[Zawgyi] မန္ခ်က္စတာယူနိုက္တက္ နည္းျပေဟာင္း လူး၀စ္ ဗန္ဟားလ္က ခ်န္ပီယံလိဂ္မွာ က်န္ရွိတဲ့ အသင္းေတြထဲ လီဗာပူးအသင္းက အေကာင္းဆံုးလို႔ ခ်ီးက်ဴးလိုက္ပါတယ္။ မန္စီးတီးအသင္းက ဘာစီလိုနာထက္ ေကာင္းျပီး လီဗာပူးအသင္းက မန္စီးတီးထက္ ေကာင္းေနျပန္တယ္ လို႔ ၄င္းက ဆိုပါတယ္။

အဆိုပါ သံုးသင္းလံုးက ခ်န္ပီယံလိဂ္ ဗိုလ္စြဲဖို႔ အျပိဳင္ အလားအလာေကာင္းေနတယ္လို႔ ၄င္းက ယံုၾကည္ေနပါတယ္။ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွာ မန္စီးတီးထက္ တစ္ပြဲပို ကစား၊ နွစ္မွတ္အသာနဲ႕ အမွတ္ေပးဇယား ထိပ္မွာ ဦးေဆာင္ထားတာပါ။ ၄င္းတို႔ ပရီးမီးယားလိဂ္ နွစ္သင္းလံုးက ခ်န္ပီယံလိဂ္မွာလည္း ေနာက္တစ္ဆင့္တက္ဖို႔ အလားအလာေကာင္းေနပါတယ္။ လီဗာပူးက ဘိုင္ယန္ကို ေက်ာ္ျဖတ္လာျပီး ကြာတား အဆင့္မွာ ေပၚတိုနဲ႕ ဆံုေနတာပါ။ မန္စီးတီးကလည္း ေရွာ္လ္ေကးကို ေက်ာ္ျဖတ္ကာ ကြာတားမွာ စပါးကို ေတြ႔ဆံုေနျပီး လမ္းေၾကာင္း ေခ်ာင္ေနပါတယ္။
လူအမ်ားက ဘာစီလိုနာကို ခ်န္ပီယံလိဂ္ ဗိုလ္စြဲမယ္ ယံုၾကည္ေနၾကခ်ိန္မွာ ဗန္ဟားလ္ကေတာ့ ပရီးမီးယားလိဂ္ ထိပ္ဆံုးမွ နွစ္သင္းက ဘာစီလိုနာထက္ ေကာင္းတယ္လို႔ ဗန္ဟားလ္က ဆိုပါတယ္။
“လူေတြက ဘာစီလိုနာကို အေကာင္းဆံုးလုိ႔ ထင္ၾကတယ္.. တကယ္ေတာ့ မဟုတ္ဘူး။ မန္စီးတီးနဲ႕ လီဗာပူးက အသင္းလိုက္ ဘာစီလိုနာထက္ ေကာင္းတဲ့အသင္းပါ။ လီဗာပူးကေတာ့ စီးတီးထက္ ပိုျပီး ေကာင္းေနပါတယ္။ က်ေနာ့္ အေတြးကေတာ့ အေကာင္းဆံုး အသင္း နုိင္ေစခ်င္တယ္.. ဒါေပမယ့္ ေဘာလံုးကစားဟန္ အေကာင္းဆံုး မန္စီးတီး နုိင္သြားဖို႔လည္း က်ေနာ္ ေမွ်ာ္လင့္ပါတယ္။” လို႔ ၄င္းက ေျပာၾကားခဲ့ပါတယ္။
ဗန္ဟားလ္က ဘာစီလိုနာကို ၁၉၉၇ ကေန ၂၀၀၀ ထိ တစ္ၾကိမ္ ၂၀၀၂-၀၃ မွာ တစ္ၾကိမ္ ဘာစီလိုနာကို ၂ၾကိမ္တိုင္ ကိုင္တြယ္ဖူးပါတယ္။ ကက္တလန္ကလပ္အသင္းနဲ႕ ရွိစဥ္ ဗန္ဟားလ္က လာလီဂါဖလား နွစ္ၾကိမ္၊ စပိန္ဘုရင့္ဖလား တစ္ၾကိမ္နဲ႕ UEFA စူပါဖလား တစ္ၾကိမ္ ရယူေပးခဲ့သူပါ။
“က်ေနာ့္မွာ ကိုယ္ပိုင္ ေဘာလံုးအေတြးအျမင္ရွိတယ္.. နုိင္ငံ ေလးခုမွာ ေအာင္ျမင္မႈ ဆုဖလားေတြ ရယူနုိင္ခဲ့တာက က်ေနာ့္ အေတြးအျမင္ေတြ မွန္ကန္ေၾကာင္း အလုပ္ျဖစ္ေၾကာင္း သက္ေသျပနုိင္ခဲ့တယ္ လို႔ က်ေနာ္ကေတာ့ ယံုထားတယ္။ ” လို႔ ၄င္းက ဆိုပါတယ္။
Sports Home Time

