[Zawgyi] ဘိုင္ယန္ျမဴးနစ္ကို အႏုိင္ယူႏုိင္ခဲ့တဲ့ေနာက္ ခ်န္ပီယံလိဂ္ကြာတာအဆင့္ မဲခြဲမႈမွာ လီဗာပူးဟာ ေပၚတိုနဲ႔ အတြဲက်ခဲ့ျပီျဖစ္တယ္။ ေပၚတိုဟာလည္း ခက္ခဲတဲ့ အသင္းဆိုေပမယ့္ အမွန္တရားကေတာ့ ေပၚတိုဟာ လီဗာပူးကို ရင္ဆုိင္ျပီး အႏုိင္ရဖို႔ဆိုတာက ခက္ခဲပါလိမ့္မယ္။
မႏွစ္ကရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္ အသင္းဟာ ဆီမီးအဆင့္ကို တက္ေရာက္ႏုိင္ဖို႔ ေရပန္းစားေနျပီး ယူႏုိက္တက္ (သို႔) ဘာစီလိုနာ တစ္သင္းသင္းနဲ႔ ရင္ဆိုင္ရဖို႔ ရွိေနပါတယ္။ မႏွစ္ကရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ရီးရဲလ္မက္ဒရစ္နဲ႔ ယွဥ္ျပိဳင္ထားတဲ့ လီဗာပူးဟာ ဆုဖလားေအာင္ျမင္မႈရရင္ တစ္ခုခု ထူးထူးျခားျခား လုပ္လိုတဲ့ ဆႏၵေတာ့ ရွိပါတယ္။
လီဗာပူးဝဘ္ဆိုဒ္က ကလပ္အသင္း ခံစစ္မွဴး လိုဗရန္နဲ႔ အင္တာဗ်ဴးမွာေတာ့ အသင္းအဝတ္လဲခန္းထဲက လွ်ိဳ႕ဝွက္ခ်က္တစ္ခု ေပၚေပါက္ခဲ့ပါတယ္။ အဲ့တာကေတာ့ လီဗာပူးအသင္းသားေတြက ဒီရာသီမွာ ဆုဖလားေအာင္ျမင္မႈ တစ္ခုခုရမယ္ဆိုရင္ အသင္းလိုက္ ရူးသြပ္တဲ့ အျပဳအမႈတစ္ခု ျပဳလုပ္ၾကမယ္လို႔ ညိႏိႈင္းေနၾကျခင္းျဖစ္တယ္။ အဆိုပါ တစ္ခုခုကေတာ့ တစ္သင္းလံုး ကတံုး တံုးၾကမလား (သို႔) ထူးထူးျခားျခား အေရာင္ျခယ္ၾကမလားျဖစ္ပါတယ္။
လက္ရွိအခ်ိန္ထိ အသင္းအဝတ္လဲခန္းမွာ ဘာလုပ္ျဖစ္မယ္ဆိုတာကို သေဘာတူညီမႈေတာ့ မရေသးပါဘူး။ အေၾကာင္းကေတာ့ ကလပ္ရဲ႕ ဗဟုိခံစစ္မွဴး ဗန္ဒိုက္က အဆိုျပဳခ်က္ကို ျငင္းဆန္ထားလို႔ပါပဲ။ ဗန္ဒိုက္ကေတာ့ သူ႔ရဲ႕ ေကအလန္းကို လံုးဝ အထိခံမွာ မဟုတ္ပဲ လီဗာပူးတစ္သင္းလံုးနဲ႔ ဆန္႔က်င္ရမယ္ဆိုရင္ေတာင္ ကတံုး တံုးျခင္းေကာ၊ ေဆးျခယ္ျခင္းကိုေကာ အျပည့္အဝ ျငင္းဆန္ပါတယ္။
လိုဗရန္က ” ဗန္ဒိုက္က ငယ္ငယ္ကတည္းက သူ႔ဆံပင္ရွည္ကို အခုထိ ဆက္ထားေနဆဲပါ။ က်ေနာ္တုိ႔မွာ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရရင္ ကတံုး တံုးၾကမယ္ (သို႔) ဆံပင္ကို ထူးထူးျခားျခားေတြ ေဆးျခယ္ၾကမယ္ဆိုျပီး အၾကံဥာဏ္ရွိတယ္။ ဗန္ဒိုက္ကေတာ့ ဆံပင္ကို အထိမခံမယ့္ တစ္ဦးတည္းေသာ သူပါပဲ။
