[Zawgyi] ဘာစီလိုနာ နဲ႔ လိုင္ယြန္ ပြဲအတြက္ ပြဲခ်ိန္/ ထူးျခားသတင္း/ လူစာရင္း/ ပြဲၾကိဳ စိန္ေခၚစကားမ်ား/ ေရပန္းစားမႈ/ ရလဒ္ခန္႔မွန္းေတြကို စုစည္း ေဖာ္ျပထားတာ ျဖစ္ပါတယ္။
ဘယ္လိုတက္ေရာက္လာသလဲ
အိမ္ရွင္ – ဘာစီလိုနာ
ဘာစီလိုနာက ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ရံွဴးပြဲမရွိတဲ့ အသင္းေတြထဲက တစ္သင္းျဖစ္ျပီး အၾကပ္တည္းဆံုး အုပ္စုလို႔ ဆိုရမယ့္ စပါး၊ ပီအက္ဗီနဲ႔ အင္တာမီလန္တို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ခဲ့တာပါ။ ဒါေပမယ့္လို႔ အုပ္စုဗိုလ္အျဖစ္ ရံွဴးထြက္ကို တက္လာခဲ့တယ္။ ခံစစ္ဟာ ေပးဂိုးမရွိအျဖစ္ အိမ္ကြင္းမွာ ပီအက္ဗီကို 4-0 နဲ႔ အႏုိင္ရတဲ့ တစ္ပြဲပဲ ရယူႏုိင္ခဲ့ပါတယ္။ ပထမအေက်ာ့ သေရက်ထားခဲ့ျပီး ဒီရာသီ ခ်န္ပီယံလိဂ္မွာ အေဝးကြင္း အသင္းေတြ (သို႔) အင္အားနည္းတဲ့ အသင္းေတြကို ေလ်ာ့မတြက္သင့္ေၾကာင္း သက္ေသေတြ ထြက္ေပၚထားျပီးျဖစ္တယ္။
အေဝးအသင္း – လိုင္ယြန္
အုပ္စုတြင္းမွာ လိုင္ယန္ဟာ အာတီတာကိုင္တဲ့ မန္စီးတီးကို အေဝးကြင္းမွာ အႏုိင္ရတဲ့ တစ္ပြဲကိုပဲ အႏုိင္ရခဲ့တာပါ။ က်န္ 5 ပြဲလံုးကိုေတာ့ သေရပဲ ကစားႏုိင္ခဲ့ျပီး အုပ္စု ဒုတိယနဲ႔ ရံွဴးထြက္ကို တက္ေရာက္လာတဲ့ အသင္းျဖစ္ပါတယ္။ လိုင္ယြန္ဟာ ႏူးကပ္မွာ သြင္းဂိုးပါတဲ့ သေရရလဒ္ ရယူႏုိင္ရင္ေတာ့ ခ်န္ပီယံရဲ႕ တုန္လႈပ္စရာ ရလဒ္တစ္ခု ထြက္ေပၚလာမွာျဖစ္ေပမယ့္ အခြင့္အေရးက နည္းပါးလြန္းပါတယ္။
ဘယ္အခ်ိန္ကန္မွာလဲ?
မတ္လ ၁၄၊ ၾကာသပေတးေန႔ မနက္ ၂း၃၀ နာရီ တိတိ ျဖစ္ပါတယ္။
ပထမအေက်ာ့ရလဒ္
လိုင္ယြန္ 0-0 ဘာစီလိုနာ
ႏွစ္သင္းရဲ႔ ထူးျခားသတင္း
ဘာစီလိုနာမွာ ဒမ္ဘီလီ ပါဖို႔ မေသခ်ာပါဘူး။ လိုင္ယြန္ဘက္ကေတာ့ အသင္းေခါင္းေဆာင္ မာဆယ္လို အေနအထားက သံသယရွိစရာျဖစ္ျပီး ဖယ္ကီရာ ျပန္ပါလာဖို႔ေတာ့ ရွိပါတယ္။
ဘာစီလိုနာ Vs လိုင္ယြန္ ခန္႔မွန္းလူစာရင္း
Barcelona XI: ter Stegen; Semedo, Pique, Lenglet, Alba; Busquets, Roberto, Rakitic, Arthur; Messi, Suarez
Lyon XI: Lopes; Dubois, Marcelo, Denayer, Mendy; Ndombele, Aouar; Traore, Depay, Fekir; M. Dembele
အေလးေပးျခင္းမ်ား
- Barcelona to qualify: 1/7
- Lyon to qualify: 19/5
ပြဲၾကိဳခန္႔မွန္းမႈ?
