ကန္ေတကို ခ်ယ္ဆီးထံ ေခၚယူဖို႔ အၾကံေပးခဲ့သူက ဘယ္သူလဲ

[Zawgyi] လက္စတာစီးတီးကို ေရာက္ရွိၿပီးေနာက္ အခ်ိန္တိုေလးအတြင္းမွာ အန္ဂိုလို ကန္ေတကို စတန္းဖို႔ဒ္ဘရစ္ခ်္ ထံ ေခၚယူဖို႔ သူ အႀကံေပးခဲ့တာ ျဖစ္တယ္လို႔ ခ်ယ္ဆီး ဂႏၲဝင္ ဒီဒီရာ ဒေရာ့ဘာ က ေျပာၾကားလိုက္ပါတယ္။

2016 ေႏြရာသီမွာ ခ်ယ္ဆီးအသင္းဟာ အဆင့္အတန္းျမင့္ ကြင္းလယ္ ကစားသမား ကန္ေတကို လက္စတာစီးတီး အသင္းကေန ေပါင္ 32 သန္း (အေမရိကန္ေဒၚလာ 41 သန္း) နဲ႔ သေဘာတူညီမႈ ရကာ ေခၚယူခဲ့တာျဖစ္ပါတယ္။ ကန္ေတဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္ခဲ့တဲ့ လက္စတာအသင္းမွ စတန္းဖို႔ဒ္ဘရစ္ခ်္ ကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး အေနာက္လန္ဒန္ အသင္းနဲ႔ ပြဲဦးထြက္ ရာသီမွာပဲ ပရီးမီးယားလိဂ္ ဖလားေအာင္ျမင္မႈကို ထပ္မံရရွိခဲ့တာပါ။

အသက္ 27 ႏွစ္အ႐ြယ္ ကစားသမား ဟာ ေႏြတုန္းကပဲ ျပင္သစ္အသင္း နဲ႔ အတူ ကမာၻ႔ဖလား ရရွိခဲ့သူလဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ နည္းျပသစ္ ေမာ္ရီဇီယို ဆာရီ လက္ေအာက္မွာ ေနရာ အနည္းငယ္ေျပာင္းလဲ ျခင္းခံလိုက္ရတာေတာင္ ကန္ေတက ျခေသၤ့ျပာေတြအတြက္ အဓိက စြမ္းေဆာင္သူတစ္ေယာက္အျဖစ္ သတ္မွတ္ျခင္း ခံထားရပါတယ္။

မၾကာေသးခင္ကပဲ ခ်ယ္ဆီးဟာ ကန္ေတကို ကာလရွည္ စာခ်ဳပ္သစ္ တစ္ရပ္ ခ်ဳပ္ဆိုလိုက္တာေၾကာင့္ သူဟာ 2023 အထိ အသင္းမွာ ဆက္ရွိ ေနေတာ့မွာပါ။ ကန္ေတရဲ႕အေျပာင္းအေ႐ႊ႕အတြက္ အႀကံဉာဏ္ေပးတဲ့အခါမွာ သူ တတ္ႏိုင္သမွ် အားလုံး ကူညီခဲ့တယ္လို႔ မၾကာေသးမီကမွ ေဘာလံုးကစားျခင္းမွ အနားယူၾကာင္း ေၾကညာခဲ့တဲ့ အိုင္ဗရီကို႔စ္သား တိုက္စစ္မႉးေဟာင္း ဒေရာ့ဘာက ေျပာပါတယ္။

“သူ႔အတြက္ က်ေနာ္ အရမ္းဂုဏ္ယူပါတယ္။ သူ႔အေနနဲ႔ ခ်ယ္ဆီးကို ေ႐ြးခ်ယ္ခဲ့တာရယ္.. သူ႔ကို ေခၚဖို႔ က်ေနာ္ ေပးတဲ့အႀကံ ကလပ္က နားေထာင္တာ အတြက္ရယ္ က်ေနာ္ဝမ္းသာရပါတယ္။ က်ေနာ္ အမွားမလုပ္ခဲ့တဲ့ အတြက္ ေပ်ာ္ပါတယ္.”

