သားဆီက ေကာင္းမြန္တဲ့ကစားပုံကို ေမွ်ာ္လင့္ေနတာနဲ႔အတူ ဒုတိယရာသီဝက္မွာ ေပါ့ဘာဟာ ယူႏိုက္တက္ အတြက္ အရမ္းအေရးပါတဲ့ ကစားသမားျဖစ္လာဖို႔ ေမွ်ာ္လင့္ထားပါလိမ့္မယ္။

Sports Home Time

[Unicode] မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ မန်နေဂျာမော်ရင်ညိုလက်အောက် ပုံမှန်စွမ်းဆောင်ရည်ရဖို့နဲ့ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရလို့ ပရီးမီးယားလိဂ်ကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်လာနေပါတယ်။

မန်ချက်စတာအခြေစိုက် သတင်းတွေက ဖော်ပြလာမှုအရ ကလပ်ဘက်ကတော့ ပေါ့ဘာကို ဇန်နဝါရီ မှာ ရောင်းချဖို့ အစီအစဉ်မရှိပဲ ဆောင်းရာသီ အပြောင်းအရွှေ့ကာလအတွင်း ပြင်သစ်သားအတွက် ကမ်းလှမ်းမှုတွေအားလုံးကို ပယ်ချသွားမှာဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ သိလာရပါတယ်။

ပေါ့ဘာကို အသင်းဟောင်း ဂျူဗင်တပ် က ပြန်လည်ခေါ်ယူန့ိုင်ဖို့ စိတ်ဝင်စားမှုတွေက မြင့်တက်လာနေပြီး စပိန်ကလပ် ဘာစီလိုနာအသင်းကလဲ သူ့ကို အချိန်အတော်ကြာ သဘောကျနေခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဘက်က ပေါ့ဘာကို တစ်ရာသီလုံး စောင့်ကြည့်ဖို့ ကင်းထောက်လွတ်ထားတဲ့ အစီအမံကိုတောင် ပြုလုပ်ထားခဲ့ပေမယ့် ကတ်တလန်အသင်းရဲ့ ငွေးရေးကြေးရေး အခြေအနေကြောင့် အပြောင်းအရွှေ့က ဇန်နဝါရီမှာ ဖြစ်နိုင်ဖို့မရှိပါဘူး။

အသက် 25 နှစ်အရွယ် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ ဟာ 2018-2019 မှာ ခက်ခဲတဲ့ ရာသီကို ရင်ဆိုင်နေခဲ့ရပြီး ယူနိုက်တက် ရဲ့ နောက်ဆုံးကစားခဲ့တဲ့ အာဆင်နယ်၊ ဖူလ်ဟမ် အသင်းတို့နဲ့ပွဲစဉ်တွေမှာ အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။

ဖူလ်ဟမ်ကို ရင်ဆိုင်ရတဲ့ပွဲမှာ ယူနိုက်တက် တို့ဟာ ယခုရာသီရဲ့ အကောင်းဆုံးနိုင်ပွဲအဖြစ် အိမ်ကွင်းမှာ 4 ဂိုး 1 ဂိုးနဲ့ နိုင်ခဲ့တာပါ။ ဒီပွဲမှာ ပေါ့ဘာက တမိနစ်တောင် မကစားခဲ့ရပါဘူး။ သူနဲ့ နည်းပြ မော်ရင်ညို တို့ ဆက်ဆံရေးဟာလဲ လူသိရှင်ကြား တင်းမာမှုတွေရှိခဲ့ပြီး ပေါ့ဘာက အသင်းဖော်တွေကို ဒီအခြေအနေနဲ့ ရှေ့ဆက်မသွားနိုင်တော့ဘူးလို့ ထုတ်ပြောထားကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ပြီးပါပြီ။

ဒါကြောင့် အဆုံးမှာ သူတို့နှစ်ယောက်ထဲက တစ်ယောက်က အသင်းကနေ ထွက်ခွာရတော့မယ်လို့ ပြောဆိုမှုတွေရှိထားခဲ့တယ်။ ဒါပေမယ့်လဲ ယူနိုက်တက်ဟာ ပေါ့ဘာကို ရောင်းဖို့ ပြင်ဆင်ထားခြင်း မရှိတာကြောင့် ဇန်နဝါရီမှာ ထွက်ခွာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

အသင်းရဲ့ ဆိုးဝါးတဲ့ ရာသီအစနဲ့ပတ်သက်ပြီး မော်ရင်ညို ကို ယူနိုက်တက်က သည်းခံ စောင့်ဆိုင်းခဲ့ပါတယ်။ ဖူလ်ဟမ်ကို ဂိုးပြတ်အနိုင်ယူကာ အသင်းရဲ့စိတ်ဓာတ်ကို မြှင့်တင်နိုင်ခဲ့ပြီးတဲ့နောက် ပေါ်တူဂီနည်းပြဟာ ခရစ်စမတ်ကာလအတွင်းမှာ ပိုကောင်းတဲ့ ကစားပုံတွေနဲ့ ရလဒ်ကောင်းတွေ ရယူနိုင်မယ်လို့ ကလပ်က မျှော်လင့်နေပါလိမ့်မယ်။

ဒီနှစ်မကုန်ခင်အထိ သရဲနီတွေဟာ ငါးပွဲကစားရဖို့ ရှိပါတယ်။ ဒီငါးပွဲရဲ့ ပထမဆုံးအနေနဲ့တော့ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဗလန်စီယာ အသင်းနဲ့ ချန်ပီယံလိဂ် ကစားကြမှာဖြစ်ပါတယ်။ အဲ့ဒီ့ပွဲစဉ်ရဲ့ ပွဲထွက်ကစားသမား 11 ယောက်စာရင်းမှာ ပေါ့ဘာကို ပြန်သုံးမယ်လို့တော့ နည်းပြမော်ရင်ညိုက ပြောထားပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်လေးနေရာ ဝင်နိုင်အောင် ရည်ရွယ်နေတာကြောင့် နည်းပြက ကမ္ဘာ့ဖလား ပိုင်ရှင် ပြင်သစ်သားဆီက ကောင်းမွန်တဲ့ကစားပုံကို မျှော်လင့်နေတာနဲ့အတူ ဒုတိယရာသီဝက်မှာ ပေါ့ဘာဟာ ယူနိုက်တက် အတွက် အရမ်းအရေးပါတဲ့ ကစားသမားဖြစ်လာဖို့ မျှော်လင့်ထားပါလိမ့်မယ်။

Sports Home Time