ေပၚတိုကုိ ၂-၀ နဲ႔ ႏုိင္အျပီး လီဗာပူးပရိသတ္ေတြကို ေတာင္းပန္လုိက္တဲ့ ယာဂင္ကေလာ့ပ္

အန္ဖီးမွာ ယွဥ္ျပိဳင္တဲ့ ခ်န္ပီယံလိဂ္ ပထမအေက်ာ့မွာ လီဗာပူးက ေပၚတိုကို ကိတ္တာ၊ ဖာမင္ႏိုတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ 2-0 နဲ႔ အႏုိင္ရခဲ့တယ္။ ယာဂင္ကေလာ့ပ္ကေတာ့ ႏုိင္ပြဲရေပမယ့္ အမ်ားၾကီး ဆက္လုပ္စရာေတြ ရွိေနပါေသးတယ္လို႔ ဆိုပါတယ္။

လီဗာပူးက ပြဲကို ထိန္းခ်ဳပ္ခဲ့ျပီး အခြင့္အေရး ဖန္တီးမႈေတြ အမ်ားၾကီးရွိခဲ့သလို တိုက္စစ္သမား မာေနး သြင္းဂိုး ရခဲ့ေသးေပမယ့္ လူကၽြံေဘာအျဖစ္ သက္မွတ္ခံရတာပါ။ အေတာ္ေလး ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ျဖစ္ျပီး လီဗာပူးအတြက္ေတာ့ အေကာင္းဆံုး ဂိုးတစ္ဂိုးက အနည္းငယ္ လူကၽြံခဲ့တာလည္း ျဖစ္ႏုိင္ပါတယ္။ တစ္ဘက္မွာ ေပၚတိုကလည္း အခြင့္အေရး အနည္းငယ္ ရခဲ့ေသးေပမယ့္ အယ္လီဆန္ ကာကြယ္ႏုိင္ခဲ့တယ္။

ယာဂင္ကေလာ့ပ္က ” က်ေန္ာတို႔ အႏုိင္ရဖို႔ ရာႏႈန္းျပည့္ ထိုက္တန္ပါတယ္။ ထူးခၽြန္တဲ့ သြင္းဂိုး ႏွစ္ဂိုးလည္း ရယူႏုိင္ခဲ့တယ္။ အားလံုးကို ျခံဳၾကည့္မယ္ဆိုရင္ သိပ္ေကာင္းတဲ့ စြမ္းေဆာင္ရည္ ျဖစ္ခဲ့ပါတယ္။ ႏွစ္ေက်ာ့ကစားရတာက သာမာန္ပြဲလိုပါပဲ။ ပထမပိုင္း ျပီးသြားပါျပီ။ ဒုတိယပိုင္းအတြက္ ျပင္ဆင္ဖုိ႔ 15 မိနစ္က ပံုမွန္ထက္ ပိုၾကာေနတယ္ ဒီေလာက္ပါပဲ။

က်ေနာ္တုိ႔ အမ်ားၾကီး လုပ္စရာေတြ က်န္ပါေသးတယ္။ ဒါကို နားလည္ပါတယ္။ ေပၚတိုမွာ အားေပးမႈ ပံုစံေတြက သိပ္ေကာင္းလို႔ က်ေန္ာတို႔အတြက္ ခက္ခဲမယ္ဆိုတာ သိထားပါတယ္။ ဒါေပမယ့္ ရလဒ္က ပြဲမစခင္တည္းက က်ေန္ာတို႔ လိုခ်င္ေနတဲ့ ရလဒ္ပါ။ အခု အဲ့သည္ရလဒ္ကို က်ေန္ာတို႔ ရခဲ့ပါျပီ။ ဆက္ျပီး အလုပ္လုပ္ဖုိ႔ပဲ က်န္ပါတယ္ ” လို႔ ေျပာပါတယ္။

လီဗာပူးကြင္းလယ္လူ ကိတ္တာဟာ သူ႔ရဲ႕ ပထမဆံုးဂိုးကိုေတာ့ ေသာၾကာေန႔က စိန္႔ကို 3-1 နဲ႔ အႏုိင္ရတဲ့ပြဲမွာ သြင္းယူခဲ့တာပါ။ ခ်န္ပီယံလိဂ္မွာလည္း ပထမဆံုးဂိုးအျဖစ္ ပြဲအစ 5 မိနစ္မွာတင္ သူ႔ရဲ႕ကန္သြင္းမႈ လမ္းေၾကာင္းေျပာင္းမႈကေန ရရွိခဲ့တာျဖစ္တယ္။

