[Zawgyi] မက္ဆီက ဘာစီလိုနာ – လိုင္ယြန္ ပြဲစဥ္ထက္ ၂၄ နာရီ ေစာ ကန္သြားတဲ့ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ ပြဲစဥ္မွာ အက္သက္တီကိုဘက္ ဟက္ထရစ္သြင္းသြားတဲ့ ဂ်ဴဗပ္တပ္တိုက္စစ္သမား စီရိုနယ္ဒိုရဲ႕ မွတ္တမ္းေကာင္းကို ေနာက္ရက္မွာ လိုင္ယြန္ကို ၂ ဂိုးသြင္းျပီး တုန္႔ျပန္သြားပါတယ္။
ဒါေပမယ့္ စကိုင္းက ေဖာ္ျပတဲ့ အခ်က္အလက္ပိုင္းဆုိင္ရာ ႏႈိင္းယွဥ္ျပမႈေတြမွာေတာ့ ခရစၥတီယာနုိ စီရိုနယ္ဒိုရဲ႕ ခ်န္ပီယံလိဂ္ မွတ္တမ္းေတြက သူနဲ႕ ေခတ္ျပိဳင္ ျပိဳင္ဘက္ လီယြန္နက္ မက္ဆီထက္ သာလြန္ ေကာင္းမြန္ေနဆဲ ျဖစ္ပါတယ္။
လိုင္ယြန္ကို ၅ ဂိုး ၁ ဂိုးနဲ႕ နုိင္တဲ့ပြဲမွွာ ပင္နယ္တီ တစ္ဂိုး အပါအ၀င္ မက္ဆီက ၂ ဂိုး သြင္းျပီး အသင္းကို ေနာက္တစ္ဆင့္ေရာက္ေအာင္ ကူညီေပးခဲ့ေပမယ့္ ရိုနယ္ဒိုကေတာ့ ပထမအေက်ာ့ရွံဳးပြဲေတြ႔ထားတဲ့ ဂ်ဴဗင္တပ္အတြက္ ဟက္ထရစ္သြင္းျပီး ဆယ္တင္သြားကာ ခ်န္ပီယံလိဂ္ ဘုရင္ဘြဲ႕ကုိ ဆက္ထိန္းသြားပါတယ္။
ရိုနယ္ဒိုက ခ်န္ပီယံလိဂ္ ပြဲ ၁၆၀ မွာ ၁၂၄ ဂိုး သြင္းျပီး ဒီျပိဳင္ပြဲမွၾ ဂိုးအမ်ားဆံုး သြင္းသူ အျဖစ္ မွတ္တမ္း၀င္ထားကာ မက္ဆီကေတာ့ ၁၃၁ ပြဲမွာ ၁၀၈ ဂိုး သြင္းယူထားပါတယ္။ ရိုနယ္ဒိုက ခ်န္ပီယံလိဂ္ ၅ ၾကိမ္ ဗိုလ္စြဲဖူးျပီး မက္ဆီကေတာ့ ၄ ၾကိမ္ပါ။ ဒီနွစ္မွာလည္း ရိုနယ္ဒိုက ၆ ၾကိမ္ ဗိုလ္စြဲဖူးတဲ့ ပထမဆံုး ကစားသမား အျဖစ္ စံခ်ိန္တင္ဖို႔ ပစ္မွတ္ထားေနပါတယ္။

မက္ဆီရဲ႕ မွတ္တမ္းမွာ ရိုနယ္ဒိုထက္ တစ္ဂိုးရဖို႔ ပ်မ္းမွ် ၾကာခ်ိန္မိနစ္မွာ မိနစ္ ၁၀၀ နဲ႕ ရိုနယ္ဒိုရဲ႕ ၁၁၂ မိနစ္ထက္ အသာရထားေသာ္လည္း အျခားေသာ ေယဘုယ် အခ်က္အလက္မ်ားမွာ မယွဥ္နုိင္ေသးပါဘူး။ ရိုနယ္ဒိုရဲ႕ ထံုးစံကလည္း သူ႔ကို အလိုအပ္ဆံုး အဆံုးအျဖတ္ အခ်ိန္မ်ိဳးေတြမွာဆို အထင္ရွားဆံုး ေတာက္ပတတ္ပါတယ္။ ခ်န္ပီယံလိဂ္ ရွံဳးထြက္ အဆင့္ ပြဲစဥ္ ၇၇ ပြဲမွာ ရိုနယ္ဒိုက ၆၃ ဂိုး သြင္းယူထားျပီး မက္ဆီက ၆၄ ပြဲမွာ ၄၂ ဂိုး သြင္းယူထားပါတယ္။ ဒါေၾကာင့္ ရွံဳးထြက္ အဆင့္မွာသာ ဂိုး ရနႈန္းကို တြက္ရင္ ရိုနယ္ဒိုက ၁၀၈ မိနစ္ တိုင္း ၁ ဂိုး ရေနျပီး မက္ဆီကေတာ့ ၁၃၁ မိနစ္ ၾကာပါတယ္။
