[Zawgyi] ခ်ယ္ဆီးမွာ ဆာရီကို လူေတြဘာေၾကာင့္ အထင္မွားခဲ့ၾကတယ္ဆိုတာနဲ႔ ဆာရီအတြက္ ဘာေၾကာင့္ ကံမေကာင္းျဖစ္ခဲ့လဲဆိုတာကို ဖရန႔္လမ္းပတ္က ရွင္းျပလာပါတယ္။ လမ္းပတ္နဲ႔ ဆာရီဟာ အလုပ္တူတူ မလုပ္ဖူးပါဘူး ဒါေပမယ့္ ဒီရာသီအေစာပိုင္းက ခါရာေဘာင္းဖလားမွာ လမ္းပတ္ရဲ႕ ဒါဘီကန္းထရီး နဲ႔ ခ်ယ္ဆီးတို႔ ထိပ္တိုက္ေတြ႔ခဲ့ၾကပါတယ္။
ဆာရီရဲ႕ ခ်ယ္ဆီးနည္းျပ ဘဝမွာ အေကာင္းအဆိုး ဒြန္တြဲေနတာပါ။ ရာသီအစတုန္းကေတာ့ သူဟာ ၁၈ ပြဲဆက္ ရႈံးပြဲမရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ရလဒ္ေတြဟာ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ပရိသတ္ေတြကလဲ ဆာရီရဲ႕ နည္းစနစ္အေပၚ ေဝဖန္မႈေတြ မ်ားလာခဲ့ပါတယ္။ ဆာရီေဘာဆိုတာ ဆာရီ ထြင္ထားတဲ့စကား မဟုတ္ပါဘူး။ နာပိုလီမွာတုန္းက စီးရီးေအဖလား ရလုနီးပါးျဖစ္ေစခဲ့တဲ့ သူ႔ရဲ႕ ေဘာလုံးစတိုင္ကို အေျချပဳၿပီး ေခၚတာျဖစ္ပါတယ္။
သူ႔အေပၚ ေဝဖန္မႈေတြ ရွိေနေပမယ့္လဲ လမ္းပတ္က ကိုယ္ကိုင္ နည္းစနစ္အေပၚ စြဲၿမဲတဲ့ယုံၾကည္ခ်က္အတြက္ ဆာရီကို ေလးစားေၾကာင္း ေျပာဆိုခဲ့ပါတယ္။
“စိတ္ကူးတစ္ခု ဒါမွမဟုတ္ နည္းစနစ္တစ္ခုမွာ ယုံၾကည္မႈ ရွိတဲ့ နည္းျပေတြကို က်ေနာ္ေလးစားတယ္။ က်ေနာ္ ဆာရီနဲ႔ တြဲမလုပ္ဖူးဘူး။ ဒါေပမယ့္ သူ႔နာပိုလီအသင္းက အရမ္းေကာင္းေကာင္းႀကီးေတာ့ ကစားခဲ့တာကို က်ေနာ္ျမင္ခဲ့ရတယ္။
ဆာရီ ကံမေကာင္းခဲ့ဘူးလို႔ က်ေနာ္ထင္တယ္။ လူတိုင္းက သူ႔ရဲ႕ နည္းစနစ္ ဆာရီေဘာကို ေျပာၾကတယ္။ ဒါေပမယ့္ သူက အဲ့ဒါကို အျမတ္ထုတ္တာ ဒါမွမဟုတ္ သူ႔ကိုယ္ပိုင္လုပ္တယ္လို႔ က်ေနာ္မၾကားဖူးခဲ့ဘူးဆိုတာ ေသခ်ာပါတယ္။ သူက ပြဲေတြအႏိုင္ရဖို႔ပဲ ႀကိဳးစားေနတာပါ။ သူကစားခ်င္တဲ့ နည္းအတိုင္း ကစားလိုတဲ့ ကစားသမားေတြကို သူေခၚခဲ့တယ္။ လူတိုင္းက ဒီအခ်က္အေပၚ နည္းနည္း သတိျပဳလာပါတယ္။
