တိုက္စစ္မွဴးေနရာ ေျပာင္းလဲကစားဖို႔ မန္ေနဂ်ာရဲ႕ တြန္းအားေပးမႈအေပၚ ဟာဇက္ရဲ႕ သေဘာထား

[Zawgyi] ခ်ယ္ဆီးမန္ေနဂ်ာဆာရီက အသင္းရဲ႕တိုက္စစ္မွဴးေနရာကို ဟာဇက္ဟား တင္ကစားေနခဲ့ျပီး ဘယ္ဂ်ီယံတိုက္စစ္သမား ျပသခဲ့တဲ့ စြမ္းေဆာင္ရည္ကိုလည္း ေက်နပ္ေနပါတယ္။ ဒါေၾကာင့္လည္း လာမယ့္ပြဲေတြမွာ ဟာဇက္ကိုပဲ false 9 တိုက္စစ္မွဴးအျဖစ္ ထားကစားမယ္လို႔ အတည္ျပဳလာတာပါ။

မန္စီးတီးနဲ႔ပြဲမွာ ဟာဇက္ဟာ false 9 ေနရာက ကစားခဲ့ျပီး ကိုယ္တိုင္ ဂိုးသြင္းႏိုင္ခဲ့ျခင္း မရွိေပမယ့္ အသင္းေဖာ္ေတြျဖစ္တဲ့ ကန္ေတနဲ႔ လူးဝစ္တို႔ သြင္းဂိုးရေအာင္ေတာ့ ကူညီေပးႏိုင္ခဲ့ပါတယ္။ ဆာရီက မိုရာတာနဲ႔ ဂ်ီရူး မည္သူ႔ကို တိုက္စစ္မွဴးေနရာက ထားကစားရမယ္ဆိုတာကို စဥ္းစားျပီး အသင္းရဲ႕တိုးတက္မႈကို ေနာက္ျပန္ဆုတ္ေနေစမယ့္အစား ဟာဇက္ကိုပဲ တိုက္စစ္မွဴးအျဖစ္ တင္ကစားကာ နည္းလမ္းသစ္ေတြရွာဖို႔ အၾကံထုတ္လာတာပါ။

ဆာရီက ‘‘ ဟာဇက္က ပြဲအစပိုင္းမွာ အခက္ေတြ႔ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ေကာင္းေကာင္းကစားႏိုင္ျပီး ဂိုးေတာင္ရခဲ့သင့္ပါတယ္။ ဟာဇက္ကို တိုက္စစ္မွာတင္ကစားတာ ေကာင္းမြန္တဲ့ ေရြးခ်ယ္မႈလို႔ က်ေနာ္ထင္တယ္။ အနာဂတ္မွာလည္း အခ်ိဳ႕ေသာပြဲေတြမွာ ဟာဇက္ကို တိုက္စစ္မွဴးအျဖစ္ ကစားေစဖို႔လည္း အစီအစဥ္ရွိပါတယ္ ’’ လို႔ အတည္ျပဳပါတယ္။

ဆာရီဟာ ခ်ယ္ဆီးအသင္းသမိုင္းမွာ ဒုတိယေျပာင္းေရႊ႔ေၾကး အျမင့္ဆံုးအျဖစ္ ေခၚယူထားတဲ့ မိုရာတာကို ပံုစံေကာင္းေတြ ျပန္ရေအာင္ ကူညီေပးဖို႔ တာဝန္ရွိသူပါ။ ဒါေပမယ့္ အဆိုပါ တာဝန္က ရလဒ္ပိုင္းကို ထိခိုက္လာေစခဲ့ျပီး စပိန္တိုက္စစ္သမားဟာ လူကၽြံျခင္းနဲ႔ အားႏြဲ႔စြာ လဲက်ျခင္းေတြနဲ႔ပဲ အခ်ိန္ကုန္ေနရပါတယ္။ ဒါေၾကာင့္လည္း ခ်ယ္ဆီးတိုက္စစ္က ရုန္းကန္ေနရျပီး ဟာဇက္ ဂိုးမသြင္းႏိုင္ခ်ိန္မွာ ကြင္းလယ္ပိုင္းက ရယူလာေပးမယ့္ သြင္းဂိုးေတြကိုပဲ မွီခိုေနခဲ့ရတာျဖစ္ပါတယ္။