၄င္းတို႔ နွစ္ဦးလံုးရဲ႕ ခ်န္ပီယံလိဂ္ ဟက္ထရစ္က ၈ ၾကိမ္စီ ရွိထားျပီး ရိုနယ္ဒိုက ရွံဳးထြက္အဆင့္မွာ ၄ ၾကိမ္ ရထားကာ မက္ဆီက ၂ ၾကိမ္သာ ပါ၀င္ထားပါတယ္။ ၄င္းတို႔ နွစ္ဦးရဲ႕ ခ်န္ပီယံလိဂ္ ျပိဳင္ဆိုင္မႈက ဒီရာသီမွာလည္း ဆက္လက္ အရွိန္ေကာင္းေနဖို႔ ရွိျပီး ဂ်ဴဗင္တပ္နဲ႕ ဘာစီလိုနာတို႔ ကြာတားဖိုင္နယ္ အဆင့္ ဘယ္အသင္းေတြနဲ႕ ေတြ႕ၾကမယ္ဆိုတာ မၾကာခင္ သိရေတာ့မွာပါ။
သူတို႔ နွစ္ဦး ကြာတားဖိုင္နယ္ အဆင့္မွာတင္ ထိပ္တိုက္ေတြ႔ၾကမလား.. ဗိုလ္လုပြဲမွ ပြဲေကာင္း အျဖစ္ ဆံုၾကမလား ေစာင့္ၾကည့္ ရင္ခုန္စရာပါ။
Sports Home Time

[Unicode] မက်ဆီက ဘာစီလိုနာ – လိုင်ယွန် ပွဲစဉ်ထက် ၂၄ နာရီ စော ကန်သွားတဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်မှာ အက်သက်တီကိုဘက် ဟက်ထရစ်သွင်းသွားတဲ့ ဂျူဗပ်တပ်တိုက်စစ်သမား စီရိုနယ်ဒိုရဲ့ မှတ်တမ်းကောင်းကို နောက်ရက်မှာ လိုင်ယွန်ကို ၂ ဂိုးသွင်းပြီး တုန့်ပြန်သွားပါတယ်။
ဒါပေမယ့် စကိုင်းက ဖော်ပြတဲ့ အချက်အလက်ပိုင်းဆိုင်ရာ နှိုင်းယှဉ်ပြမှုတွေမှာတော့ ခရစ္စတီယာနို စီရိုနယ်ဒိုရဲ့ ချန်ပီယံလိဂ် မှတ်တမ်းတွေက သူနဲ့ ခေတ်ပြိုင် ပြိုင်ဘက် လီယွန်နက် မက်ဆီထက် သာလွန် ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။
လိုင်ယွန်ကို ၅ ဂိုး ၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ပင်နယ်တီ တစ်ဂိုး အပါအဝင် မက်ဆီက ၂ ဂိုး သွင်းပြီး အသင်းကို နောက်တစ်ဆင့်ရောက်အောင် ကူညီပေးခဲ့ပေမယ့် ရိုနယ်ဒိုကတော့ ပထမအကျော့ရှုံးပွဲတွေ့ထားတဲ့ ဂျူဗင်တပ်အတွက် ဟက်ထရစ်သွင်းပြီး ဆယ်တင်သွားကာ ချန်ပီယံလိဂ် ဘုရင်ဘွဲ့ကို ဆက်ထိန်းသွားပါတယ်။
