[Zawgyi] ခ်ယ္ဆီးခံစစ္သမား ေဒးဗစ္လူး၀စ္ရဲ႕ လက္ရွိ စာခ်ဳပ္က လာမယ့္ေႏြမွာ ကုန္ဆံုးေတာ့မွာ ျဖစ္ျပီး ေနာက္ေဘာလံုးရာသီ ဘယ္မွာ သြားမယ္ ကစားသမားကိုယ္တိုင္ ဆံုးျဖတ္ခ်က္ မခ်ရေသးပါဘူး။ ခ်ယ္ဆီးအသင္းက သက္တမ္းတိုး တစ္နွစ္သာ ကမ္းလွမ္းနုိင္တာျဖစ္ျပီး လူး၀စ္ကေတာ့ ဒိထက္ သက္တမ္းရွည္စာခ်ဳုပ္သစ္ ပိုမို လိုလားေနတာပါ။
အသက္ ၃၁ နွစ္အရြယ္ ဘရာဇီးသားက အသင္းက ကမ္းလွမ္းထားတဲ့ တစ္နွစ္သက္တမ္းတိုး စာခ်ဳပ္နဲ႕ ပတ္သတ္ျပီး ညွိနိႈင္းေနေသးေပမယ့္ သေဘာတူညီမႈ မရေသးပါဘူး။ ခ်ယ္ဆီးအသင္းရဲ႕ ေပၚလစီအရ အသက္ ၃၀ ေက်ာ္တဲ့ ကစားသမားေတြကို တစ္နွစ္ထက္ပိုျပီး စာခ်ဳပ္ခ်ဳပ္ေလ့ မရွိတာေၾကာင့္ ေဆြးေႏြးမႈဟာ အျပီးမသတ္နုိင္ျဖစ္ေနပါတယ္။
“က်ေနာ္ ဒီကလပ္အသင္းကို ခ်စ္တယ္။ ဒီမွာ က်ေနာ္ေနခ်င္မွန္း လူတိုင္း သိပါတယ္။ ကိုယ့္ေရွ႕မွာ (အသက္ ၃၀ ေက်ာ္ ကစားသမား တစ္ေယာက္ကို တစ္နွစ္ထက္ သက္တမ္း ပိုတိုးထားတာ) တျခားနမူနာ တစ္ေယာက္ေယာက္ ရွိရင္ ဒိထက္ ပို ေဆြးေႏြးရ အဆင္ေျပမွာေပါ့.. အခုေတာ့ ပို ခက္ခဲတယ္။ ျပီးေတာ့ သူတို႔မွာလည္း က်ေနာ္ တစ္ေယာက္တည္း ဆံုးျဖတ္ရမွာ မဟုတ္ဘူး။” လို႔ လူး၀စ္က သူ႔ အေျခအေနကို ပြင့္ပြင့္လင္းလင္း ေျပာၾကားသြားပါတယ္။

လူး၀စ္ရဲ႕လက္ရွိစာခ်ဳပ္ကေတာ့ ေနာက္ဆံုး ၆လထဲ ေရာက္ေနျပီ ျဖစ္ပါတယ္။ ကစားသမားဘက္ကေတာ့ ခ်ယ္ဆီးအသင္းကသာ တစ္နွစ္ထက္ ပိုျပီး သူ႔ကို မကမ္းလွမ္းနုိင္ခဲ့ရင္ ဒိထက္ နွစ္ရွည္ေခၚမယ့္ အျခားကလပ္အသင္းကို ေရြးခ်ယ္ဖို႔ စဥ္းစားထားပါတယ္။ တကယ္လို႔သာ ၂၀၁၈ နွစ္ကုန္ထိ ခ်ယ္ဆီးနဲ႕ သေဘာတူညီမႈ မရခဲ့ရင္ လူး၀စ္ဘက္က အျခားအသင္း တစ္သင္းသင္းကို ၾကိဳတင္သေဘာတူညီမႈ ယူထားနုိင္ျပီ ျဖစ္ျပီး ရာသီကုန္ရင္ အသင္းကေန ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ထြက္္္ခြာနုိင္မွာပါ။
လူး၀စ္က ျပီးခဲ့တဲ့ အပတ္ မန္စီးတီးကို အနိုင္ယူခဲ့တဲ့ပြဲမွာ ဒုတိယအနုိင္ဂိုး သြင္းယူေပးခဲ့ပါတယ္။ အသက္ ၃၀ ေက်ာ္ျပီဆိုေပမယ့္ လူး၀စ္က ခ်ယ္ဆီးခံစစ္မွာ ေက်ာက္ေဆာင္တစ္ခုလို ၾကံ႕ၾကံ႕ခံ ကစားနိုင္ေနဆဲ့ပါ။
Sports Home Time
