မန္စီးတီး၊ စပါး ထိပ္တိုက္ေတြ႔မႈမွာ ဘယ္အသင္း အသာရမလဲ ဂြာဒီယိုလာ အေျဖေပး

[Zawgyi] မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက 12 ရက္အတြင္း သံုးၾကိမ္ ေတြ႔ဆံုရမယ့္ စပါးနဲ႔ပြဲအတြက္ စိတ္သက္သက္သာသာ ရွိေနပါေၾကာင္း ထုတ္ေျပာလာပါတယ္။ ႏွစ္သင္းဟာ ခ်န္ပီယံလိဂ္မွာ ႏွစ္ေက်ာ့ကစားျပီး 3 ရက္အၾကာမွာေတာ့ ပရီးမီးယားလိဂ္မွာ ထိပ္တိုက္ေတြ႔ဦးမွာျဖစ္တယ္။

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ မဲခြဲမႈမွာေတာ့ အဂၤလန္အသင္းခ်င္း ထိပ္တိုက္ေတြ႔မႈအျဖစ္ မန္စီးတီးနဲ႔ စပါးတို႔ ထိပ္တုိက္ေတြ႔ၾကတာပါ။ အျခားေသာ ျပိဳင္ဘက္ေတြအျဖစ္ လီဗာပူးက ေပၚတိုနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ယူႏုိက္တက္က ဘာစီလိုနာနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ဂြာဒီယိုလာက စပါးနဲ႔ မန္စီးတီးပြဲမွာ ဘယ္အသင္း အႏုိင္ရမလဲဆိုတာက 50/50 ပါလို႔ ဆိုပါတယ္။

ပထမအေက်ာ့ကိုေတာ့ ဧပရယ္လ 9 ရက္ေန႔မွာ ယွဥ္ျပိဳင္မွာျဖစ္ျပီး စပါးတို႔ရဲ႕ အိမ္ကြင္းသစ္မွာ ယွဥ္ျပိဳင္မႈလည္း ျဖစ္ပါတယ္။ ဒုတိယအေက်ာ့ကိုေတာ့ ဧပရယ္လ 17 ရက္ေန႔ အီသီဟတ္မွာ ယွဥ္ျပိဳင္သြားမွာျဖစ္တယ္။ ရက္ပိုင္းအၾကာမွာေတာ့ အမွတ္ေပးဖလား ကာကြယ္ဖို႔ ၾကိဳးစားေနတဲ့ စီးတီးဟာ အီသီဟတ္မွာပဲ စပါးနဲ႔ ထပ္မံ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။

ဂြာဒီယိုလာကေတာ့ ” စပါးနဲ႔ အတြဲက်ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မွာ ကြာတားဖိုင္နယ္ေတြကို ကစားရမွာက ေက်နပ္စရာပါပဲ။ က်ေနာ္တုိ႔ အခ်င္းခ်င္း ေကာင္းေကာင္းၾကီး သိထားသလို ေလးစားမႈေတြလည္း အျပန္အလွန္ ရွိထားတယ္။ အေျခအေနက 50/50 ပါပဲ။ ျဖစ္ႏုိင္သေလာက္ အေကာင္းဆံုး အေျခအေနေတြအတြက္ ႏွစ္ပြဲလံုးကို အေကာင္းဆံုး ကစားသြားမွာပါ။

အသင္းတိုင္းက အားသာခ်က္၊ အားနည္းခ်က္ရွိတယ္။ က်ေန္ာတုိ႔လည္း အတူတူပါပဲ။ က်ေနာ္ကေတာ့ စပါးအေၾကာင္းပဲ ေတြးပါတယ္။ တကယ္ကို ေလးစားျပီး သူတို႔အေၾကာင္း ေကာင္းေကာင္းသိတယ္။ အဲ့သည္ပြဲက ခက္ပါမယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္မွာ အျခားအသင္းေတြအေၾကာင္း ေျပာမယ္ဆိုရင္လည္း တူတူပါပဲ ” လို႔ ဆိုပါတယ္။