ဘာစီလိုနာက အရမ္းေကာင္းေနတယ္။ လူတိုင္းက သူတို႔ဟာ သူတို႔ေကာင္းခဲ့သေလာက္ မေကာင္းဘူးလို႔ ေျပာၾကေပမယ့္ က်ေန္ာကေတာ့ မထင္ဘူး။ ဒမ္ဘီလီလိုပဲ ေကာ္တင္ညိဳလည္း ခက္ခဲမႈေတြ ရင္ဆိုင္ေနရတယ္။ တကယ္တမ္းက သူတို႔က ေနမာကို လိုအပ္ေနတာပါ။ ကြင္းလယ္မွာ ရာကီတစ္၊ ဘက္ကြက္စ္၊ ဗီဒယ္တို႔က ဇာဗီနဲ႔ အရည္အခ်င္းတူတယ္။ စပိန္သားၾကီးက ေဘာလံုးေပးမႈမွာ ျမန္ျပီး ပိုင္ဆိုင္မႈမွာ သိပ္ေကာင္းတယ္။
ခံစစ္ကေတာ့ ဗာယ္ဗာဒီလက္ထက္မွာ အရမ္းတိုးတက္လာတယ္။ တာစတီဂန္က ကမၻာအေကာင္းဆံုး ဂိုးသမားေတြထဲက တစ္ဦးအျဖစ္ ႏူအာနဲ႔ ဒီဂီယာတို႔ကို စိန္ေခၚႏုိင္စြမ္းရွိတယ္။ ျပင္သစ္ေျမမွာ ဘာစီလိုနာကို ဂိုးမသြင္းႏုိင္ခဲ့ေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ သူတို႔ ဂိုးသြင္းျပီး ေနာက္တစ္ဆင့္ကို တက္ပါလိမ့္မယ္။
ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ဘာစီလိုနာ 3-1 လိုင္ယြန္
ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ လိုင္ယြန္ကို သံုးၾကိမ္ ေတြ႔ဆံု ရင္ဆိုင္ထားျပီး သြင္းဂိုး 10 ဂိုးထိရွိကာ ေပးဂိုး 2 ဂိုးပဲ ရွိထားပါတယ္။ အေဝးဂိုး မရခဲ့ေပမယ့္ စပိန္အင္အားၾကီးကလပ္ကပဲ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားမွာပါ။ လိုင္ယြန္ဟာ ခ်န္ပီယံလိဂ္ ေနာက္ဆံုး 6 ပြဲကို သေရက်ထားေပမယ့္ ဘာစီလိုနာက ကြာတားဖိုင္နယ္အဆင့္ကို 12 ႏွစ္ဆက္တုိက္ တက္ေရာက္ႏုိင္တဲ့ မယံုႏုိင္ေလာက္တဲ့ ေအာင္ျမင္မႈကို ရမယ္လို႔ ေမွ်ာ္လင့္တယ္။
ခ်န္ပီယံလိဂ္ျပိဳင္ပြဲရဲ႕ ရံွဴးထြက္အဆင့္ ေနာက္ဆံုး အေဝးကြင္းပြဲ ေလးပြဲမွာ လုိင္ယြန္က အေရးနိမ့္ထားသလို သြင္းဂိုးလည္း တစ္ဂိုးမွ သြင္းယူႏုိင္ျခင္း မရွိပါဘူး။ က်ေန္ာကေတာ့ ႏူးကပ္ကြင္းမွာ ဘာစီလိုနာက သက္ေသာင့္သက္သာ အႏုိင္ရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။
မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္။ ။ ဘာစီလိုနာ 2-0 လိုင္ယြန္
Sports Home Time

[Unicode] ဘာစီလိုနာ နဲ့ လိုင်ယွန် ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘယ်လိုတက်ရောက်လာသလဲ
အိမ်ရှင် – ဘာစီလိုနာ
ဘာစီလိုနာက ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ရံှူးပွဲမရှိတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အကြပ်တည်းဆုံး အုပ်စုလို့ ဆိုရမယ့် စပါး၊ ပီအက်ဗီနဲ့ အင်တာမီလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာပါ။ ဒါပေမယ့်လို့ အုပ်စုဗိုလ်အဖြစ် ရံှူးထွက်ကို တက်လာခဲ့တယ်။ ခံစစ်ဟာ ပေးဂိုးမရှိအဖြစ် အိမ်ကွင်းမှာ ပီအက်ဗီကို 4-0 နဲ့ အနိုင်ရတဲ့ တစ်ပွဲပဲ ရယူနိုင်ခဲ့ပါတယ်။ ပထမအကျော့ သရေကျထားခဲ့ပြီး ဒီရာသီ ချန်ပီယံလိဂ်မှာ အဝေးကွင်း အသင်းတွေ (သို့) အင်အားနည်းတဲ့ အသင်းတွေကို လျော့မတွက်သင့်ကြောင်း သက်သေတွေ ထွက်ပေါ်ထားပြီးဖြစ်တယ်။
အဝေးအသင်း – လိုင်ယွန်
အုပ်စုတွင်းမှာ လိုင်ယန်ဟာ အာတီတာကိုင်တဲ့ မန်စီးတီးကို အဝေးကွင်းမှာ အနိုင်ရတဲ့ တစ်ပွဲကိုပဲ အနိုင်ရခဲ့တာပါ။ ကျန် 5 ပွဲလုံးကိုတော့ သရေပဲ ကစားနိုင်ခဲ့ပြီး အုပ်စု ဒုတိယနဲ့ ရံှူးထွက်ကို တက်ရောက်လာတဲ့ အသင်းဖြစ်ပါတယ်။ လိုင်ယွန်ဟာ နူးကပ်မှာ သွင်းဂိုးပါတဲ့ သရေရလဒ် ရယူနိုင်ရင်တော့ ချန်ပီယံရဲ့ တုန်လှုပ်စရာ ရလဒ်တစ်ခု ထွက်ပေါ်လာမှာဖြစ်ပေမယ့် အခွင့်အရေးက နည်းပါးလွန်းပါတယ်။
ဘယ်အချိန်ကန်မှာလဲ?
