ခ်န္ပီယံလိဂ္မွာ လီဗာပူးကို အထင္ေသးခဲ့တာ အရမ္းမွားသြားေၾကာင္း ဝန္ခံလိုက္တဲ့ ေမာ္ရင္ညိဳ

[Zawgyi] ပရီးမီးယားလိဂ္ မန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳက ခ်န္ပီယံလိဂ္ 16 သင္းအဆင့္မွာ လီဗာပူးက ဘိုင္ယန္ျမဴနစ္ကို ဂိုးျပတ္ အႏုိင္ရတာက မာေဆးဆိုဒ္ကလပ္အေပၚ သူ႔ရဲ႕ ယူဆခ်က္ မွားယြင္တယ္ဆိုတာ ျမင္ခဲ့ရတာျဖစ္ေၾကာင္း ဝန္ခံလိုက္ပါတယ္။

ေမာ္ရင္ညိဳက ကြာတားအဆင့္ကို ဘိုင္ယန္ျမဴးနစ္ကပဲ တက္ေရာက္လာမယ္လို႔ ယူဆခဲ့တာပါ။ အရင္အပတ္တုန္းကပဲ သူက ” ဒီရာသီ ဘိုင္ယန္ျမဴးနစ္ အတက္အက် မ်ားခဲ့တာကို က်ေန္ာ ျမင္ထားရတယ္။ အခုခ်ိန္မွာေတာ့ သူတို႔ ရလဒ္ေတြ ျပန္ေကာင္းလာပါျပီ။ ဘိုင္ယန္က ဂိုးေတြ သြင္းယူႏုိင္တဲ့အသင္းျဖစ္ျပီး က်ေန္ာကေတာ့ ဘိုင္ယန္ အႏုိင္ရမယ္ ေရြးခ်ယ္ပါတယ္ ” လို႔ ဆိုခဲ့တာပါ။

ဒါေပမယ့္ ခ်န္ပီယံလိဂ္မွာ လီဗာပူးအသင္း အႏုိင္ရခဲ့တဲ့ေနာက္ သူ႔ရဲ႕ ထင္ျမင္ခ်က္ မွားယြင္းခဲ့တာကို ဝန္ခံခဲ့ပါတယ္။ ” က်ေနာ္ရဲ႕ ေဝဖန္သံုးသပ္မႈက ဘိုင္ယန္ျမဴးနစ္ရဲ႕ အစဥ္အလာကို မူတည္ျပီး သံုးသပ္ခဲ့တာပါ။ ဘိုင္ယန္က ကြာတားအဆင့္ကို 9 ရာသီဆက္တုိက္ တက္ေရာက္ထားတာပါ။ ဒီေတာ့ ကိုးရာသီအတြင္း ပထမဆံုးအၾကိမ္အျဖစ္ သူတို႔ ကြာတားဖိုင္နယ္ကို မတက္ေရာက္ႏုိင္ေတာ့ပါဘူး ” လို႔ဆိုပါတယ္။

ဆာဒီယိုမာေနးရဲ႕ သြင္းဂိုးေတြက ခ်န္ပီယံလိဂ္မွာ လီဗာပူးကို အသာရဖို႔ ျဖစ္ေစခဲ့တာပါ။ ေမာ္ရင္ညိဳက ဆက္လက္ျပီး ” လီဗာပူးကို ၾကည့္မယ္ဆိုရင္ သူတို႔က ပရီးမီးယားလိဂ္မွာ ရလဒ္ေတြ က်ဆင္းေနျပီး အမွတ္ေတြ ဆံုးရံွဴးထားခဲ့တယ္။ ခ်န္ပီယံလိဂ္မွာ ဒီရာသီ အေကာင္းဆံုး စြမ္းေဆာင္ရည္နဲ႔ သူတို႔ အႏုိင္ယူျပခဲ့တာ ေသခ်ာပါတယ္။