ဟာဇက္ကေတာ့ သူ႔ကို တိုက္စစ္မွဴးေနရာက ထားကစားေစတဲ့ ဆာရီရဲ႕ နည္းစနစ္ပိုင္းကို အနည္းငယ္ အံ့ၾသမိေၾကာင္း ဝန္ခံပါတယ္။ မန္ေနဂ်ာေဟာင္း ကြန္တီ လက္ထက္တုန္းကလည္း ဟာဇက္က အဆိုပါေနရာမွာ ကစားခဲ့ဖူးျပီး ကြဲျပားတာက ကြန္တီဟာ ခံစစ္အားျပဳကစားျပီး ဆာရီက ပိုင္ဆိုင္မႈအသားေပး ကစားတာပဲျဖစ္တယ္။

တိုက္စစ္မွဴးေနရာက ကစားရတာကို ေပ်ာ္ရႊင္လားဆိုတဲ့ ေမးခြန္းကိုေတာ့ ဟာဇက္က ‘‘ ခံစားခ်က္ကေတာ့ နည္းနည္း ထူးဆန္းတယ္ဗ်။ ဘာလို႔လည္းဆိုေတာ့ တိုက္စစ္မွဴးေနရာမွာ က်ေနာ္က ေဘာလံုးကို အၾကိမ္အမ်ားၾကီး မထိရဘူးေလ။ ဒါေပမယ့္ မႏွစ္တုန္းက ကြန္တီလက္ထက္မွာလည္း အဲ့ေနရာက ကစားဖူးပါတယ္။ ဒီေတာ့ ဘာလုပ္ရမယ္ဆိုတာ သိပါတယ္ ’’ လို႔ ေျဖပါတယ္။

ဆာရီက မန္စီးတီးလို အသင္းေကာင္းတစ္သင္းနဲ႔ ရင္ဆိုင္ရတဲ့ပြဲမွာ ဟာဇက္ကို တုိက္စစ္မွဴးေနရာက ထားကစားေပမယ့္ ေရရွည္အတြက္ ရည္ရြယ္ခ်က္ျဖစ္မယ္ေတာ့ မယူဆရပါဘူး။ လာမယ့္ပြဲေတြမွာ မိုရာတာနဲ႔ ဂ်ီရူးတို႔ကို အေထာင္တုိက္စစ္မွဴးေနရာ ျပန္လြဲအပ္ျပီး အေျပာင္းအေရႊ႔ ဖြင့္ခ်ိန္ေတြမွာေတာ့ ေနာက္ထပ္ တိုက္စစ္မွဴးတစ္ဦး ေခၚယူႏုိင္ဖုိ႔ အားထုတ္ဖြယ္ ရွိေနတာျဖစ္ပါတယ္။

Sports Home Time

[Unicode] ချယ်ဆီးမန်နေဂျာဆာရီက အသင်းရဲ့တိုက်စစ်မှူးနေရာကို ဟာဇက်ဟား တင်ကစားနေခဲ့ပြီး ဘယ်ဂျီယံတိုက်စစ်သမား ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကိုလည်း ကျေနပ်နေပါတယ်။ ဒါကြောင့်လည်း လာမယ့်ပွဲတွေမှာ ဟာဇက်ကိုပဲ false 9 တိုက်စစ်မှူးအဖြစ် ထားကစားမယ်လို့ အတည်ပြုလာတာပါ။

မန်စီးတီးနဲ့ပွဲမှာ ဟာဇက်ဟာ false 9 နေရာက ကစားခဲ့ပြီး ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပေမယ့် အသင်းဖော်တွေဖြစ်တဲ့ ကန်တေနဲ့ လူးဝစ်တို့ သွင်းဂိုးရအောင်တော့ ကူညီပေးနိုင်ခဲ့ပါတယ်။ ဆာရီက မိုရာတာနဲ့ ဂျီရူး မည်သူ့ကို တိုက်စစ်မှူးနေရာက ထားကစားရမယ်ဆိုတာကို စဉ်းစားပြီး အသင်းရဲ့တိုးတက်မှုကို နောက်ပြန်ဆုတ်နေစေမယ့်အစား ဟာဇက်ကိုပဲ တိုက်စစ်မှူးအဖြစ် တင်ကစားကာ နည်းလမ်းသစ်တွေရှာဖို့ အကြံထုတ်လာတာပါ။

