ဒီရာသီမွာ ခ်န္ပီယံလိဂ္ကို ဗိုလ္စြဲမယ့္ အသင္းအား ပိုခ်က္တီနို ဖြင့္ဟ

[Zawgyi] ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ေရာက္ စပါးအသင္းမွ ပိုခ်က္တီနိုက ဒီရာသီ ဗိုလ္စြဲမယ့္ သူ႔အၾကိဳက္ အသင္း အမည္ကို ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။ ဒါက စပါးရဲ႕ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ ယူနိုက္တက္အတြက္ေတာ့ သတင္းေကာင္း မဟုတ္ပါဘူး။ ပိုခ်က္တီနိုရဲ႕ ခ်န္ပီယံလိဂ္ ဗိုလ္စြဲမယ့္ စိတ္ၾကိဳက္အသင္းကေတာ့ ဘာစီလိုနာပါ။

ဘာစီလိုနာက လိုင္ယြန္ကို နူးကမ့္မွာ ၅ ဂိုး ၁ဂိုးနဲ႕ နုိင္ျပီး ခ်န္ပီယံလိဂ္ ေနာက္ဆံုး ၈ သင္းအဆင့္ဆီ ေရာက္လာခဲ့တာ ျဖစ္ျပီး ကြားတားဖိုင္နယ္မွာ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ယွဥ္ျပိဳင္ကစားမွာပါ။ မက္ဆီက ဒုတိယအေက်ာ့ လိုင္ယြန္နဲ႕ပြဲမွာ ၂ ဂိုး သြင္းယူခဲ့သလို သူ႔ရဲ႕ ေျခစြမ္းက ျပီးခဲ့တဲ့ တနဂၤေႏြ ရီးရဲလ္ဘက္တစ္နဲ႕ လာလီဂါ ပြဲမွာလည္း ဟက္ထရစ္ သြင္းရင္း ဆက္လက္ ေတာက္ပေနပါတယ္။

ပိုခ်က္တီနိုက အာဂ်င္တီးနား တိုက္စစ္သမား လီယြန္နယ္ မက္ဆီကို တကယ့္ ပါရမီရွင္ တစ္ေယာက္ အျဖစ္ ညႊန္းဆိုသြားျပီး ဘာစီလိုနာကပဲ ဗိုလ္စြဲမယ္လို႔ ယံုၾကည္ေနပါတယ္။

“ဘာစီလိုနာကေတာ့ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔ အလားအလာ အေကာင္းဆံုးေပါ့။ သူတို႔မွာ လံုး၀ ျပီးျပည့္စံုတဲ့ ကစားသမားေတြ ထူးခၽြန္တဲ့ ကစားသမားေတြ ရွိတယ္။ ဒါ့အျပင္ ဥာဏ္ၾကီးရွင္ ပါရမီရွင္ တစ္ေယာက္လည္း ရွိထားေသးတယ္။ သူက တျခားသူေတြနဲ႕ ကြဲကို ကြဲျပား ျခားနားတာ။ ဘယ္သူမွ လုပ္မယ္ မထင္တဲ့ အရာေတြ သူက လုပ္ျပတယ္.. ထပ္ကာ ထပ္ကာ အံ့အားသင့္ေစတယ္။ သူက က်ေနာ့္ကိုလည္း သူ႔ရဲ႕ ပံုမွန္ဟန္၊ ေျခစြမ္းတည္ျငိမ္မႈေတြနဲ႕ အ့ံအားသင့္ေစတယ္။ သူက ဒါေတြက ပြဲတိုင္း လုပ္ျပေနတာ.. ၃-၄ ရက္တခါတိုင္း ကန္တဲ့ ပြဲေတြ ဒီ ၁၁ နွစ္ ၁၂ နွစ္ အတြင္း။ ဒါကပဲ သူ႔ကုိ ပထမအသင္းမွာ ဦးစားေပး ကစားသမား ျဖစ္လာေစတာပါ။” လို႕ ဘာစီလိုနာနဲ႕ မက္ဆီကို အထူး ခ်ီးက်ဴးသြားပါတယ္။