လီဗာပူးအသင္း ဒီအဆင့္ကိုေရာက္လာတာက က်ေန္ာကို အံ့ၾသေစပါတယ္။ သူတို႔ကေတာ့ ကိုယ္ဘာသာ ယံုၾကည္မႈရွိေနမယ္လို႔ က်ေန္ာထင္တယ္။ သူတို႔ရဲ႕ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္အေပၚ အားလံုးကေတာ့ အံ့ၾသသင့္ခဲ့ရပါတယ္။ ခ်န္ပီယံလိဂ္မွာ တိုက္ခိုက္ျပီး ေနရာေကာင္းကို ယူႏုိင္ခဲ့တယ္။ စိတ္ဓါတ္ပိုင္းအရလည္း သူတို႔က ျပန္လည္ႏိုးထလာျပီး အဲ့သည္စြမ္းေဆာင္ရည္ကို ပရီးမီးယားလိဂ္ထံပါ ယူေဆာင္လာႏုိင္ပါတယ္ ” လို႔ ဆိုပါတယ္။

ေမာ္ရင္ညိဳက လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးေပမယ့္ ဘိုင္ယန္ရဲ႕ ေျခစြမး္ကို သိပ္ျပီး စိတ္တုိင္းမက်ပါဘူး။ သူကေတာ့ ဘိုင္ယန္ဟာ တိုက္စစ္မွာ ကစားဖို႔ မဝံ့မရဲျဖစ္ခဲ့ျပီး လီဝမ္ေဒါစကီးကိုပဲ တိုက္စစ္တင္ခဲ့ကာ ကြင္းလယ္ကလည္း ဖိအားေပးမႈေတြ မလုပ္ႏုိင္ဘူးလို႔ ေဝဖန္ခဲ့တယ္။ အထူးသျဖင့္ ဂ်ိမ္းရိုဒရီဂြက္စ္ဟာ တိုက္စစ္သမားေတြနဲ႔ ခ်ိတ္ဆက္မႈ မလုပ္ႏုိင္တာ စိတ္ပ်က္စရာပဲလို႔ ဆိုပါတယ္။

လီဗာပူးဟာ ေပၚတိုကို အႏုိင္ယူ ေက်ာ္ျဖတ္ဖို႔ လိုအပ္မွာျဖစ္ျပီး စြမ္းေဆာင္ႏုိင္မယ္ဆိုရင္ ဆီမီးအဆင့္မွာ ယူႏုိက္တက္၊ ဘာစီလိုနာအတြဲက အႏုိင္ရလာတဲ့အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ် မန်နေဂျာဟောင်း မော်ရင်ညိုက ချန်ပီယံလိဂ် 16 သင်းအဆင့်မှာ လီဗာပူးက ဘိုင်ယန်မြူနစ်ကို ဂိုးပြတ် အနိုင်ရတာက မာဆေးဆိုဒ်ကလပ်အပေါ် သူ့ရဲ့ ယူဆချက် မှားယွင်တယ်ဆိုတာ မြင်ခဲ့ရတာဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။

မော်ရင်ညိုက ကွာတားအဆင့်ကို ဘိုင်ယန်မြူးနစ်ကပဲ တက်ရောက်လာမယ်လို့ ယူဆခဲ့တာပါ။ အရင်အပတ်တုန်းကပဲ သူက ” ဒီရာသီ ဘိုင်ယန်မြူးနစ် အတက်အကျ များခဲ့တာကို ကျနေ်ာ မြင်ထားရတယ်။ အခုချိန်မှာတော့ သူတို့ ရလဒ်တွေ ပြန်ကောင်းလာပါပြီ။ ဘိုင်ယန်က ဂိုးတွေ သွင်းယူနိုင်တဲ့အသင်းဖြစ်ပြီး ကျနေ်ာကတော့ ဘိုင်ယန် အနိုင်ရမယ် ရွေးချယ်ပါတယ် ” လို့ ဆိုခဲ့တာပါ။

