[Zawgyi] လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္တဲ့ စတုတၳေျမာက္ကလပ္အျဖစ္ ဒီမနက္မွာပဲ ဘိုင္ယန္ကို အေဝးကြင္းမွာ 3-1 နဲ႔ အႏုိင္ယူျပီး ေနာက္တစ္ဆင့္ကို တက္ေရာက္သြားပါျပီ။
လြန္ခဲ့တဲ့ ႏွစ္ပတ္က အန္ဖီးကြင္းမွာ ဂိုးမရွိ သေရက်ခဲ့ေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ မာေနးရဲ႕ ထူးခၽြန္တဲ့ သြင္းဂိုးေတြ၊ ဗန္ဒိုက္ရဲ႕ အားပါျပင္းထန္တဲ့ ေခါင္းတိုက္သြင္းဂိုးေတြေၾကာင့္ ဧည့္သည္ လီဗာပူးက အႏုိင္ရခဲ့တာပါ။ ဘိုင္ယန္အတြက္ ေျခပဂိုးကလည္း လီဗာပူးခံစစ္သမား မာတစ္ ကိုယ္ဂိုးကို သြင္းယူမိခဲ့ျခင္း ျဖစ္ပါတယ္။
ကြာတားအဆင့္ မဲခြဲမႈေတြကို ဒီကေန႔မွာ ဆြစ္ဇလန္ႏိုင္ငံ ႏိုင္ယြန္ျမိဳ႕မွာ ဒီကေန႔ ျပဳလုပ္ပါမယ္။ ကြာတားအဆင့္မွာ ႏုိင္ငံတူ ကာကြယ္မႈေတြ မရွိေတာ့ပဲ အဂၤလန္အသင္းၾကား ထိပ္တုိက္ ေတြ႔ဆံုမႈေတြလည္း ပါဝင္လာမွာပါ။ လီဗာပူးက မည့္သည့္ကလပ္အသင္းနဲ႔ ထိပ္တိုက္ေတြ႔မယ္ဆိုတာ မသိရေသးေပမယ့္ ဘိုင္ယန္ကို အႏုိင္ရတဲ့ပြဲမွာ အဝါကဒ္ရခဲ့တဲ့ ေရာ္ဘတ္ဆန္က ပထမအေက်ာ့ကို လြဲမွာျဖစ္ပါတယ္။
စေကာ့ခံစစ္သမားဟာ နာက်င္အခ်ိန္ပိုမွာ ေဂၚရက္စကာကို ဖ်တ္ထုတ္မႈကေန အဝါကဒ္ ျပသခံခဲ့ရတာပါ။ ပြဲတန္ပိုအရ ျပစ္ဒဏ္က်ဴးလြန္မိတာျဖစ္ေပမယ့္ မလိုအပ္တဲ့ အေနအထားမွာ ျပစ္ဒဏ္ျဖစ္ခဲ့ျခင္းျဖစ္တယ္။ ေရာ္ဘတ္ဆန္ကိုယ္တိုင္က သူ႔ရဲ႕အဝါကဒ္အတြက္ အေတာ္ေလး စိတ္ပ်က္ေနခဲ့တာ သိသာပါတယ္။ လီဗာပူးမွာ ဘယ္အစြန္အတြက္ မီလ္နာ၊ မိုရီႏိုတို႔ ရွိေနေပမယ့္ ေရာ္ဘတ္ဆန္လို ကစားသမားကို လက္လြတ္ရတာကေတာ့ ၾကီးမားတဲ့ ဆံုးရံွဴးမႈျဖစ္ပါတယ္။
ပြဲအျပီးမွာ ဗန္ဒိုက္က ” ဒါမ်ိဳးက ျဖစ္တတ္ပါတယ္။ သူကေတာ့ ကံမေကာင္းခဲ့တာေပါ့။ သူ႔ေနရာကို က်ေန္ာတို႔ ျဖည့္ကစားႏုိင္မွာပါ။ အသင္းမွာ အရည္အခ်င္းေကာင္းေတြ အမ်ားၾကီး ရွိပါတယ္။ က်ေန္ာတို႔ ၾကည့္ရမွာျဖစ္ေပမယ့္ သူ႔ေနရာကို ျဖည့္ကစားဖို႔ လူတိုင္းက အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ရပါမယ္ ” လို႔ မွတ္ခ်က္ေပးပါတယ္။
လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ ေရာ္ဘတ္ဆန္ရဲ႕ ေနာက္က် အဝါကဒ္နဲ႔ ပက္သက္ျပီး ” အဲ့တာက မိုက္မဲတဲ့ အျပဳအမႈပါ ဒါေပမယ့္ ေရာ္ဘတ္ဆန္က ငယ္ပါေသးတယ္။ အဲ့သည္အေၾကာင္းကို က်ေန္ာတို႔ ေတြးပူမေနသင့္ပါဘူး ” လို႔ တုန္႔ျပန္သြားခဲ့ပါတယ္။
ဘိုင္ယန္နဲ႔ပြဲမွာ လီဗာပူးအတြက္ ေနာက္ထပ္ အထိနာမႈကေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ပြဲအစ 15 မိနစ္ေလာက္မွာ ဒဏ္ရာရခဲ့ျခင္းျဖစ္ျပီး အသင္းေဖာ္ ဖာဘင္ညိဳနဲ႔ လူစားလဲခဲ့ရပါတယ္။ ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္တို႔ဟာ အသင္းလိုအပ္ခ်က္အရ ညာအစြန္ေနရာမွာ အားျဖည့္ကစားမႈေတြ လုပ္ဖူးၾကသူေတြျဖစ္ပါတယ္။
Sports Home Time