မန္စီးတီးဟာ ကြာတားဖိုင္နယ္မွာ စပါးကို ေက်ာ္ျဖတ္ႏုိင္မယ္ဆိုရင္ ဆီမီးအဆင့္မွာေတာ့ ေအဂ်က္နဲ႔ ဂ်ဴဗင္တပ္တို႔အတြဲမွာ အႏုိင္ရတဲ့အသင္းနဲ႔ ထိပ္တုိက္ေတြ႔မွာပါ။ ဒါေၾကာင့္ ခက္ခဲမႈေတြကေတာ့ မျပီးေသးဘူးလို႔ ဆိုရမွာျဖစ္တယ္။ မႏွစ္တုန္းက မန္စီးတီးဟာ ကြာတားအဆင့္မွာပဲ အဂၤလန္အသင္းျဖစ္တဲ့ လီဗာပူးနဲ႔ ထိပ္တိုက္ ေတြ႔ခဲ့ပါေသးတယ္။ အဲ့သည္တုန္းကေတာ့ ႏွစ္ေက်ာ့ေပါင္ 5-1 နဲ႔ အေရးနိမ့္ကာ ျပိဳင္ပြဲကာ ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက 12 ရက်အတွင်း သုံးကြိမ် တွေ့ဆုံရမယ့် စပါးနဲ့ပွဲအတွက် စိတ်သက်သက်သာသာ ရှိနေပါကြောင်း ထုတ်ပြောလာပါတယ်။ နှစ်သင်းဟာ ချန်ပီယံလိဂ်မှာ နှစ်ကျော့ကစားပြီး 3 ရက်အကြာမှာတော့ ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့ဦးမှာဖြစ်တယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုမှာတော့ အင်္ဂလန်အသင်းချင်း ထိပ်တိုက်တွေ့မှုအဖြစ် မန်စီးတီးနဲ့ စပါးတို့ ထိပ်တိုက်တွေ့ကြတာပါ။ အခြားသော ပြိုင်ဘက်တွေအဖြစ် လီဗာပူးက ပေါ်တိုနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူနိုက်တက်က ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဂွာဒီယိုလာက စပါးနဲ့ မန်စီးတီးပွဲမှာ ဘယ်အသင်း အနိုင်ရမလဲဆိုတာက 50/50 ပါလို့ ဆိုပါတယ်။

ပထမအကျော့ကိုတော့ ဧပရယ်လ 9 ရက်နေ့မှာ ယှဉ်ပြိုင်မှာဖြစ်ပြီး စပါးတို့ရဲ့ အိမ်ကွင်းသစ်မှာ ယှဉ်ပြိုင်မှုလည်း ဖြစ်ပါတယ်။ ဒုတိယအကျော့ကိုတော့ ဧပရယ်လ 17 ရက်နေ့ အီသီဟတ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်တယ်။ ရက်ပိုင်းအကြာမှာတော့ အမှတ်ပေးဖလား ကာကွယ်ဖို့ ကြိုးစားနေတဲ့ စီးတီးဟာ အီသီဟတ်မှာပဲ စပါးနဲ့ ထပ်မံ ယှဉ်ပြိုင်ရမှာဖြစ်တယ်။

ဂွာဒီယိုလာကတော့ ” စပါးနဲ့ အတွဲကျခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်တွေကို ကစားရမှာက ကျေနပ်စရာပါပဲ။ ကျနော်တို့ အချင်းချင်း ကောင်းကောင်းကြီး သိထားသလို လေးစားမှုတွေလည်း အပြန်အလှန် ရှိထားတယ်။ အခြေအနေက 50/50 ပါပဲ။ ဖြစ်နိုင်သလောက် အကောင်းဆုံး အခြေအနေတွေအတွက် နှစ်ပွဲလုံးကို အကောင်းဆုံး ကစားသွားမှာပါ။

အသင်းတိုင်းက အားသာချက်၊ အားနည်းချက်ရှိတယ်။ ကျနေ်ာတို့လည်း အတူတူပါပဲ။ ကျနော်ကတော့ စပါးအကြောင်းပဲ တွေးပါတယ်။ တကယ်ကို လေးစားပြီး သူတို့အကြောင်း ကောင်းကောင်းသိတယ်။ အဲ့သည်ပွဲက ခက်ပါမယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ အခြားအသင်းတွေအကြောင်း ပြောမယ်ဆိုရင်လည်း တူတူပါပဲ ” လို့ ဆိုပါတယ်။

မန်စီးတီးဟာ ကွာတားဖိုင်နယ်မှာ စပါးကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ဆီမီးအဆင့်မှာတော့ အေဂျက်နဲ့ ဂျူဗင်တပ်တို့အတွဲမှာ အနိုင်ရတဲ့အသင်းနဲ့ ထိပ်တိုက်တွေ့မှာပါ။ ဒါကြောင့် ခက်ခဲမှုတွေကတော့ မပြီးသေးဘူးလို့ ဆိုရမှာဖြစ်တယ်။ မနှစ်တုန်းက မန်စီးတီးဟာ ကွာတားအဆင့်မှာပဲ အင်္ဂလန်အသင်းဖြစ်တဲ့ လီဗာပူးနဲ့ ထိပ်တိုက် တွေ့ခဲ့ပါသေးတယ်။ အဲ့သည်တုန်းကတော့ နှစ်ကျော့ပေါင် 5-1 နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကာ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

Sports Home Time