[Zawgyi] လီဗာပူးဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ပထမဆံုးအၾကိမ္အျဖစ္ 3-1 ဆိုတဲ့ ရလဒ္နဲ႔ အေဝးကြင္းႏုိင္ပြဲရျပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့ပါျပီ။ အဂၤလန္ကလပ္ ေလးသင္းလံုးဟာ ကြာတားအဆင့္ကို တက္ေရာက္လာတာျဖစ္လို႔ ျပည္တြင္းကလပ္အခ်င္းခ်င္း ထိပ္တိုက္ေတြ႔ဆံုမႈ တစ္ခုေတာ့ ပါလာမယ္ ခန္႔မွန္းရတယ္။
ဒီေတာ့ လီဗာပူးကို ကြာတားတက္ေစခဲ့တဲ့ ဘိုင္ယန္ကြင္းမွာ ဘယ္သူေတြက ေကာင္းျပီး ဘယ္သူေတြက လိုအပ္ခ်က္ေတြ မ်ားခဲ့သလဲ?
Alisson Becker – 7
ပထမပိုင္းမွာ လီဝမ္ေဒါ့စကီထံက ျခိမ္းေျခာက္မႈ တစ္ၾကိမ္ကို ကာကြယ္ခဲ့တယ္။ ဘိုင္ယန္ရဲ႕ ထိုးေဖာက္မႈကို ကာကြယ္ဖို႔ထက္ လီဗာပူးရဲ႕ ကစားကြက္ တည္ေဆာက္မႈမွာ ပါဝင္မႈ ၾကီးမားခဲ့တယ္။
Trent Alexander-Arnold – 8
ရီဘာရီလို ဝါရင့္ကစားသမားကို စိန္ေခၚရင္ဆိုင္ခဲ့ရတယ္။ ဘိုင္ယန္က ဘယ္ျခမ္းကေန ထိုးေဖာက္မႈေတြ လုပ္ဖို႔ ၾကိဳးစားခ်ိန္တိုင္း ခ်ိန္သားကိုက္တဲ့ ျဖတ္ထုတ္မႈေတြ ျမင္ေတြ႔ရတယ္။ ကိုးမန္း ဝင္ေရာက္လာခ်ိန္မွာလည္း အေကာင္းဆံုး ကိုင္တြယ္ျပခဲ့ပါတယ္။
Joel Matip – 6
ကံမေကာင္းစြာ ကိုယ္ဂိုးကို သြင္းမိခဲ့သလို ေဘာလံုးေပးမႈေတြ မေကာင္းပါဘူး။ ဒါေပမယ့္ ဒုတိယပိုင္းမွာေတာ့ က်စ္လစ္တဲ့ ကစားဟန္ကို ျပသခဲ့တယ္။ မလိုအပ္ပဲ အဝါကဒ္ယူတာကေတာ့ အျပစ္တင္စရာပါပဲ။
Virgil van Dijk 9
ကမၻာအေကာင္းဆံုး ခံစစ္သမားဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ ကိုက္ညီစြာပဲ ဘိုင္ယန္ရဲ႕ ထိုးေဖာက္မႈကို ဦးေဆာင္ ဟန္႔တားခဲ့တယ္။ ထူးခၽြန္တဲ့ ေခါင္းတိုက္သြင္းဂိုးဟာ ဘိုင္ယန္ကို ပြဲျပီးျပီလို႔ စိတ္ဓါတ္က်ေစခဲ့တယ္။

Andy Robertson – 7
သူ႔ရဲ႕အားျပင္းတဲ့ ကန္ခ်က္ကို ႏူအာ မကာကြယ္ႏုိင္ရင္ ဒီ စေကာ့သားဟာ ခ်န္ပီယံလိဂ္သြင္းဂိုးေတာင္ရဖို႔ နီးခဲ့ပါတယ္။ ပထမပိုင္းမွာ ဘိုင္ယန္က သူ႔ဘယ္ျခမ္းကို အာရံုစိုက္ ထိုးေဖာက္ခဲ့တယ္။ မာတစ္ ကိုယ္ဂိုးကို သြင္းယူခဲ့မိမႈမွာ ေရာ္ဘတ္ဆန္ရဲ႕ အမွားလည္း မကင္းပါဘူး။ ဒါေပမယ့္ စေကာ့သားကို စိတ္ပ်က္လက္ပ်က္ ျဖစ္ခဲ့တာကေတာ့ ကြာတားဖိုင္နယ္ ပထမပြဲကို အဝါကဒ္ေၾကာင့္ လြဲေခ်ာ္ရျခင္းပါပဲ။
Jordan Henderson
ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ပြဲအစ 13 မိနစ္မွာပဲ ဖာဘင္ညိဳနဲ႔ လူစားလဲခဲ့ရတယ္။
Gini Wijnaldum – 7
ပြဲၾကီးေတြမွာ ယာဂင္ကေလာ့ပ္ သံုးေလးရွိတဲ့အတိုင္း ဖိအားေပးဖို႔နဲ႔ ေဘာလံုးစတင္မႈေတြ ျပန္လုပ္ဖို႔ တာဝန္ယူခဲ့တယ္။ ထိခ်က္အခ်ိဳ႕က ေကာင္းမြန္ခဲ့ျပီး တိုက္စစ္ ေရြ႔လ်ားႏုိင္ေအာင္ ကြင္းလယ္ကေန အားထုတ္ခဲ့တယ္။