[Unicode] မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း လူးဝစ် ဗန်ဟားလ်က ချန်ပီယံလိဂ်မှာ ကျန်ရှိတဲ့ အသင်းတွေထဲ လီဗာပူးအသင်းက အကောင်းဆုံးလို့ ချီးကျူးလိုက်ပါတယ်။ မန်စီးတီးအသင်းက ဘာစီလိုနာထက် ကောင်းပြီး လီဗာပူးအသင်းက မန်စီးတီးထက် ကောင်းနေပြန်တယ် လို့ ၎င်းက ဆိုပါတယ်။
အဆိုပါ သုံးသင်းလုံးက ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ အပြိုင် အလားအလာကောင်းနေတယ်လို့ ၎င်းက ယုံကြည်နေပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီးထက် တစ်ပွဲပို ကစား၊ နှစ်မှတ်အသာနဲ့ အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင်ထားတာပါ။ ၎င်းတို့ ပရီးမီးယားလိဂ် နှစ်သင်းလုံးက ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်တက်ဖို့ အလားအလာကောင်းနေပါတယ်။ လီဗာပူးက ဘိုင်ယန်ကို ကျော်ဖြတ်လာပြီး ကွာတား အဆင့်မှာ ပေါ်တိုနဲ့ ဆုံနေတာပါ။ မန်စီးတီးကလည်း ရှော်လ်ကေးကို ကျော်ဖြတ်ကာ ကွာတားမှာ စပါးကို တွေ့ဆုံနေပြီး လမ်းကြောင်း ချောင်နေပါတယ်။ လူအများက ဘာစီလိုနာကို ချန်ပီယံလိဂ် ဗိုလ်စွဲမယ် ယုံကြည်နေကြချိန်မှာ ဗန်ဟားလ်ကတော့ ပရီးမီးယားလိဂ် ထိပ်ဆုံးမှ နှစ်သင်းက ဘာစီလိုနာထက် ကောင်းတယ်လို့ ဗန်ဟားလ်က ဆိုပါတယ်။
“လူတွေက ဘာစီလိုနာကို အကောင်းဆုံးလို့ ထင်ကြတယ်.. တကယ်တော့ မဟုတ်ဘူး။ မန်စီးတီးနဲ့ လီဗာပူးက အသင်းလိုက် ဘာစီလိုနာထက် ကောင်းတဲ့အသင်းပါ။ လီဗာပူးကတော့ စီးတီးထက် ပိုပြီး ကောင်းနေပါတယ်။ ကျနော့် အတွေးကတော့ အကောင်းဆုံး အသင်း နိုင်စေချင်တယ်.. ဒါပေမယ့် ဘောလုံးကစားဟန် အကောင်းဆုံး မန်စီးတီး နိုင်သွားဖို့လည်း ကျနော် မျှော်လင့်ပါတယ်။” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ဗန်ဟားလ်က ဘာစီလိုနာကို ၁၉၉၇ ကနေ ၂၀၀၀ ထိ တစ်ကြိမ် ၂၀၀၂-၀၃ မှာ တစ်ကြိမ် ဘာစီလိုနာကို ၂ကြိမ်တိုင် ကိုင်တွယ်ဖူးပါတယ်။ ကက်တလန်ကလပ်အသင်းနဲ့ ရှိစဉ် ဗန်ဟားလ်က လာလီဂါဖလား နှစ်ကြိမ်၊ စပိန်ဘုရင့်ဖလား တစ်ကြိမ်နဲ့ UEFA စူပါဖလား တစ်ကြိမ် ရယူပေးခဲ့သူပါ။
“ကျနော့်မှာ ကိုယ်ပိုင် ဘောလုံးအတွေးအမြင်ရှိတယ်.. နိုင်ငံ လေးခုမှာ အောင်မြင်မှု ဆုဖလားတွေ ရယူနိုင်ခဲ့တာက ကျနော့် အတွေးအမြင်တွေ မှန်ကန်ကြောင်း အလုပ်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တယ် လို့ ကျနော်ကတော့ ယုံထားတယ်။ ” လို့ ၎င်းက ဆိုပါတယ်။
Sports Home Time