ရိုနယ်ဒိုက ချန်ပီယံလိဂ် ပွဲ ၁၆၀ မှာ ၁၂၄ ဂိုး သွင်းပြီး ဒီပြိုင်ပွဲမြှ ဂိုးအများဆုံး သွင်းသူ အဖြစ် မှတ်တမ်းဝင်ထားကာ မက်ဆီကတော့ ၁၃၁ ပွဲမှာ ၁၀၈ ဂိုး သွင်းယူထားပါတယ်။ ရိုနယ်ဒိုက ချန်ပီယံလိဂ် ၅ ကြိမ် ဗိုလ်စွဲဖူးပြီး မက်ဆီကတော့ ၄ ကြိမ်ပါ။ ဒီနှစ်မှာလည်း ရိုနယ်ဒိုက ၆ ကြိမ် ဗိုလ်စွဲဖူးတဲ့ ပထမဆုံး ကစားသမား အဖြစ် စံချိန်တင်ဖို့ ပစ်မှတ်ထားနေပါတယ်။

မက်ဆီရဲ့ မှတ်တမ်းမှာ ရိုနယ်ဒိုထက် တစ်ဂိုးရဖို့ ပျမ်းမျှ ကြာချိန်မိနစ်မှာ မိနစ် ၁၀၀ နဲ့ ရိုနယ်ဒိုရဲ့ ၁၁၂ မိနစ်ထက် အသာရထားသော်လည်း အခြားသော ယေဘုယျ အချက်အလက်များမှာ မယှဉ်နိုင်သေးပါဘူး။ ရိုနယ်ဒိုရဲ့ ထုံးစံကလည်း သူ့ကို အလိုအပ်ဆုံး အဆုံးအဖြတ် အချိန်မျိုးတွေမှာဆို အထင်ရှားဆုံး တောက်ပတတ်ပါတယ်။ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပွဲစဉ် ၇၇ ပွဲမှာ ရိုနယ်ဒိုက ၆၃ ဂိုး သွင်းယူထားပြီး မက်ဆီက ၆၄ ပွဲမှာ ၄၂ ဂိုး သွင်းယူထားပါတယ်။ ဒါကြောင့် ရှုံးထွက် အဆင့်မှာသာ ဂိုး ရနှုန်းကို တွက်ရင် ရိုနယ်ဒိုက ၁၀၈ မိနစ် တိုင်း ၁ ဂိုး ရနေပြီး မက်ဆီကတော့ ၁၃၁ မိနစ် ကြာပါတယ်။
၎င်းတို့ နှစ်ဦးလုံးရဲ့ ချန်ပီယံလိဂ် ဟက်ထရစ်က ၈ ကြိမ်စီ ရှိထားပြီး ရိုနယ်ဒိုက ရှုံးထွက်အဆင့်မှာ ၄ ကြိမ် ရထားကာ မက်ဆီက ၂ ကြိမ်သာ ပါဝင်ထားပါတယ်။ ၎င်းတို့ နှစ်ဦးရဲ့ ချန်ပီယံလိဂ် ပြိုင်ဆိုင်မှုက ဒီရာသီမှာလည်း ဆက်လက် အရှိန်ကောင်းနေဖို့ ရှိပြီး ဂျူဗင်တပ်နဲ့ ဘာစီလိုနာတို့ ကွာတားဖိုင်နယ် အဆင့် ဘယ်အသင်းတွေနဲ့ တွေ့ကြမယ်ဆိုတာ မကြာခင် သိရတော့မှာပါ။
သူတို့ နှစ်ဦး ကွာတားဖိုင်နယ် အဆင့်မှာတင် ထိပ်တိုက်တွေ့ကြမလား.. ဗိုလ်လုပွဲမှ ပွဲကောင်း အဖြစ် ဆုံကြမလား စောင့်ကြည့် ရင်ခုန်စရာပါ။
Sports Home Time