သူဟာ အရမ္းေတာ္တဲ့ နည္းျပတစ္ေယာက္ပါ။ က်ေနာ့္စတိုင္နဲ႔ ယွဥ္ရင္ေတာ့ ဟုတ္ကဲ့။ က်ေနာ့္မွာရွိတဲ့ ကစားသမားေတြနဲ႔ က်ေနာ္ဘာလုပ္ႏိုင္တယ္ဆိုတာ ၾကည့္တယ္။ ကိုယ္တတ္ႏိုင္သေလာက္ အေကာင္းဆုံး ႀကိဳးစားၾကတာပါပဲ။ ခါရာေဘာင္းဖလားမွာ ခ်ယ္ဆီးနဲ႔ကစားခဲ့တုန္းက ပြဲၿပီးေတာ့ ဆာရီ က်ေနာ့္ကို စကားေျပာခဲ့ပါတယ္။ က်ေနာ္တို႔နဲ႔ ပတ္သက္ၿပီး သူက အေတာ္ ခ်ီးမြမ္းခဲ့တယ္။
ဒါေပမယ့္ သူက ၿပီးခဲ့တဲ့ အပတ္ေတြမွာ က်ေနာ္တို႔ကစားခဲ့တဲ့ ပြဲေတြအားလုံး အေၾကာင္းကို ေျပာေနခဲ့တာပါ။ သူက ခ်ယ္ဆီး ဘယ္လိုကစားေနတယ္ဆိုတာ ၾကည့္႐ုံတင္မက ၿပိဳင္ဘက္ေတြ ဘယ္လိုကစားလဲဆိုတာပါ ၾကည့္တယ္။ ၿပီးေတာ့ ခ်ယ္ဆီးအတြက္ ရလဒ္ေကာင္းေတြ ရယူဖို႔ ႀကိဳးစားပါတယ္။ က်ေနာ္ သူ႔ကို ေလးစားတယ္။ သူ႔ကို ေကာင္းေကာင္းေတာ့မသိဘူး။ ဒါေပမယ့္ ေလးစားမႈ ရွိပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။
ကားဒစ္ကို အျငင္းပြားဖြယ္ အေနအထားနဲ႔ အႏုိင္ရမႈမွာေတာ့ ခ်ယ္ဆီးပရိသတ္ေတြက အီတလီမန္ေနဂ်ာၾကီးကို ျပင္းျပင္းထန္ထန္ ေဝဖန္ၾကျပီး ရာထူးက ထုတ္ပယ္ဖို႔ပါ ဖိအား ေပးခဲ့ၾကပါတယ္။
Sports Home Time
[Unicode] ချယ်ဆီးမှာ ဆာရီကို လူတွေဘာကြောင့် အထင်မှားခဲ့ကြတယ်ဆိုတာနဲ့ ဆာရီအတွက် ဘာကြောင့် ကံမကောင်းဖြစ်ခဲ့လဲဆိုတာကို ဖရန့်လမ်းပတ်က ရှင်းပြလာပါတယ်။ လမ်းပတ်နဲ့ ဆာရီဟာ အလုပ်တူတူ မလုပ်ဖူးပါဘူး ဒါပေမယ့် ဒီရာသီအစောပိုင်းက ခါရာဘောင်းဖလားမှာ လမ်းပတ်ရဲ့ ဒါဘီကန်းထရီး နဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ဆာရီရဲ့ ချယ်ဆီးနည်းပြ ဘဝမှာ အကောင်းအဆိုး ဒွန်တွဲနေတာပါ။ ရာသီအစတုန်းကတော့ သူဟာ ၁၈ ပွဲဆက် ရှုံးပွဲမရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေဟာ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ပရိသတ်တွေကလဲ ဆာရီရဲ့ နည်းစနစ်အပေါ် ဝေဖန်မှုတွေ များလာခဲ့ပါတယ်။ ဆာရီဘောဆိုတာ ဆာရီ ထွင်ထားတဲ့စကား မဟုတ်ပါဘူး။ နာပိုလီမှာတုန်းက စီးရီးအေဖလား ရလုနီးပါးဖြစ်စေခဲ့တဲ့ သူ့ရဲ့ ဘောလုံးစတိုင်ကို အခြေပြုပြီး ခေါ်တာဖြစ်ပါတယ်။
သူ့အပေါ် ဝေဖန်မှုတွေ ရှိနေပေမယ့်လဲ လမ်းပတ်က ကိုယ်ကိုင် နည်းစနစ်အပေါ် စွဲမြဲတဲ့ယုံကြည်ချက်အတွက် ဆာရီကို လေးစားကြောင်း ပြောဆိုခဲ့ပါတယ်။
