ယူႏုိက္တက္ ေႏြရာသီ အဝယ္စာရင္း ျပဳစုမႈထဲ ပါဝင္လာတဲ့ ထိပ္တန္း ကြင္းလယ္လူ ႏွစ္ဦး

ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားဟာ ကြင္းလယ္လူ ဟာရဲရာရဲ႕ ေနရာမွာ အစားထိုးဖို႔ကို ကစားသမားသစ္ ရွာေဖြရင္းက လူငယ္ကြင္းလယ္လူ ႏွစ္ဦးကို မ်က္စိက်လာခဲ့ပါတယ္။ တစ္ဦးက အက္သလက္တီကို မက္ဒရစ္အသင္းမွ ေဆာျဖစ္ျပီး ေနာက္တစ္ဦးကေတာ့ လက္စတာအသင္းမွ တိုင္လီမန္းစ္ ျဖစ္ပါတယ္။

ရာသီအကုန္မွာ ဇြန္လမွာ စာခ်ဳပ္ကုန္ဆံုးျပီ ျဖစ္ေပမယ့္ မန္ခ်က္စတာယူနိုက္တက္ဟာ ကြင္းလယ္ကစားသမား ဟာရဲရားနဲ႕ ယခုခ်ိန္ထိ သက္တမ္းတိုး စာခ်ဳပ္ကိစၥ ညွိနိႈင္းမႈ ေျပလည္ျခင္း မရွိေသးဘဲ ၾကံ႕ၾကာေနပါတယ္။ ယူနိုက္တက္ရဲ႕ ေနွာင့္ေနွးမႈကို အခြင့္ေကာင္းယူဖို႔ ပီအက္စ္ဂ်ီကလည္း အသင့္ေစာင့္ေနျပီး ဟာရဲရားကို ေခၚယူရန္ စီစဥ္ေနတာပါ။

သတင္းမ်ားအရ ဟာရဲရားက တစ္ပတ္လစာ ေပါင္ ၂ သိန္း ေတာင္းဆိုထားျပီး ယူနိုက္တက္ဘက္ကေတာ့ ၁သိန္း ၇ ေသာင္းနဲ႕ ထပ္ေဆာင္း ေဘာနပ္စ္ ထည့္ေပးတာကလြဲလို ထပ္တိုး မေပးလိုပါဘူး။ ပီအက္စ္ဂ်ီအသင္းဘက္မွာလည္း ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈ ရဖို႔ ပစ္မွတ္ထား ေနတာေၾကာင့္ ကစားသမား အင္အားျဖည့္တင္းမႈမ်ား အခုတည္းက ၾကိဳတင္ ျပင္ဆင္ေနျပီ ျဖစ္ပါတယ္။

ယူႏုိက္တက္ကေတာ့ ဟာရဲရာေနရာမွာ ထိပ္တန္းကစားသမားတစ္ဦးနဲ႔ တိုက္ရိုက္အစားထိုးဖို႔ရာ ေဆာကို စိတ္ဝင္စားလာတာျဖစ္ျပီး စပိန္သား ကြင္းလယ္လူကို မန္ခ်က္စတာျပိဳင္ဘက္ မန္စီးတီးကလည္း စိတ္ဝင္စားေနပါတယ္။ ယူႏုိက္တက္ရဲ႕ အဝယ္စာရင္းထဲ ပါဝင္ေပမယ့္ စကာတင္စစ္ထုတ္မႈကိုေတာ့ ရာသီကုန္မွ ျပဳလုပ္မယ္လို႔ ခန္႔မွန္းရတယ္။

ဇန္နဝါရီ အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္မွာ လက္စတာကို အငွားလာေရာက္ကစားဖို႔ သေဘာတူခဲ့တဲ့ ဘယ္ဂ်ီယံ ကြင္းလယ္လူ တိုင္လီမန္းစ္ဟာ ေျမေခြးအသင္းထံ အျပီးသတ္စာခ်ဳပ္ျဖင့္ ေျပာင္းေရႊဖို႔ သတင္းထြက္မႈလည္း ရွိထားတယ္။ ယူႏုိက္တက္ျဖစ္ျဖစ္၊ လက္စတာျဖစ္ျဖစ္ သူ႔ကို ေခၚယူဖို႔ ၾကိဳးစားတဲ့ အသင္းေတြဟာ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၄၀ ထိ ေပးရမွာျဖစ္တယ္။