မတ်လ ၁၄၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ တိတိ ဖြစ်ပါတယ်။
ပထမအကျော့ရလဒ်
လိုင်ယွန် 0-0 ဘာစီလိုနာ
နှစ်သင်းရဲ့ ထူးခြားသတင်း
ဘာစီလိုနာမှာ ဒမ်ဘီလီ ပါဖို့ မသေချာပါဘူး။ လိုင်ယွန်ဘက်ကတော့ အသင်းခေါင်းဆောင် မာဆယ်လို အနေအထားက သံသယရှိစရာဖြစ်ပြီး ဖယ်ကီရာ ပြန်ပါလာဖို့တော့ ရှိပါတယ်။
ဘာစီလိုနာ Vs လိုင်ယွန် ခန့်မှန်းလူစာရင်း
Barcelona XI: ter Stegen; Semedo, Pique, Lenglet, Alba; Busquets, Roberto, Rakitic, Arthur; Messi, Suarez
Lyon XI: Lopes; Dubois, Marcelo, Denayer, Mendy; Ndombele, Aouar; Traore, Depay, Fekir; M. Dembele
အလေးပေးခြင်းများ
- Barcelona to qualify: 1/7
- Lyon to qualify: 19/5
ပွဲကြိုခန့်မှန်းမှု?
ဘာစီလိုနာက အရမ်းကောင်းနေတယ်။ လူတိုင်းက သူတို့ဟာ သူတို့ကောင်းခဲ့သလောက် မကောင်းဘူးလို့ ပြောကြပေမယ့် ကျနေ်ာကတော့ မထင်ဘူး။ ဒမ်ဘီလီလိုပဲ ကော်တင်ညိုလည်း ခက်ခဲမှုတွေ ရင်ဆိုင်နေရတယ်။ တကယ်တမ်းက သူတို့က နေမာကို လိုအပ်နေတာပါ။ ကွင်းလယ်မှာ ရာကီတစ်၊ ဘက်ကွက်စ်၊ ဗီဒယ်တို့က ဇာဗီနဲ့ အရည်အချင်းတူတယ်။ စပိန်သားကြီးက ဘောလုံးပေးမှုမှာ မြန်ပြီး ပိုင်ဆိုင်မှုမှာ သိပ်ကောင်းတယ်။
ခံစစ်ကတော့ ဗာယ်ဗာဒီလက်ထက်မှာ အရမ်းတိုးတက်လာတယ်။ တာစတီဂန်က ကမ္ဘာအကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် နူအာနဲ့ ဒီဂီယာတို့ကို စိန်ခေါ်နိုင်စွမ်းရှိတယ်။ ပြင်သစ်မြေမှာ ဘာစီလိုနာကို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူတို့ ဂိုးသွင်းပြီး နောက်တစ်ဆင့်ကို တက်ပါလိမ့်မယ်။
ချာလီ ခန့်မှန်းရလဒ်။ ။ ဘာစီလိုနာ 3-1 လိုင်ယွန်
ဘာစီလိုနာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လိုင်ယွန်ကို သုံးကြိမ် တွေ့ဆုံ ရင်ဆိုင်ထားပြီး သွင်းဂိုး 10 ဂိုးထိရှိကာ ပေးဂိုး 2 ဂိုးပဲ ရှိထားပါတယ်။ အဝေးဂိုး မရခဲ့ပေမယ့် စပိန်အင်အားကြီးကလပ်ကပဲ နောက်တစ်ဆင့်ကို တက်ရောက်သွားမှာပါ။ လိုင်ယွန်ဟာ ချန်ပီယံလိဂ် နောက်ဆုံး 6 ပွဲကို သရေကျထားပေမယ့် ဘာစီလိုနာက ကွာတားဖိုင်နယ်အဆင့်ကို 12 နှစ်ဆက်တိုက် တက်ရောက်နိုင်တဲ့ မယုံနိုင်လောက်တဲ့ အောင်မြင်မှုကို ရမယ်လို့ မျှော်လင့်တယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရံှူးထွက်အဆင့် နောက်ဆုံး အဝေးကွင်းပွဲ လေးပွဲမှာ လိုင်ယွန်က အရေးနိမ့်ထားသလို သွင်းဂိုးလည်း တစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိပါဘူး။ ကျနေ်ာကတော့ နူးကပ်ကွင်းမှာ ဘာစီလိုနာက သက်သောင့်သက်သာ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ဘာစီလိုနာ 2-0 လိုင်ယွန်
Sports Home Time