James Milner – 7
လီဗာပူးကြင္းလယ္မွာ ဖန္တီးမႈပိုင္းအတြက္ အားမကိုးႏုိင္ေပမယ့္ ျပင္းထန္တဲ့ လႈပ္အားနဲ႔အတူ အသင္းေဖာ္ေတြ ပိုမိုကစားရ အဆင္ေျပဖို႔ အားထုတ္ခဲ့တယ္။ ပြဲခ်ိန္ ပိုၾကာလာေလ သူ႔ရဲ႕ သက္ေသာင့္သက္သာ ကစားႏုိင္မႈကို ပိုျမင္ရေလ ျဖစ္ခဲ့ပါတယ္။
Mohamed Salah – 8
ဆာလက္ဟာ ဂိုးမသြင္းႏုိင္တာ အေတာ္ၾကာခဲ့ပါျပီ။ ဒီပြဲမွာေတာ့ ခံစစ္အတြက္ သူ႔ရဲ႕ အလုပ္လုပ္ႏႈန္းက အသိအမွတ္ျပဳစရာပါ။ ဘိုင္ယန္ဟာ ဆာလက္ရဲ႕ ထိုးေဖာက္ႏုိင္စြမ္းေတြကို ေၾကာက္ရြံ႔ခဲ့ျပီး ခံစစ္မွာ လူအျမဲခ်န္ခဲ့ရတယ္။ မာေနးရဲ႕ ဒုတိယသြင္းဂိုးအတြက္ ျဖတ္တင္ေဘာကေတာ့ ေသသပ္လွပါတယ္။
Roberto Firmino – 7
အတြင္းလူေနရာ ပိုဆင္းခဲ့ျပီး လႈပ္အားႏႈန္း အျပင္းထန္ဆံုးနဲ႔ တာဝန္ယူခဲ့တယ္။ တိုက္စစ္ပိုင္းမွာ ထိခ်က္ေကာင္းေတြနဲ႔ မာေနး၊ ဆာလက္တုိ႔ကို စီစဥ္မႈေတြ လုပ္ေပးျပီး ဘယ္ေတာင္ပံက ေရာ္ဘတ္ဆန္နဲ႔ ေဘာလံုးတြဲကစားမႈေတြ ျပဳလုပ္ကာ ေဘာလံုးပိုင္ဆိုင္ခ်ိန္မွာ ကစားကြက္တည္ေဆာက္မႈေတြရဲ႕ စတင္ရာအျဖစ္ ပါဝင္ပက္သက္ခဲ့တယ္။ ကန္ခ်က္ေကာင္းနဲ႔ ႏူအာကို စမ္းသပ္မႈလည္း လုပ္ခဲ့ပါတယ္။
Sadio Mane – 9
လီဗာပူးအတြက္ ေနာက္ပိုင္းပြဲေတြမွာ အေတာ္ေလး ေျခစြမ္းတက္လာသူပါ။ ဗန္ဒိုက္ ကြင္းလယ္လူေတြကို ေက်ာ္ျပီး ေပးလိုက္တဲ့ ေဘာလံုးကို ဖမ္းထိန္းကာ ဘိုင္ယန္ရဲ႕ ဝါရင့္ခံစစ္သမား၊ ဂိုးသမား ႏူအာတို႔ကို လွည့္ဖ်ားျပီး တစ္ပတ္လည္ ဂိုးသြင္းမႈက ေျပာင္ေျမာက္လွတယ္။ သူ႔ရဲ႕ ဒုတိယသြင္းဂိုးက ဘိုင္ယန္ပရိသတ္ သံုးခ်ိဳးတစ္ခ်ိဳးေလာက္ကို ပြဲမျပီးခင္မွာတင္ အိမ္ျပန္ေစာေစခဲ့ပါတယ္။

Fabinho (for Henderson 13) 7
ဒုတိယပိုင္းမွာ သူ႔ရဲ႕ေျခစြမ္းက ခ်ီးက်ဴးဖို႔ ေကာင္းပါတယ္။ ကြင္းလယ္ခံစစ္သမားရဲ႕ တာဝန္က ဘာကိုဆိုတာ ျပသႏုိင္ခဲ့ျခင္းလည္း ရွိခဲ့တယ္။ အဝါကဒ္ ျပသခံရတာကေတာ့ သူ႔အတြက္ စိတ္ပ်က္စရာပါပဲ။
Divock Origi (for Firmino 83)
Adam Lallana (for Milner 87)
Sports Home Time

[Unicode] လီဗာပူးဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် 3-1 ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းနိုင်ပွဲရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပါပြီ။ အင်္ဂလန်ကလပ် လေးသင်းလုံးဟာ ကွာတားအဆင့်ကို တက်ရောက်လာတာဖြစ်လို့ ပြည်တွင်းကလပ်အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှု တစ်ခုတော့ ပါလာမယ် ခန့်မှန်းရတယ်။
ဒီတော့ လီဗာပူးကို ကွာတားတက်စေခဲ့တဲ့ ဘိုင်ယန်ကွင်းမှာ ဘယ်သူတွေက ကောင်းပြီး ဘယ်သူတွေက လိုအပ်ချက်တွေ များခဲ့သလဲ?