ယူႏုိက္တက္ရဲ႕ ခ်ိန္ရြယ္မႈမွာေတာ့ ေပၚတူဂီသား ကြင္းလယ္လူေတြလည္း ပါဝင္ေနဆဲျဖစ္ျပီး ေႏြမွာေတာ့ ညာေတာင္ပံေနရာအတြက္ ဆန္ခ်ိဳကို ဦးစားေပးေခၚယူကာ ကြင္းလယ္နဲ႔ ခံစစ္ပိုင္းေတြအတြက္ေတာ့ အေသးစိတ္ ေစာင့္ၾကည့္မႈေတြ ထပ္လုပ္ဦးမယ္လို႔ နားလည္ရပါတယ္။

Sports Home Time

[Unicode] ယူနိုက်တက်မန်နေဂျာ ဆိုးရှားဟာ ကွင်းလယ်လူ ဟာရဲရာရဲ့ နေရာမှာ အစားထိုးဖို့ကို ကစားသမားသစ် ရှာဖွေရင်းက လူငယ်ကွင်းလယ်လူ နှစ်ဦးကို မျက်စိကျလာခဲ့ပါတယ်။ တစ်ဦးက အက်သလက်တီကို မက်ဒရစ်အသင်းမှ ဆောဖြစ်ပြီး နောက်တစ်ဦးကတော့ လက်စတာအသင်းမှ တိုင်လီမန်းစ် ဖြစ်ပါတယ်။

ရာသီအကုန်မှာ ဇွန်လမှာ စာချုပ်ကုန်ဆုံးပြီ ဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ်ကစားသမား ဟာရဲရားနဲ့ ယခုချိန်ထိ သက်တမ်းတိုး စာချုပ်ကိစ္စ ညှိနှိုင်းမှု ပြေလည်ခြင်း မရှိသေးဘဲ ကြံ့ကြာနေပါတယ်။ ယူနိုက်တက်ရဲ့ နှောင့်နှေးမှုကို အခွင့်ကောင်းယူဖို့ ပီအက်စ်ဂျီကလည်း အသင့်စောင့်နေပြီး ဟာရဲရားကို ခေါ်ယူရန် စီစဉ်နေတာပါ။

သတင်းများအရ ဟာရဲရားက တစ်ပတ်လစာ ပေါင် ၂ သိန်း တောင်းဆိုထားပြီး ယူနိုက်တက်ဘက်ကတော့ ၁သိန်း ၇ သောင်းနဲ့ ထပ်ဆောင်း ဘောနပ်စ် ထည့်ပေးတာကလွဲလို ထပ်တိုး မပေးလိုပါဘူး။ ပီအက်စ်ဂျီအသင်းဘက်မှာလည်း ချန်ပီယံလိဂ် အောင်မြင်မှု ရဖို့ ပစ်မှတ်ထား နေတာကြောင့် ကစားသမား အင်အားဖြည့်တင်းမှုများ အခုတည်းက ကြိုတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ ဟာရဲရာနေရာမှာ ထိပ်တန်းကစားသမားတစ်ဦးနဲ့ တိုက်ရိုက်အစားထိုးဖို့ရာ ဆောကို စိတ်ဝင်စားလာတာဖြစ်ပြီး စပိန်သား ကွင်းလယ်လူကို မန်ချက်စတာပြိုင်ဘက် မန်စီးတီးကလည်း စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက်ရဲ့ အဝယ်စာရင်းထဲ ပါဝင်ပေမယ့် စကာတင်စစ်ထုတ်မှုကိုတော့ ရာသီကုန်မှ ပြုလုပ်မယ်လို့ ခန့်မှန်းရတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လက်စတာကို အငှားလာရောက်ကစားဖို့ သဘောတူခဲ့တဲ့ ဘယ်ဂျီယံ ကွင်းလယ်လူ တိုင်လီမန်းစ်ဟာ မြေခွေးအသင်းထံ အပြီးသတ်စာချုပ်ဖြင့် ပြောင်းရွှေဖို့ သတင်းထွက်မှုလည်း ရှိထားတယ်။ ယူနိုက်တက်ဖြစ်ဖြစ်၊ လက်စတာဖြစ်ဖြစ် သူ့ကို ခေါ်ယူဖို့ ကြိုးစားတဲ့ အသင်းတွေဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ထိ ပေးရမှာဖြစ်တယ်။

ယူနိုက်တက်ရဲ့ ချိန်ရွယ်မှုမှာတော့ ပေါ်တူဂီသား ကွင်းလယ်လူတွေလည်း ပါဝင်နေဆဲဖြစ်ပြီး နွေမှာတော့ ညာတောင်ပံနေရာအတွက် ဆန်ချိုကို ဦးစားပေးခေါ်ယူကာ ကွင်းလယ်နဲ့ ခံစစ်ပိုင်းတွေအတွက်တော့ အသေးစိတ် စောင့်ကြည့်မှုတွေ ထပ်လုပ်ဦးမယ်လို့ နားလည်ရပါတယ်။

Sports Home Time