ကန္ေတကိုေခၚဖို႔ ခ်ယ္ဆီးကို သူတိုက္တြန္းခဲ့မႈအေၾကာင္း ေမးျမန္းရာ – “က်ေနာ္တို႔အေနနဲ႔ သူ႔ကို မဆုံးရႈံးသင့္ဘူးလို႔ က်ေနာ္ အသင္းကို ေျပာခဲ့ပါတယ္။ ဘယ္အခ်ိန္မွာလဲ ဆိုေတာ့ သူ လက္စတာမွာ စ ကစားတဲ့အခ်ိန္မွာ ေျပာခဲ့တာပါ.” လို႔ ဒေရာ့ဘာက ေျဖပါတယ္။

ဒေရာ့ဘာက ကစားသမားဘဝမွာ ခ်ယ္ဆီးအသင္းအတြက္ အေရးပါးတဲ့ အခန္းက႑ကေန ကစားခဲ့ၿပီး တရွိန္ထိုး ေအာင္ျမင္ ေက်ာ္ၾကားခဲ့သူ ျဖစ္တယ္ဆိုတာ အားလုံးအသိပါ။ ကန္ေတက 2014 ခုနစ္ Caen ကလပ္နဲ႔ ဒုတိယရာသီက စလို႔ ျပင္သစ္မွာ ေအာင္ျမင္ခဲ့သူ ျဖစ္ပါတယ္။ မၾကာေသးမီးက သူ႔အေနနဲ႔ ေျခရာနင္းႏိုင္ဖို႔ အၿမဲေမွ်ာ္လင့္ေနရတဲ့ သူ ေလးစားအားက်ရသူ တစ္ေယာက္အေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

“ပေရာ္ဖက္ရွင္နယ္ ေဘာလုံးေလာကႀကီးက အေပ်ာ္တမ္း ကစားတဲ့ လူငယ္ေလးေတြရဲ႕ အိမ္မက္ျဖစ္ပါတယ္။ တစ္စုံတစ္ေယာက္ ကို အတုယူရင္းက ႀကိဳးစားခ်င္စိတ္ေတြလဲ ျဖစ္ေစပါတယ္။ က်ေနာ္ဆိုရင္ ဒီဒီရာ ဒေရာ့ဘာ နဲ႔ ျပင္သစ္ေနာက္ခံလူ အဒီလ္ ရာမီတို႔ အေၾကာင္းေတြ ၾကားၿပီး သူတို႔လို ျဖစ္ခ်င္ခဲ့တာပါ။ သူတို႔ဟာ အေပ်ာ္တမ္းဘဝကေန ပေရာ္ဖက္ရွင္နယ္ ျဖစ္လာခဲ့တဲ့သူေတြပါ. က်ေနာ့္ကို မျဖစ္ႏိုင္ဘူးလို႔ ေျပာခဲ့တာေတြ ရွိေပမယ့္ ဒါက ခရီးေဝးႀကီးကို စတင္ေနတယ္ဆိုရင္ေတာင္ သူတို႔ကို ၾကည့္ၿပီး ခြန္အား ျဖစ္ေစပါတယ္.” လို႔ ေျပာပါတယ္။

ကန္ေတေျပာတဲ့ ခရီးေဝးႀကီးကို ဒေရာ့ဘာက ကူညီေပးခဲ့တာနဲ႔အတူ အခုဆိုရင္ သူ႔အိမ္မက္ေတြက အမွန္တကယ္ျဖစ္လာေနၿပီပဲ ျဖစ္ပါတယ္။

Sports Home Time

[Unicode] လက်စတာစီးတီးကို ရောက်ရှိပြီးနောက် အချိန်တိုလေးအတွင်းမှာ အန်ဂိုလို ကန်တေကို စတန်းဖို့ဒ်ဘရစ်ချ် ထံ ခေါ်ယူဖို့ သူ အကြံပေးခဲ့တာ ဖြစ်တယ်လို့ ချယ်ဆီး ဂန္တဝင် ဒီဒီရာ ဒရော့ဘာ က ပြောကြားလိုက်ပါတယ်။

2016 နွေရာသီမှာ ချယ်ဆီးအသင်းဟာ အဆင့်အတန်းမြင့် ကွင်းလယ် ကစားသမား ကန်တေကို လက်စတာစီးတီး အသင်းကနေ ပေါင် 32 သန်း (အမေရိကန်ဒေါ်လာ 41 သန်း) နဲ့ သဘောတူညီမှု ရကာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကန်တေဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ လက်စတာအသင်းမှ စတန်းဖို့ဒ်ဘရစ်ချ် ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အနောက်လန်ဒန် အသင်းနဲ့ ပွဲဦးထွက် ရာသီမှာပဲ ပရီးမီးယားလိဂ် ဖလားအောင်မြင်မှုကို ထပ်မံရရှိခဲ့တာပါ။

အသက် 27 နှစ်အရွယ် ကစားသမား ဟာ နွေတုန်းကပဲ ပြင်သစ်အသင်း နဲ့ အတူ ကမ္ဘာ့ဖလား ရရှိခဲ့သူလဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နည်းပြသစ် မော်ရီဇီယို ဆာရီ လက်အောက်မှာ နေရာ အနည်းငယ်ပြောင်းလဲ ခြင်းခံလိုက်ရတာတောင် ကန်တေက ခြင်္သေ့ပြာတွေအတွက် အဓိက စွမ်းဆောင်သူတစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