[Unicode] ချယ်ဆီးခံစစ်သမား ဒေးဗစ်လူးဝစ်ရဲ့ လက်ရှိ စာချုပ်က လာမယ့်နွေမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး နောက်ဘောလုံးရာသီ ဘယ်မှာသွားမယ် ကစားသမားကိုယ်တိုင် ဆုံးဖြတ်ချက် မချရသေးပါဘူး။ ချယ်ဆီးအသင်းက သက်တမ်းတိုး တစ်နှစ်သာ ကမ်းလှမ်းနိုင်တာဖြစ်ပြီး လူးဝစ်ကတော့ ဒိထက် သက်တမ်းရှည်စာချုုပ်သစ် ပိုမို လိုလားနေတာပါ။
အသက် ၃၁ နှစ်အရွယ် ဘရာဇီးသားက အသင်းက ကမ်းလှမ်းထားတဲ့ တစ်နှစ်သက်တမ်းတိုး စာချုပ်နဲ့ ပတ်သတ်ပြီး ညှိနှိုင်းနေသေးပေမယ့် သဘောတူညီမှု မရသေးပါဘူး။ ချယ်ဆီးအသင်းရဲ့ ပေါ်လစီအရ အသက် ၃၀ ကျော်တဲ့ ကစားသမားတွေကို တစ်နှစ်ထက်ပိုပြီး စာချုပ်ချုပ်လေ့ မရှိတာကြောင့် ဆွေးနွေးမှုဟာ အပြီးမသတ်နိုင်ဖြစ်နေပါတယ်။
“ကျနော် ဒီကလပ်အသင်းကို ချစ်တယ်။ ဒီမှာ ကျနော်နေချင်မှန်း လူတိုင်း သိပါတယ်။ ကိုယ့်ရှေ့မှာ (အသက် ၃၀ ကျော် ကစားသမား တစ်ယောက်ကို တစ်နှစ်ထက် သက်တမ်း ပိုတိုးထားတာ) တခြားနမူနာ တစ်ယောက်ယောက် ရှိရင် ဒိထက် ပို ဆွေးနွေးရ အဆင်ပြေမှာပေါ့.. အခုတော့ ပို ခက်ခဲတယ်။ ပြီးတော့ သူတို့မှာလည်း ကျနော် တစ်ယောက်တည်း ဆုံးဖြတ်ရမှာ မဟုတ်ဘူး။” လို့ လူးဝစ်က သူ့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောကြားသွားပါတယ်။
လူးဝစ်ရဲ့လက်ရှိစာချုပ်ကတော့ နောက်ဆုံး ၆လထဲ ရောက်နေပြီ ဖြစ်ပါတယ်။ ကစားသမားဘက်ကတော့ ချယ်ဆီးအသင်းကသာ တစ်နှစ်ထက် ပိုပြီး သူ့ကို မကမ်းလှမ်းနိုင်ခဲ့ရင် ဒိထက် နှစ်ရှည်ခေါ်မယ့် အခြားကလပ်အသင်းကို ရွေးချယ်ဖို့ စဉ်းစားထားပါတယ်။ တကယ်လို့သာ ၂၀၁၈ နှစ်ကုန်ထိ ချယ်ဆီးနဲ့ သဘောတူညီမှု မရခဲ့ရင် လူးဝစ်ဘက်က အခြားအသင်း တစ်သင်းသင်းကို ကြိုတင်သဘောတူညီမှု ယူထားနိုင်ပြီ ဖြစ်ပြီး ရာသီကုန်ရင် အသင်းကနေ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာနိုင်မှာပါ။
လူးဝစ်က ပြီးခဲ့တဲ့ အပတ် မန်စီးတီးကို အနိုင်ယူခဲ့တဲ့ပွဲမှာ ဒုတိယအနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အသက် ၃၀ ကျော်ပြီဆိုပေမယ့် လူးဝစ်က ချယ်ဆီးခံစစ်မှာ ကျောက်ဆောင်တစ်ခုလို ကြံ့ကြံ့ခံ ကစားနိုင်နေဆဲ့ပါ။
Sports Home Time