ဒီေတာ့ က်ေနာ္က ‘သူငယ္ခ်င္း လုပ္မယ့္လုပ္ အကုန္လုပ္ရမယ္။ ငါတုိ႔က အသင္းဆိုရင္၊ အသင္းလိုပဲ အားလံုး အတူတူလုပ္ရမယ္’ ဆိုျပီး ေျပာရတာေပါ့ ” လို႔ ရယ္ရယ္ေမာေမာ ေျပာပါတယ္။
ခရိုေအးရွား ခံစစ္မွဴးကပဲ ဆက္လက္ျပီး ” ဟုတ္ပါတယ္။ က်ေန္ာတို႔ ဗိုလ္လုပြဲကို ေနာက္တစ္ၾကိမ္သြားႏုိင္ေအာင္ အစြမ္းကုန္ ၾကိဳးစားသြားမွာပါ။ ဗန္ဒိုက္ကိုလည္း အဲ့တာနဲ႔ပက္သက္ျပီး စိုးရိမ္ထိတ္လန္႔ေနရေအာင္ လုပ္သြားပါမယ္ ” ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ရာသီကုန္မွာ လီဗာပူးတစ္သင္းလံုးကို ကတံုး ေျပာင္ေျပာင္ (သို႔) ေဆးေရာင္ ေၾကာင္ေၾကာင္ၾကားၾကားနဲ႔ ျမင္ရမယ္ဆိုရင္ေတာ့ ထူးထူးဆန္းဆန္းေတြ ျဖစ္ကုန္ၾကမွာပါ။ ဒါေပမယ့္ အဲ့သည္လို ျဖစ္လာခဲ့ရင္ လီဗာပူးဟာ ဆုဖလား ေအာင္ျမင္မႈတစ္ခုခု ရခဲ့လို႔ပဲ ျဖစ္လာပါလိမ့္မယ္။
Sports Home Time

[Unicode] ဘိုင်ယန်မြူးနစ်ကို အနိုင်ယူနိုင်ခဲ့တဲ့နောက် ချန်ပီယံလိဂ်ကွာတာအဆင့် မဲခွဲမှုမှာ လီဗာပူးဟာ ပေါ်တိုနဲ့ အတွဲကျခဲ့ပြီဖြစ်တယ်။ ပေါ်တိုဟာလည်း ခက်ခဲတဲ့ အသင်းဆိုပေမယ့် အမှန်တရားကတော့ ပေါ်တိုဟာ လီဗာပူးကို ရင်ဆိုင်ပြီး အနိုင်ရဖို့ဆိုတာက ခက်ခဲပါလိမ့်မယ်။
မနှစ်ကရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် အသင်းဟာ ဆီမီးအဆင့်ကို တက်ရောက်နိုင်ဖို့ ရေပန်းစားနေပြီး ယူနိုက်တက် (သို့) ဘာစီလိုနာ တစ်သင်းသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ မနှစ်ကရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ထားတဲ့ လီဗာပူးဟာ ဆုဖလားအောင်မြင်မှုရရင် တစ်ခုခု ထူးထူးခြားခြား လုပ်လိုတဲ့ ဆန္ဒတော့ ရှိပါတယ်။