” ကိတ္တာ ဆက္ျပီး တိုးတက္လာဖို႔ ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ အရင္ပြဲမွာ သူက ပိုပိုေကာင္းလာျပီး ေနာက္ဆံုးမိနစ္အထိ ဒီလို အေကာင္းဆံုး ကစားေနေစလိုပါတယ္။ ဒီညမွာေတာ့ သူသိပ္ေကာင္းခဲ့ပါတယ္ ” လို႔ ကေလာ့ပ္က ေျပာပါတယ္။

ဆက္ျပီးလည္း ယာဂင္ကေလာ့ပ္က အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ေနရာမွား ကစားေနေစမႈအေပၚ ေတာင္းပန္သြားခဲ့ပါတယ္။ ဟန္ဒါဆန္ဟာ ဒီရာသီ ကြင္းလယ္ကေန တိုက္စစ္ကို ပိုမိုလိုက္ပါရတိုင္း ေျခစြမ္းျပေနျပီး စိန္႔နဲ႔ပြဲအျပင္ ေပၚတိုနဲ႔ပြဲမွာလည္း ေနရာသစ္ကေန သိပ္ေကာင္းခဲ့တာျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္က ေျပာရာမွာ ” အခုေနရာကို သူတကယ္ကို ႏွစ္သက္ပါတယ္။ ဒါေၾကာင့္ တစ္ႏွစ္ခြဲေလာက္ထိ ကြင္းလယ္ခံစစ္မွာ ဆင္းကစားေစတာက က်ေန္ာရဲ႕ အျပစ္ပါ။ အဲ့သည္အတြက္ ေတာင္းပန္ပါတယ္။ ဒါေပမယ့္ သူ႔ကို အဲ့သည္ေနရာေတြမွာ ကစားေပးဖို႔ က်ေန္ာတို႔ လိုပါတယ္။ ဟန္ဒါဆန္က သိပ္ေကာင္းတဲ့ ထူးခၽြန္မႈကို ျပသခဲ့ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

တနဂၤေႏြေန႔မွာေတာ့ လီဗာပူးဟာ ပရီးမီးယားလိဂ္ပြဲအျဖစ္ ခ်ယ္ဆီးကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး အဲ့သည္ေနာက္မွ အေဝးကြင္းပြဲအျဖစ္ ေနာက္အပတ္ထဲမွာ ေပၚတိုအသင္းထံ သြားေရာက္ရမွာျဖစ္ပါတယ္။

Sports Home Time

[Unicode] အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် ပထမအကျော့မှာ လီဗာပူးက ပေါ်တိုကို ကိတ်တာ၊ ဖာမင်နိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ 2-0 နဲ့ အနိုင်ရခဲ့တယ်။ ယာဂင်ကလော့ပ်ကတော့ နိုင်ပွဲရပေမယ့် အများကြီး ဆက်လုပ်စရာတွေ ရှိနေပါသေးတယ်လို့ ဆိုပါတယ်။

လီဗာပူးက ပွဲကို ထိန်းချုပ်ခဲ့ပြီး အခွင့်အရေး ဖန်တီးမှုတွေ အများကြီးရှိခဲ့သလို တိုက်စစ်သမား မာနေး သွင်းဂိုး ရခဲ့သေးပေမယ့် လူကျွံဘောအဖြစ် သက်မှတ်ခံရတာပါ။ အတော်လေး ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး လီဗာပူးအတွက်တော့ အကောင်းဆုံး ဂိုးတစ်ဂိုးက အနည်းငယ် လူကျွံခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ တစ်ဘက်မှာ ပေါ်တိုကလည်း အခွင့်အရေး အနည်းငယ် ရခဲ့သေးပေမယ့် အယ်လီဆန် ကာကွယ်နိုင်ခဲ့တယ်။