“စိတ်ကူးတစ်ခု ဒါမှမဟုတ် နည်းစနစ်တစ်ခုမှာ ယုံကြည်မှု ရှိတဲ့ နည်းပြတွေကို ကျနော်လေးစားတယ်။ ကျနော် ဆာရီနဲ့ တွဲမလုပ်ဖူးဘူး။ ဒါပေမယ့် သူ့နာပိုလီအသင်းက အရမ်းကောင်းကောင်းကြီးတော့ ကစားခဲ့တာကို ကျနော်မြင်ခဲ့ရတယ်။
ဆာရီ ကံမကောင်းခဲ့ဘူးလို့ ကျနော်ထင်တယ်။ လူတိုင်းက သူ့ရဲ့ နည်းစနစ် ဆာရီဘောကို ပြောကြတယ်။ ဒါပေမယ့် သူက အဲ့ဒါကို အမြတ်ထုတ်တာ ဒါမှမဟုတ် သူ့ကိုယ်ပိုင်လုပ်တယ်လို့ ကျနော်မကြားဖူးခဲ့ဘူးဆိုတာ သေချာပါတယ်။ သူက ပွဲတွေအနိုင်ရဖို့ပဲ ကြိုးစားနေတာပါ။ သူကစားချင်တဲ့ နည်းအတိုင်း ကစားလိုတဲ့ ကစားသမားတွေကို သူခေါ်ခဲ့တယ်။ လူတိုင်းက ဒီအချက်အပေါ် နည်းနည်း သတိပြုလာပါတယ်။
သူဟာ အရမ်းတော်တဲ့ နည်းပြတစ်ယောက်ပါ။ ကျနော့်စတိုင်နဲ့ ယှဉ်ရင်တော့ ဟုတ်ကဲ့။ ကျနော့်မှာရှိတဲ့ ကစားသမားတွေနဲ့ ကျနော်ဘာလုပ်နိုင်တယ်ဆိုတာ ကြည့်တယ်။ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားကြတာပါပဲ။ ခါရာဘောင်းဖလားမှာ ချယ်ဆီးနဲ့ကစားခဲ့တုန်းက ပွဲပြီးတော့ ဆာရီ ကျနော့်ကို စကားပြောခဲ့ပါတယ်။ ကျနော်တို့နဲ့ ပတ်သက်ပြီး သူက အတော် ချီးမွမ်းခဲ့တယ်။
ဒါပေမယ့် သူက ပြီးခဲ့တဲ့ အပတ်တွေမှာ ကျနော်တို့ကစားခဲ့တဲ့ ပွဲတွေအားလုံး အကြောင်းကို ပြောနေခဲ့တာပါ။ သူက ချယ်ဆီး ဘယ်လိုကစားနေတယ်ဆိုတာ ကြည့်ရုံတင်မက ပြိုင်ဘက်တွေ ဘယ်လိုကစားလဲဆိုတာပါ ကြည့်တယ်။ ပြီးတော့ ချယ်ဆီးအတွက် ရလဒ်ကောင်းတွေ ရယူဖို့ ကြိုးစားပါတယ်။ ကျနော် သူ့ကို လေးစားတယ်။ သူ့ကို ကောင်းကောင်းတော့မသိဘူး။ ဒါပေမယ့် လေးစားမှု ရှိပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
ကားဒစ်ကို အငြင်းပွားဖွယ် အနေအထားနဲ့ အနိုင်ရမှုမှာတော့ ချယ်ဆီးပရိသတ်တွေက အီတလီမန်နေဂျာကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်ကြပြီး ရာထူးက ထုတ်ပယ်ဖို့ပါ ဖိအား ပေးခဲ့ကြပါတယ်။
Sports Home Time