လီဗာပူးဝဘ်ဆိုဒ်က ကလပ်အသင်း ခံစစ်မှူး လိုဗရန်နဲ့ အင်တာဗျူးမှာတော့ အသင်းအဝတ်လဲခန်းထဲက လျှို့ဝှက်ချက်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ အဲ့တာကတော့ လီဗာပူးအသင်းသားတွေက ဒီရာသီမှာ ဆုဖလားအောင်မြင်မှု တစ်ခုခုရမယ်ဆိုရင် အသင်းလိုက် ရူးသွပ်တဲ့ အပြုအမှုတစ်ခု ပြုလုပ်ကြမယ်လို့ ညိနှိုင်းနေကြခြင်းဖြစ်တယ်။ အဆိုပါ တစ်ခုခုကတော့ တစ်သင်းလုံး ကတုံး တုံးကြမလား (သို့) ထူးထူးခြားခြား အရောင်ခြယ်ကြမလားဖြစ်ပါတယ်။
လက်ရှိအချိန်ထိ အသင်းအဝတ်လဲခန်းမှာ ဘာလုပ်ဖြစ်မယ်ဆိုတာကို သဘောတူညီမှုတော့ မရသေးပါဘူး။ အကြောင်းကတော့ ကလပ်ရဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက်က အဆိုပြုချက်ကို ငြင်းဆန်ထားလို့ပါပဲ။ ဗန်ဒိုက်ကတော့ သူ့ရဲ့ ကေအလန်းကို လုံးဝ အထိခံမှာ မဟုတ်ပဲ လီဗာပူးတစ်သင်းလုံးနဲ့ ဆန့်ကျင်ရမယ်ဆိုရင်တောင် ကတုံး တုံးခြင်းကော၊ ဆေးခြယ်ခြင်းကိုကော အပြည့်အဝ ငြင်းဆန်ပါတယ်။
လိုဗရန်က ” ဗန်ဒိုက်က ငယ်ငယ်ကတည်းက သူ့ဆံပင်ရှည်ကို အခုထိ ဆက်ထားနေဆဲပါ။ ကျနော်တို့မှာ ချန်ပီယံလိဂ်ဖလား အနိုင်ရရင် ကတုံး တုံးကြမယ် (သို့) ဆံပင်ကို ထူးထူးခြားခြားတွေ ဆေးခြယ်ကြမယ်ဆိုပြီး အကြံဉာဏ်ရှိတယ်။ ဗန်ဒိုက်ကတော့ ဆံပင်ကို အထိမခံမယ့် တစ်ဦးတည်းသော သူပါပဲ။
ဒီတော့ ကျနော်က ‘သူငယ်ချင်း လုပ်မယ့်လုပ် အကုန်လုပ်ရမယ်။ ငါတို့က အသင်းဆိုရင်၊ အသင်းလိုပဲ အားလုံး အတူတူလုပ်ရမယ်’ ဆိုပြီး ပြောရတာပေါ့ ” လို့ ရယ်ရယ်မောမော ပြောပါတယ်။
ခရိုအေးရှား ခံစစ်မှူးကပဲ ဆက်လက်ပြီး ” ဟုတ်ပါတယ်။ ကျနေ်ာတို့ ဗိုလ်လုပွဲကို နောက်တစ်ကြိမ်သွားနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဗန်ဒိုက်ကိုလည်း အဲ့တာနဲ့ပက်သက်ပြီး စိုးရိမ်ထိတ်လန့်နေရအောင် လုပ်သွားပါမယ် ” ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရာသီကုန်မှာ လီဗာပူးတစ်သင်းလုံးကို ကတုံး ပြောင်ပြောင် (သို့) ဆေးရောင် ကြောင်ကြောင်ကြားကြားနဲ့ မြင်ရမယ်ဆိုရင်တော့ ထူးထူးဆန်းဆန်းတွေ ဖြစ်ကုန်ကြမှာပါ။ ဒါပေမယ့် အဲ့သည်လို ဖြစ်လာခဲ့ရင် လီဗာပူးဟာ ဆုဖလား အောင်မြင်မှုတစ်ခုခု ရခဲ့လို့ပဲ ဖြစ်လာပါလိမ့်မယ်။
Sports Home Time