ယာဂင်ကလော့ပ်က ” ကျနေ်ာတို့ အနိုင်ရဖို့ ရာနှုန်းပြည့် ထိုက်တန်ပါတယ်။ ထူးချွန်တဲ့ သွင်းဂိုး နှစ်ဂိုးလည်း ရယူနိုင်ခဲ့တယ်။ အားလုံးကို ခြုံကြည့်မယ်ဆိုရင် သိပ်ကောင်းတဲ့ စွမ်းဆောင်ရည် ဖြစ်ခဲ့ပါတယ်။ နှစ်ကျော့ကစားရတာက သာမာန်ပွဲလိုပါပဲ။ ပထမပိုင်း ပြီးသွားပါပြီ။ ဒုတိယပိုင်းအတွက် ပြင်ဆင်ဖို့ 15 မိနစ်က ပုံမှန်ထက် ပိုကြာနေတယ် ဒီလောက်ပါပဲ။

ကျနော်တို့ အများကြီး လုပ်စရာတွေ ကျန်ပါသေးတယ်။ ဒါကို နားလည်ပါတယ်။ ပေါ်တိုမှာ အားပေးမှု ပုံစံတွေက သိပ်ကောင်းလို့ ကျနေ်ာတို့အတွက် ခက်ခဲမယ်ဆိုတာ သိထားပါတယ်။ ဒါပေမယ့် ရလဒ်က ပွဲမစခင်တည်းက ကျနေ်ာတို့ လိုချင်နေတဲ့ ရလဒ်ပါ။ အခု အဲ့သည်ရလဒ်ကို ကျနေ်ာတို့ ရခဲ့ပါပြီ။ ဆက်ပြီး အလုပ်လုပ်ဖို့ပဲ ကျန်ပါတယ် ” လို့ ပြောပါတယ်။

လီဗာပူးကွင်းလယ်လူ ကိတ်တာဟာ သူ့ရဲ့ ပထမဆုံးဂိုးကိုတော့ သောကြာနေ့က စိန့်ကို 3-1 နဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့တာပါ။ ချန်ပီယံလိဂ်မှာလည်း ပထမဆုံးဂိုးအဖြစ် ပွဲအစ 5 မိနစ်မှာတင် သူ့ရဲ့ကန်သွင်းမှု လမ်းကြောင်းပြောင်းမှုကနေ ရရှိခဲ့တာဖြစ်တယ်။

” ကိတ်တာ ဆက်ပြီး တိုးတက်လာဖို့ မျှော်လင့်ပါတယ်။ ဘာလို့လည်းဆိုတော့ အရင်ပွဲမှာ သူက ပိုပိုကောင်းလာပြီး နောက်ဆုံးမိနစ်အထိ ဒီလို အကောင်းဆုံး ကစားနေစေလိုပါတယ်။ ဒီညမှာတော့ သူသိပ်ကောင်းခဲ့ပါတယ် ” လို့ ကလော့ပ်က ပြောပါတယ်။

ဆက်ပြီးလည်း ယာဂင်ကလော့ပ်က အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို နေရာမှား ကစားနေစေမှုအပေါ် တောင်းပန်သွားခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ ဒီရာသီ ကွင်းလယ်ကနေ တိုက်စစ်ကို ပိုမိုလိုက်ပါရတိုင်း ခြေစွမ်းပြနေပြီး စိန့်နဲ့ပွဲအပြင် ပေါ်တိုနဲ့ပွဲမှာလည်း နေရာသစ်ကနေ သိပ်ကောင်းခဲ့တာဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က ပြောရာမှာ ” အခုနေရာကို သူတကယ်ကို နှစ်သက်ပါတယ်။ ဒါကြောင့် တစ်နှစ်ခွဲလောက်ထိ ကွင်းလယ်ခံစစ်မှာ ဆင်းကစားစေတာက ကျနေ်ာရဲ့ အပြစ်ပါ။ အဲ့သည်အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် သူ့ကို အဲ့သည်နေရာတွေမှာ ကစားပေးဖို့ ကျနေ်ာတို့ လိုပါတယ်။ ဟန်ဒါဆန်က သိပ်ကောင်းတဲ့ ထူးချွန်မှုကို ပြသခဲ့ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် ချယ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး အဲ့သည်နောက်မှ အဝေးကွင်းပွဲအဖြစ် နောက်အပတ်ထဲမှာ ပေါ်တိုအသင်းထံ သွားရောက်ရမှာဖြစ်ပါတယ်။

Sports Home Time