ကလပ္အသင္း ပရိသတ္ေတြအတြက္ ေပၚတိုနဲ႔ ေအာင္ျမင္တဲ့ ညိႏိႈင္းမႈ ျပဳလုပ္ေပးခဲ့တဲ့ လီဗာပူး

[Zawgyi] ခ်န္ပီယံလိဂ္ျပိဳင္ပြဲဝင္ ပရီးမီးယားလိဂ္ကလပ္ျဖစ္တဲ့ လီဗာပူးကေတာ့ ျပိဳင္ဘက္ ေပၚတိုအသင္းနဲ႔ ညိႏိႈင္းလုပ္ေဆာင္မႈ အဆင္ေျပခဲ့ျပီျဖစ္လို႔ လာမယ့္လမွာ ယွဥ္ျပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္အတြက္ လက္မွတ္ႏႈန္းထားကို ေလ်ာ့ခ်ႏိုင္ခဲ့ပါျပီ။

မႏွစ္ကရာသီ ခ်န္ပီယံလိဂ္ 16 သင္း ရံွဴးထြက္အဆင့္မွာ ေတြ႔ဆံုခဲ့ၾကစဥ္က ႏွစ္သင္းၾကား လက္မွတ္ႏႈန္းထားဟာ တစ္ေစာင္ကို 75 ယူရို ရွိခဲ့တာပါ။ ဒီရာသီ ကြာတားဖိုင္နယ္ အဆင့္အတြက္ေတာ့ 85 ယူရိုအထိ သက္မွတ္မယ္လို႔ ေပၚတိုဘက္က စီစဥ္ခဲ့တယ္။ ဒါေပမယ့္ လီဗာပူးအသင္းဘက္က ဝင္ေရာက္ ညိႏိႈင္းမႈမွာေတာ့ မႏွစ္ကထက္ေတာင္ ေလ်ာ့နည္းစြာပဲ ယူရို 60 (52 ေပါင္) ပဲ က်သင့္ေတာ့မွာျဖစ္တယ္။

လီဗာပူးဘက္က အတည္ျပဳ ထုတ္ျပန္မႈမွာေတာ့ ” လက္မွတ္ႏႈန္းထား သက္မွတ္မႈမွာ ပူးေပါင္း ပါဝင္ေပးတဲ့ ေပၚတိုအသင္းကို ေက်းဇူးတင္ပါတယ္။ ယူအီးအက္ဖ္ေအရဲ႕ စည္းမ်ဥ္းေတြအရ ခ်န္ပီယံလိဂ္ျပိဳင္ပြဲဝင္ ကလပ္အသင္းေတြဟာ ျပိဳင္ပြဲမွာ အသင္းပရိသတ္ေတြ အားေပးႏိႈင္ဖို႔ လက္မွတ္ႏႈန္းထားကို အမွ်တဆံုးျဖစ္ေအာင္ ညိႏိႈင္းခြင့္ေတြ ရရွိထားၾကတယ္။

အေဝးကြင္းပရိသတ္ေတြအတြက္ လက္မွတ္ႏႈန္းထား ညိႏိႈင္းမႈေတြကိုလည္း လုပ္ေဆာင္ႏုိင္ခဲ့ျပီး ေပၚတိုနဲ႔အတူ လက္တြဲလုပ္ေဆာင္ဖို႔ သေဘာတူညီမႈ ရခဲ့ပါတယ္။ ဧည့္သည္ ပရိသတ္ေတြအတြက္ လက္မွတ္ႏႈန္းခကို အေကာင္းဆံုး ေလ်ာ့ခ်သြားမွာပါ ” လို႔ ပါရွိတယ္။

လီဗာပူးနဲ႔ ေပၚတိုၾကား ယွဥ္ျပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကိုေတာ့ ဧပရယ္လ 9 ရက္ေန႔ ပထမအေက်ာ့ကို အန္ဖီးမွာ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ဧပရယ္လ 17 ရက္ေန႔မွာ ဒုတိယအေက်ာ့အျဖစ္ ေပၚတူဂီေျမမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္တယ္။

ကြာတားဖိုင္နယ္အဆင့္ အျခားေသာ အဂၤလန္ကလပ္ေတြရဲ႕ လက္မွတ္ႏႈန္းထားကေတာ့ စပါးအသင္းဟာ ၄င္းတို႔ရဲ႕ အိမ္ကြင္းသစ္မွာ ပထမဆံုး ယွဥ္ျပိဳင္ရမယ့္ မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ပြဲအတြက္ လက္မွတ္ႏႈန္းထားကို ေပါင္ 60 က်သင့္မယ္လို႔ တရားဝင္ ထုတ္ျပန္ထားတယ္။