Alisson Becker – 7
ပထမပိုင်းမှာ လီဝမ်ဒေါ့စကီထံက ခြိမ်းခြောက်မှု တစ်ကြိမ်ကို ကာကွယ်ခဲ့တယ်။ ဘိုင်ယန်ရဲ့ ထိုးဖောက်မှုကို ကာကွယ်ဖို့ထက် လီဗာပူးရဲ့ ကစားကွက် တည်ဆောက်မှုမှာ ပါဝင်မှု ကြီးမားခဲ့တယ်။
Trent Alexander-Arnold – 8
ရီဘာရီလို ဝါရင့်ကစားသမားကို စိန်ခေါ်ရင်ဆိုင်ခဲ့ရတယ်။ ဘိုင်ယန်က ဘယ်ခြမ်းကနေ ထိုးဖောက်မှုတွေ လုပ်ဖို့ ကြိုးစားချိန်တိုင်း ချိန်သားကိုက်တဲ့ ဖြတ်ထုတ်မှုတွေ မြင်တွေ့ရတယ်။ ကိုးမန်း ဝင်ရောက်လာချိန်မှာလည်း အကောင်းဆုံး ကိုင်တွယ်ပြခဲ့ပါတယ်။
Joel Matip – 6
ကံမကောင်းစွာ ကိုယ်ဂိုးကို သွင်းမိခဲ့သလို ဘောလုံးပေးမှုတွေ မကောင်းပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျစ်လစ်တဲ့ ကစားဟန်ကို ပြသခဲ့တယ်။ မလိုအပ်ပဲ အဝါကဒ်ယူတာကတော့ အပြစ်တင်စရာပါပဲ။
Virgil van Dijk 9
ကမ္ဘာအကောင်းဆုံး ခံစစ်သမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီစွာပဲ ဘိုင်ယန်ရဲ့ ထိုးဖောက်မှုကို ဦးဆောင် ဟန့်တားခဲ့တယ်။ ထူးချွန်တဲ့ ခေါင်းတိုက်သွင်းဂိုးဟာ ဘိုင်ယန်ကို ပွဲပြီးပြီလို့ စိတ်ဓါတ်ကျစေခဲ့တယ်။

Andy Robertson – 7
သူ့ရဲ့အားပြင်းတဲ့ ကန်ချက်ကို နူအာ မကာကွယ်နိုင်ရင် ဒီ စကော့သားဟာ ချန်ပီယံလိဂ်သွင်းဂိုးတောင်ရဖို့ နီးခဲ့ပါတယ်။ ပထမပိုင်းမှာ ဘိုင်ယန်က သူ့ဘယ်ခြမ်းကို အာရုံစိုက် ထိုးဖောက်ခဲ့တယ်။ မာတစ် ကိုယ်ဂိုးကို သွင်းယူခဲ့မိမှုမှာ ရော်ဘတ်ဆန်ရဲ့ အမှားလည်း မကင်းပါဘူး။ ဒါပေမယ့် စကော့သားကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့တာကတော့ ကွာတားဖိုင်နယ် ပထမပွဲကို အဝါကဒ်ကြောင့် လွဲချော်ရခြင်းပါပဲ။
Jordan Henderson
ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပွဲအစ 13 မိနစ်မှာပဲ ဖာဘင်ညိုနဲ့ လူစားလဲခဲ့ရတယ်။
Gini Wijnaldum – 7
ပွဲကြီးတွေမှာ ယာဂင်ကလော့ပ် သုံးလေးရှိတဲ့အတိုင်း ဖိအားပေးဖို့နဲ့ ဘောလုံးစတင်မှုတွေ ပြန်လုပ်ဖို့ တာဝန်ယူခဲ့တယ်။ ထိချက်အချို့က ကောင်းမွန်ခဲ့ပြီး တိုက်စစ် ရွေ့လျားနိုင်အောင် ကွင်းလယ်ကနေ အားထုတ်ခဲ့တယ်။