ဆာရီက ‘‘ ဟာဇက်က ပွဲအစပိုင်းမှာ အခက်တွေ့ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကောင်းကောင်းကစားနိုင်ပြီး ဂိုးတောင်ရခဲ့သင့်ပါတယ်။ ဟာဇက်ကို တိုက်စစ်မှာတင်ကစားတာ ကောင်းမွန်တဲ့ ရွေးချယ်မှုလို့ ကျနော်ထင်တယ်။ အနာဂတ်မှာလည်း အချို့သောပွဲတွေမှာ ဟာဇက်ကို တိုက်စစ်မှူးအဖြစ် ကစားစေဖို့လည်း အစီအစဉ်ရှိပါတယ် ’’ လို့ အတည်ပြုပါတယ်။

ဆာရီဟာ ချယ်ဆီးအသင်းသမိုင်းမှာ ဒုတိယပြောင်းရွှေ့ကြေး အမြင့်ဆုံးအဖြစ် ခေါ်ယူထားတဲ့ မိုရာတာကို ပုံစံကောင်းတွေ ပြန်ရအောင် ကူညီပေးဖို့ တာဝန်ရှိသူပါ။ ဒါပေမယ့် အဆိုပါ တာဝန်က ရလဒ်ပိုင်းကို ထိခိုက်လာစေခဲ့ပြီး စပိန်တိုက်စစ်သမားဟာ လူကျွံခြင်းနဲ့ အားနွဲ့စွာ လဲကျခြင်းတွေနဲ့ပဲ အချိန်ကုန်နေရပါတယ်။ ဒါကြောင့်လည်း ချယ်ဆီးတိုက်စစ်က ရုန်းကန်နေရပြီး ဟာဇက် ဂိုးမသွင်းနိုင်ချိန်မှာ ကွင်းလယ်ပိုင်းက ရယူလာပေးမယ့် သွင်းဂိုးတွေကိုပဲ မှီခိုနေခဲ့ရတာဖြစ်ပါတယ်။

ဟာဇက်ကတော့ သူ့ကို တိုက်စစ်မှူးနေရာက ထားကစားစေတဲ့ ဆာရီရဲ့ နည်းစနစ်ပိုင်းကို အနည်းငယ် အံ့သြမိကြောင်း ဝန်ခံပါတယ်။ မန်နေဂျာဟောင်း ကွန်တီ လက်ထက်တုန်းကလည်း ဟာဇက်က အဆိုပါနေရာမှာ ကစားခဲ့ဖူးပြီး ကွဲပြားတာက ကွန်တီဟာ ခံစစ်အားပြုကစားပြီး ဆာရီက ပိုင်ဆိုင်မှုအသားပေး ကစားတာပဲဖြစ်တယ်။

တိုက်စစ်မှူးနေရာက ကစားရတာကို ပျော်ရွှင်လားဆိုတဲ့ မေးခွန်းကိုတော့ ဟာဇက်က ‘‘ ခံစားချက်ကတော့ နည်းနည်း ထူးဆန်းတယ်ဗျ။ ဘာလို့လည်းဆိုတော့ တိုက်စစ်မှူးနေရာမှာ ကျနော်က ဘောလုံးကို အကြိမ်အများကြီး မထိရဘူးလေ။ ဒါပေမယ့် မနှစ်တုန်းက ကွန်တီလက်ထက်မှာလည်း အဲ့နေရာက ကစားဖူးပါတယ်။ ဒီတော့ ဘာလုပ်ရမယ်ဆိုတာ သိပါတယ် ’’ လို့ ဖြေပါတယ်။

ဆာရီက မန်စီးတီးလို အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ ဟာဇက်ကို တိုက်စစ်မှူးနေရာက ထားကစားပေမယ့် ရေရှည်အတွက် ရည်ရွယ်ချက်ဖြစ်မယ်တော့ မယူဆရပါဘူး။ လာမယ့်ပွဲတွေမှာ မိုရာတာနဲ့ ဂျီရူးတို့ကို အထောင်တိုက်စစ်မှူးနေရာ ပြန်လွဲအပ်ပြီး အပြောင်းအရွှေ့ ဖွင့်ချိန်တွေမှာတော့ နောက်ထပ် တိုက်စစ်မှူးတစ်ဦး ခေါ်ယူနိုင်ဖို့ အားထုတ်ဖွယ် ရှိနေတာဖြစ်ပါတယ်။

Sports Home Time