ေျမာက္လန္ဒန္ကလပ္အသင္း မန္ေနဂ်ာ ပိုခ်က္တီနိုက မက္ဆီလို ကစားသမား သူ႔ဆီမွာ ရွိရင္ ေကာငး္မယ္လို႔လည္း ၀န္္ခံသြားပါတယ္။

“က်ေနာ္ သူ႔ေျခစြမ္းေကာင္းေတြ ကံေကာင္းသြား ျမင္ေနရသလို သူ႔ေၾကာင့္လည္း ခံစားရတဲ့ အၾကိမ္ေတြ ရွိတယ္။ ဒီလို ကစားသမားမ်ိဳး က်ေနာ့္ အသင္းမွာ မရွိတာ ေၾကကြဲစရာပါပဲ။ ” လို႔ ၄င္းက ဆိုပါတယ္။

စပါးဟာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ဘာစီလိုနာက ၀င္ဘာေလကြင္းမွာတင္ ၄-၂ နဲ႕ ရွံဳးနိမ့္သြားခဲ့တာပါ။ ဒါေပမယ့္ ဘာစီလိုနာကို ဗိုလ္လုပြဲမွာ ျပန္ဆံုရင္လည္း ေၾကာက္ရြံ႕ေနမွာ မဟုတ္ေၾကာင္း ေျပာခဲ့ပါတယ္။

ဘာစီလိုနာက ကြာတားဖိုင္နယ္ ပထမအေက်ာ့ ပြဲစဥ္အတြက္ အိုးထရက္ဖို႔ဒ္ကြင့္ထံ ဧျပီ ၁၀ ရက္ေန႔မွာ လာကစားရမွာပါ။ ပိုခ်က္တီနိုက မန္ခ်က္စတာ ယူနိုက္တက္ဟာ ေအာင္ျမင္မႈၾကီးၾကီးမားမားေတြ ရယူဖို႔ တည္ေဆာက္ထားတဲ့ အသင္း ျဖစ္ေပမယ့္ ဘာစီလိုနာက ယူနိုက္တက္ထက္ တစ္ဆင့္ ပိုျမင့္ေနတဲ့အသင္းပါ လို႔လည္း မွတ္ခ်က္ျပဳသြားပါေသးတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက် စပါးအသင်းမှ ပိုချက်တီနိုက ဒီရာသီ ဗိုလ်စွဲမယ့် သူ့အကြိုက် အသင်း အမည်ကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဒါက စပါးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ယူနိုက်တက်အတွက်တော့ သတင်းကောင်း မဟုတ်ပါဘူး။ ပိုချက်တီနိုရဲ့ ချန်ပီယံလိဂ် ဗိုလ်စွဲမယ့် စိတ်ကြိုက်အသင်းကတော့ ဘာစီလိုနာပါ။

ဘာစီလိုနာက လိုင်ယွန်ကို နူးကမ့်မှာ ၅ ဂိုး ၁ဂိုးနဲ့ နိုင်ပြီး ချန်ပီယံလိဂ် နောက်ဆုံး ၈ သင်းအဆင့်ဆီ ရောက်လာခဲ့တာ ဖြစ်ပြီး ကွားတားဖိုင်နယ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားမှာပါ။ မက်ဆီက ဒုတိယအကျော့ လိုင်ယွန်နဲ့ပွဲမှာ ၂ ဂိုး သွင်းယူခဲ့သလို သူ့ရဲ့ ခြေစွမ်းက ပြီးခဲ့တဲ့ တနင်္ဂနွေ ရီးရဲလ်ဘက်တစ်နဲ့ လာလီဂါ ပွဲမှာလည်း ဟက်ထရစ် သွင်းရင်း ဆက်လက် တောက်ပနေပါတယ်။