[Unicode] လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်တဲ့ စတုတ္ထမြောက်ကလပ်အဖြစ် ဒီမနက်မှာပဲ ဘိုင်ယန်ကို အဝေးကွင်းမှာ 3-1 နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားပါပြီ။
လွန်ခဲ့တဲ့ နှစ်ပတ်က အန်ဖီးကွင်းမှာ ဂိုးမရှိ သရေကျခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ မာနေးရဲ့ ထူးချွန်တဲ့ သွင်းဂိုးတွေ၊ ဗန်ဒိုက်ရဲ့ အားပါပြင်းထန်တဲ့ ခေါင်းတိုက်သွင်းဂိုးတွေကြောင့် ဧည့်သည် လီဗာပူးက အနိုင်ရခဲ့တာပါ။ ဘိုင်ယန်အတွက် ခြေပဂိုးကလည်း လီဗာပူးခံစစ်သမား မာတစ် ကိုယ်ဂိုးကို သွင်းယူမိခဲ့ခြင်း ဖြစ်ပါတယ်။
ကွာတားအဆင့် မဲခွဲမှုတွေကို ဒီကနေ့မှာ ဆွစ်ဇလန်နိုင်ငံ နိုင်ယွန်မြို့မှာ ဒီကနေ့ ပြုလုပ်ပါမယ်။ ကွာတားအဆင့်မှာ နိုင်ငံတူ ကာကွယ်မှုတွေ မရှိတော့ပဲ အင်္ဂလန်အသင်းကြား ထိပ်တိုက် တွေ့ဆုံမှုတွေလည်း ပါဝင်လာမှာပါ။ လီဗာပူးက မည့်သည့်ကလပ်အသင်းနဲ့ ထိပ်တိုက်တွေ့မယ်ဆိုတာ မသိရသေးပေမယ့် ဘိုင်ယန်ကို အနိုင်ရတဲ့ပွဲမှာ အဝါကဒ်ရခဲ့တဲ့ ရော်ဘတ်ဆန်က ပထမအကျော့ကို လွဲမှာဖြစ်ပါတယ်။
စကော့ခံစစ်သမားဟာ နာကျင်အချိန်ပိုမှာ ဂေါ်ရက်စကာကို ဖျတ်ထုတ်မှုကနေ အဝါကဒ် ပြသခံခဲ့ရတာပါ။ ပွဲတန်ပိုအရ ပြစ်ဒဏ်ကျူးလွန်မိတာဖြစ်ပေမယ့် မလိုအပ်တဲ့ အနေအထားမှာ ပြစ်ဒဏ်ဖြစ်ခဲ့ခြင်းဖြစ်တယ်။ ရော်ဘတ်ဆန်ကိုယ်တိုင်က သူ့ရဲ့အဝါကဒ်အတွက် အတော်လေး စိတ်ပျက်နေခဲ့တာ သိသာပါတယ်။ လီဗာပူးမှာ ဘယ်အစွန်အတွက် မီလ်နာ၊ မိုရီနိုတို့ ရှိနေပေမယ့် ရော်ဘတ်ဆန်လို ကစားသမားကို လက်လွတ်ရတာကတော့ ကြီးမားတဲ့ ဆုံးရံှူးမှုဖြစ်ပါတယ်။
ပွဲအပြီးမှာ ဗန်ဒိုက်က ” ဒါမျိုးက ဖြစ်တတ်ပါတယ်။ သူကတော့ ကံမကောင်းခဲ့တာပေါ့။ သူ့နေရာကို ကျနေ်ာတို့ ဖြည့်ကစားနိုင်မှာပါ။ အသင်းမှာ အရည်အချင်းကောင်းတွေ အများကြီး ရှိပါတယ်။ ကျနေ်ာတို့ ကြည့်ရမှာဖြစ်ပေမယ့် သူ့နေရာကို ဖြည့်ကစားဖို့ လူတိုင်းက အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရပါမယ် ” လို့ မှတ်ချက်ပေးပါတယ်။
လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကတော့ ရော်ဘတ်ဆန်ရဲ့ နောက်ကျ အဝါကဒ်နဲ့ ပက်သက်ပြီး ” အဲ့တာက မိုက်မဲတဲ့ အပြုအမှုပါ ဒါပေမယ့် ရော်ဘတ်ဆန်က ငယ်ပါသေးတယ်။ အဲ့သည်အကြောင်းကို ကျနေ်ာတို့ တွေးပူမနေသင့်ပါဘူး ” လို့ တုန့်ပြန်သွားခဲ့ပါတယ်။
ဘိုင်ယန်နဲ့ပွဲမှာ လီဗာပူးအတွက် နောက်ထပ် အထိနာမှုကတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန် ပွဲအစ 15 မိနစ်လောက်မှာ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး အသင်းဖော် ဖာဘင်ညိုနဲ့ လူစားလဲခဲ့ရပါတယ်။ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ဟာ အသင်းလိုအပ်ချက်အရ ညာအစွန်နေရာမှာ အားဖြည့်ကစားမှုတွေ လုပ်ဖူးကြသူတွေဖြစ်ပါတယ်။
Sports Home Time