မကြာသေးခင်ကပဲ ချယ်ဆီးဟာ ကန်တေကို ကာလရှည် စာချုပ်သစ် တစ်ရပ် ချုပ်ဆိုလိုက်တာကြောင့် သူဟာ 2023 အထိ အသင်းမှာ ဆက်ရှိ နေတော့မှာပါ။ ကန်တေရဲ့အပြောင်းအရွှေ့အတွက် အကြံဉာဏ်ပေးတဲ့အခါမှာ သူ တတ်နိုင်သမျှ အားလုံး ကူညီခဲ့တယ်လို့ မကြာသေးမီကမှ ဘောလုံးကစားခြင်းမှ အနားယူကြာင်း ကြေညာခဲ့တဲ့ အိုင်ဗရီကို့စ်သား တိုက်စစ်မှူးဟောင်း ဒရော့ဘာက ပြောပါတယ်။

“သူ့အတွက် ကျနော် အရမ်းဂုဏ်ယူပါတယ်။ သူ့အနေနဲ့ ချယ်ဆီးကို ရွေးချယ်ခဲ့တာရယ်.. သူ့ကို ခေါ်ဖို့ ကျနော် ပေးတဲ့အကြံ ကလပ်က နားထောင်တာ အတွက်ရယ် ကျနော်ဝမ်းသာရပါတယ်။ ကျနော် အမှားမလုပ်ခဲ့တဲ့ အတွက် ပျော်ပါတယ်.”

ကန်တေကိုခေါ်ဖို့ ချယ်ဆီးကို သူတိုက်တွန်းခဲ့မှုအကြောင်း မေးမြန်းရာ – “ကျနော်တို့အနေနဲ့ သူ့ကို မဆုံးရှုံးသင့်ဘူးလို့ ကျနော် အသင်းကို ပြောခဲ့ပါတယ်။ ဘယ်အချိန်မှာလဲ ဆိုတော့ သူ လက်စတာမှာ စ ကစားတဲ့အချိန်မှာ ပြောခဲ့တာပါ.” လို့ ဒရော့ဘာက ဖြေပါတယ်။

ဒရော့ဘာက ကစားသမားဘဝမှာ ချယ်ဆီးအသင်းအတွက် အရေးပါးတဲ့ အခန်းကဏ္ဍကနေ ကစားခဲ့ပြီး တရှိန်ထိုး အောင်မြင် ကျော်ကြားခဲ့သူ ဖြစ်တယ်ဆိုတာ အားလုံးအသိပါ။ ကန်တေက 2014 ခုနစ် Caen ကလပ်နဲ့ ဒုတိယရာသီက စလို့ ပြင်သစ်မှာ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ မကြာသေးမီးက သူ့အနေနဲ့ ခြေရာနင်းနိုင်ဖို့ အမြဲမျှော်လင့်နေရတဲ့ သူ လေးစားအားကျရသူ တစ်ယောက်အကြောင်း ဖွင့်ဟခဲ့ပါတယ်။

“ပရော်ဖက်ရှင်နယ် ဘောလုံးလောကကြီးက အပျော်တမ်း ကစားတဲ့ လူငယ်လေးတွေရဲ့ အိမ်မက်ဖြစ်ပါတယ်။ တစ်စုံတစ်ယောက် ကို အတုယူရင်းက ကြိုးစားချင်စိတ်တွေလဲ ဖြစ်စေပါတယ်။ ကျနော်ဆိုရင် ဒီဒီရာ ဒရော့ဘာ နဲ့ ပြင်သစ်နောက်ခံလူ အဒီလ် ရာမီတို့ အကြောင်းတွေ ကြားပြီး သူတို့လို ဖြစ်ချင်ခဲ့တာပါ။ သူတို့ဟာ အပျော်တမ်းဘဝကနေ ပရော်ဖက်ရှင်နယ် ဖြစ်လာခဲ့တဲ့သူတွေပါ. ကျနော့်ကို မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာတွေ ရှိပေမယ့် ဒါက ခရီးဝေးကြီးကို စတင်နေတယ်ဆိုရင်တောင် သူတို့ကို ကြည့်ပြီး ခွန်အား ဖြစ်စေပါတယ်.” လို့ ပြောပါတယ်။

ကန်တေပြောတဲ့ ခရီးဝေးကြီးကို ဒရော့ဘာက ကူညီပေးခဲ့တာနဲ့အတူ အခုဆိုရင် သူ့အိမ်မက်တွေက အမှန်တကယ်ဖြစ်လာနေပြီပဲ ဖြစ်ပါတယ်။

Sports Home Time