ပိုချက်တီနိုက အာဂျင်တီးနား တိုက်စစ်သမား လီယွန်နယ် မက်ဆီကို တကယ့် ပါရမီရှင် တစ်ယောက် အဖြစ် ညွှန်းဆိုသွားပြီး ဘာစီလိုနာကပဲ ဗိုလ်စွဲမယ်လို့ ယုံကြည်နေပါတယ်။

“ဘာစီလိုနာကတော့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံးပေါ့။ သူတို့မှာ လုံး၀ ပြီးပြည့်စုံတဲ့ ကစားသမားတွေ ထူးချွန်တဲ့ ကစားသမားတွေ ရှိတယ်။ ဒါ့အပြင် ဉာဏ်ကြီးရှင် ပါရမီရှင် တစ်ယောက်လည်း ရှိထားသေးတယ်။ သူက တခြားသူတွေနဲ့ ကွဲကို ကွဲပြား ခြားနားတာ။ ဘယ်သူမှ လုပ်မယ် မထင်တဲ့ အရာတွေ သူက လုပ်ပြတယ်.. ထပ်ကာ ထပ်ကာ အံ့အားသင့်စေတယ်။ သူက ကျနော့်ကိုလည်း သူ့ရဲ့ ပုံမှန်ဟန်၊ ခြေစွမ်းတည်ငြိမ်မှုတွေနဲ့ အံ့အားသင့်စေတယ်။ သူက ဒါတွေက ပွဲတိုင်း လုပ်ပြနေတာ.. ၃-၄ ရက်တခါတိုင်း ကန်တဲ့ ပွဲတွေ ဒီ ၁၁ နှစ် ၁၂ နှစ် အတွင်း။ ဒါကပဲ သူ့ကို ပထမအသင်းမှာ ဦးစားပေး ကစားသမား ဖြစ်လာစေတာပါ။” လို့ ဘာစီလိုနာနဲ့ မက်ဆီကို အထူး ချီးကျူးသွားပါတယ်။

မြောက်လန်ဒန်ကလပ်အသင်း မန်နေဂျာ ပိုချက်တီနိုက မက်ဆီလို ကစားသမား သူ့ဆီမှာ ရှိရင် ကောင်းမယ်လို့လည်း ဝန်ခံသွားပါတယ်။

“ကျနော် သူ့ခြေစွမ်းကောင်းတွေ ကံကောင်းသွား မြင်နေရသလို သူ့ကြောင့်လည်း ခံစားရတဲ့ အကြိမ်တွေ ရှိတယ်။ ဒီလို ကစားသမားမျိုး ကျနော့် အသင်းမှာ မရှိတာ ကြေကွဲစရာပါပဲ။ ” လို့ ၎င်းက ဆိုပါတယ်။

စပါးဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဘာစီလိုနာက ဝင်ဘာလေကွင်းမှာတင် ၄-၂ နဲ့ ရှုံးနိမ့်သွားခဲ့တာပါ။ ဒါပေမယ့် ဘာစီလိုနာကို ဗိုလ်လုပွဲမှာ ပြန်ဆုံရင်လည်း ကြောက်ရွံ့နေမှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

ဘာစီလိုနာက ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်အတွက် အိုးထရက်ဖို့ဒ်ကွင့်ထံ ဧပြီ ၁၀ ရက်နေ့မှာ လာကစားရမှာပါ။ ပိုချက်တီနိုက မန်ချက်စတာ ယူနိုက်တက်ဟာ အောင်မြင်မှုကြီးကြီးမားမားတွေ ရယူဖို့ တည်ဆောက်ထားတဲ့ အသင်း ဖြစ်ပေမယ့် ဘာစီလိုနာက ယူနိုက်တက်ထက် တစ်ဆင့် ပိုမြင့်နေတဲ့အသင်းပါ လို့လည်း မှတ်ချက်ပြုသွားပါသေးတယ်။

Sports Home Time