ေနာက္ထပ္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအျဖစ္ ဘာစီလိုနာအသင္းဟာ ေနာက္လထဲ နူးကမ့္ကို လာကစားမယ့္ ယူနိုက္တက္နဲ႕ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပြဲစဥ္အတြက္ အေ၀းကြင္းလက္မွတ္ေစ်းႏႈန္းကို 102 ေပါင္ လို႔ သတ္မွတ္ထားျပီး ဒါဟာ ယူနိုက္တက္သမိုင္းနဲ႕ခ်ီျပီး ဥေရာပပြဲစဥ္ေတြမွာ ေစ်းအၾကီးဆံုး လက္မွတ္ ျဖစ္လာပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ လီဗာပူးကတော့ ပြိုင်ဘက် ပေါ်တိုအသင်းနဲ့ ညိနှိုင်းလုပ်ဆောင်မှု အဆင်ပြေခဲ့ပြီဖြစ်လို့ လာမယ့်လမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်အတွက် လက်မှတ်နှုန်းထားကို လျော့ချနိုင်ခဲ့ပါပြီ။

မနှစ်ကရာသီ ချန်ပီယံလိဂ် 16 သင်း ရံှူးထွက်အဆင့်မှာ တွေ့ဆုံခဲ့ကြစဉ်က နှစ်သင်းကြား လက်မှတ်နှုန်းထားဟာ တစ်စောင်ကို 75 ယူရို ရှိခဲ့တာပါ။ ဒီရာသီ ကွာတားဖိုင်နယ် အဆင့်အတွက်တော့ 85 ယူရိုအထိ သက်မှတ်မယ်လို့ ပေါ်တိုဘက်က စီစဉ်ခဲ့တယ်။ ဒါပေမယ့် လီဗာပူးအသင်းဘက်က ဝင်ရောက် ညိနှိုင်းမှုမှာတော့ မနှစ်ကထက်တောင် လျော့နည်းစွာပဲ ယူရို 60 (52 ပေါင်) ပဲ ကျသင့်တော့မှာဖြစ်တယ်။

လီဗာပူးဘက်က အတည်ပြု ထုတ်ပြန်မှုမှာတော့ ” လက်မှတ်နှုန်းထား သက်မှတ်မှုမှာ ပူးပေါင်း ပါဝင်ပေးတဲ့ ပေါ်တိုအသင်းကို ကျေးဇူးတင်ပါတယ်။ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းတွေအရ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတွေဟာ ပြိုင်ပွဲမှာ အသင်းပရိသတ်တွေ အားပေးနှိုင်ဖို့ လက်မှတ်နှုန်းထားကို အမျှတဆုံးဖြစ်အောင် ညိနှိုင်းခွင့်တွေ ရရှိထားကြတယ်။

အဝေးကွင်းပရိသတ်တွေအတွက် လက်မှတ်နှုန်းထား ညိနှိုင်းမှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ပြီး ပေါ်တိုနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ ဧည့်သည် ပရိသတ်တွေအတွက် လက်မှတ်နှုန်းခကို အကောင်းဆုံး လျော့ချသွားမှာပါ ” လို့ ပါရှိတယ်။

လီဗာပူးနဲ့ ပေါ်တိုကြား ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကိုတော့ ဧပရယ်လ 9 ရက်နေ့ ပထမအကျော့ကို အန်ဖီးမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဧပရယ်လ 17 ရက်နေ့မှာ ဒုတိယအကျော့အဖြစ် ပေါ်တူဂီမြေမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။

ကွာတားဖိုင်နယ်အဆင့် အခြားသော အင်္ဂလန်ကလပ်တွေရဲ့ လက်မှတ်နှုန်းထားကတော့ စပါးအသင်းဟာ ၎င်းတို့ရဲ့ အိမ်ကွင်းသစ်မှာ ပထမဆုံး ယှဉ်ပြိုင်ရမယ့် မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲအတွက် လက်မှတ်နှုန်းထားကို ပေါင် 60 ကျသင့်မယ်လို့ တရားဝင် ထုတ်ပြန်ထားတယ်။

နောက်ထပ် ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ဘာစီလိုနာအသင်းဟာ နောက်လထဲ နူးကမ့်ကို လာကစားမယ့် ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အတွက် အဝေးကွင်းလက်မှတ်ဈေးနှုန်းကို 102 ပေါင် လို့ သတ်မှတ်ထားပြီး ဒါဟာ ယူနိုက်တက်သမိုင်းနဲ့ချီပြီး ဥရောပပွဲစဉ်တွေမှာ ဈေးအကြီးဆုံး လက်မှတ် ဖြစ်လာပါတယ်။

Sports Home Time