James Milner – 7
လီဗာပူးကွင်းလယ်မှာ ဖန်တီးမှုပိုင်းအတွက် အားမကိုးနိုင်ပေမယ့် ပြင်းထန်တဲ့ လှုပ်အားနဲ့အတူ အသင်းဖော်တွေ ပိုမိုကစားရ အဆင်ပြေဖို့ အားထုတ်ခဲ့တယ်။ ပွဲချိန် ပိုကြာလာလေ သူ့ရဲ့ သက်သောင့်သက်သာ ကစားနိုင်မှုကို ပိုမြင်ရလေ ဖြစ်ခဲ့ပါတယ်။
Mohamed Salah – 8
ဆာလက်ဟာ ဂိုးမသွင်းနိုင်တာ အတော်ကြာခဲ့ပါပြီ။ ဒီပွဲမှာတော့ ခံစစ်အတွက် သူ့ရဲ့ အလုပ်လုပ်နှုန်းက အသိအမှတ်ပြုစရာပါ။ ဘိုင်ယန်ဟာ ဆာလက်ရဲ့ ထိုးဖောက်နိုင်စွမ်းတွေကို ကြောက်ရွံ့ခဲ့ပြီး ခံစစ်မှာ လူအမြဲချန်ခဲ့ရတယ်။ မာနေးရဲ့ ဒုတိယသွင်းဂိုးအတွက် ဖြတ်တင်ဘောကတော့ သေသပ်လှပါတယ်။
Roberto Firmino – 7
အတွင်းလူနေရာ ပိုဆင်းခဲ့ပြီး လှုပ်အားနှုန်း အပြင်းထန်ဆုံးနဲ့ တာဝန်ယူခဲ့တယ်။ တိုက်စစ်ပိုင်းမှာ ထိချက်ကောင်းတွေနဲ့ မာနေး၊ ဆာလက်တို့ကို စီစဉ်မှုတွေ လုပ်ပေးပြီး ဘယ်တောင်ပံက ရော်ဘတ်ဆန်နဲ့ ဘောလုံးတွဲကစားမှုတွေ ပြုလုပ်ကာ ဘောလုံးပိုင်ဆိုင်ချိန်မှာ ကစားကွက်တည်ဆောက်မှုတွေရဲ့ စတင်ရာအဖြစ် ပါဝင်ပက်သက်ခဲ့တယ်။ ကန်ချက်ကောင်းနဲ့ နူအာကို စမ်းသပ်မှုလည်း လုပ်ခဲ့ပါတယ်။
Sadio Mane – 9
လီဗာပူးအတွက် နောက်ပိုင်းပွဲတွေမှာ အတော်လေး ခြေစွမ်းတက်လာသူပါ။ ဗန်ဒိုက် ကွင်းလယ်လူတွေကို ကျော်ပြီး ပေးလိုက်တဲ့ ဘောလုံးကို ဖမ်းထိန်းကာ ဘိုင်ယန်ရဲ့ ဝါရင့်ခံစစ်သမား၊ ဂိုးသမား နူအာတို့ကို လှည့်ဖျားပြီး တစ်ပတ်လည် ဂိုးသွင်းမှုက ပြောင်မြောက်လှတယ်။ သူ့ရဲ့ ဒုတိယသွင်းဂိုးက ဘိုင်ယန်ပရိသတ် သုံးချိုးတစ်ချိုးလောက်ကို ပွဲမပြီးခင်မှာတင် အိမ်ပြန်စောစေခဲ့ပါတယ်။

Fabinho (for Henderson 13) 7
ဒုတိယပိုင်းမှာ သူ့ရဲ့ခြေစွမ်းက ချီးကျူးဖို့ ကောင်းပါတယ်။ ကွင်းလယ်ခံစစ်သမားရဲ့ တာဝန်က ဘာကိုဆိုတာ ပြသနိုင်ခဲ့ခြင်းလည်း ရှိခဲ့တယ်။ အဝါကဒ် ပြသခံရတာကတော့ သူ့အတွက် စိတ်ပျက်စရာပါပဲ။
Divock Origi (for Firmino 83)
Adam Lallana (for Milner 87)
Sports Home Time