ဒါပေမယ့် ချန်ပီယံလိဂ်မှာ လီဗာပူးအသင်း အနိုင်ရခဲ့တဲ့နောက် သူ့ရဲ့ ထင်မြင်ချက် မှားယွင်းခဲ့တာကို ဝန်ခံခဲ့ပါတယ်။ ” ကျနော်ရဲ့ ဝေဖန်သုံးသပ်မှုက ဘိုင်ယန်မြူးနစ်ရဲ့ အစဉ်အလာကို မူတည်ပြီး သုံးသပ်ခဲ့တာပါ။ ဘိုင်ယန်က ကွာတားအဆင့်ကို 9 ရာသီဆက်တိုက် တက်ရောက်ထားတာပါ။ ဒီတော့ ကိုးရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် သူတို့ ကွာတားဖိုင်နယ်ကို မတက်ရောက်နိုင်တော့ပါဘူး ” လို့ဆိုပါတယ်။

ဆာဒီယိုမာနေးရဲ့ သွင်းဂိုးတွေက ချန်ပီယံလိဂ်မှာ လီဗာပူးကို အသာရဖို့ ဖြစ်စေခဲ့တာပါ။ မော်ရင်ညိုက ဆက်လက်ပြီး ” လီဗာပူးကို ကြည့်မယ်ဆိုရင် သူတို့က ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ကျဆင်းနေပြီး အမှတ်တွေ ဆုံးရံှူးထားခဲ့တယ်။ ချန်ပီယံလိဂ်မှာ ဒီရာသီ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ သူတို့ အနိုင်ယူပြခဲ့တာ သေချာပါတယ်။

လီဗာပူးအသင်း ဒီအဆင့်ကိုရောက်လာတာက ကျနေ်ာကို အံ့သြစေပါတယ်။ သူတို့ကတော့ ကိုယ်ဘာသာ ယုံကြည်မှုရှိနေမယ်လို့ ကျနေ်ာထင်တယ်။ သူတို့ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်အပေါ် အားလုံးကတော့ အံ့သြသင့်ခဲ့ရပါတယ်။ ချန်ပီယံလိဂ်မှာ တိုက်ခိုက်ပြီး နေရာကောင်းကို ယူနိုင်ခဲ့တယ်။ စိတ်ဓါတ်ပိုင်းအရလည်း သူတို့က ပြန်လည်နိုးထလာပြီး အဲ့သည်စွမ်းဆောင်ရည်ကို ပရီးမီးယားလိဂ်ထံပါ ယူဆောင်လာနိုင်ပါတယ် ” လို့ ဆိုပါတယ်။

မော်ရင်ညိုက လီဗာပူးရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပေမယ့် ဘိုင်ယန်ရဲ့ ခြေစွမ်းကို သိပ်ပြီး စိတ်တိုင်းမကျပါဘူး။ သူကတော့ ဘိုင်ယန်ဟာ တိုက်စစ်မှာ ကစားဖို့ မဝံ့မရဲဖြစ်ခဲ့ပြီး လီဝမ်ဒေါစကီးကိုပဲ တိုက်စစ်တင်ခဲ့ကာ ကွင်းလယ်ကလည်း ဖိအားပေးမှုတွေ မလုပ်နိုင်ဘူးလို့ ဝေဖန်ခဲ့တယ်။ အထူးသဖြင့် ဂျိမ်းရိုဒရီဂွက်စ်ဟာ တိုက်စစ်သမားတွေနဲ့ ချိတ်ဆက်မှု မလုပ်နိုင်တာ စိတ်ပျက်စရာပဲလို့ ဆိုပါတယ်။

လီဗာပူးဟာ ပေါ်တိုကို အနိုင်ယူ ကျော်ဖြတ်ဖို့ လိုအပ်မှာဖြစ်ပြီး စွမ်းဆောင်နိုင်မယ်ဆိုရင် ဆီမီးအဆင့်မှာ ယူနိုက်တက်၊ ဘာစီလိုနာအတွဲက အနိုင်ရလာတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Sports Home Time