[Zawgyi] ပီအက္ဂ်ီ မန္ေနဂ်ာေဟာင္း အန္ဆယ္ေလာ့တီက ခ်န္ပီယံလိဂ္မွာ အသင္းေဟာင္းက ယူႏုိက္တက္ကို အေရးနိမ့္ျပီး ထြက္ခြာခဲ့ရတဲ့အေပၚ အေတာ္ေလး အံ့ၾသသင့္ရေၾကာင္း ဝန္ခံပါတယ္။
အီတလီသားၾကီးကေတာ့ အဆိုပါပြဲ ရလဒ္ကို တုန္လႈပ္ခဲ့ဟန္ရွိျပီး ပထမအေက်ာ့ အေဝးကြင္းမွာ 2 ဂိုးအသာ ရထားပါရဲ႕နဲ႔ အိမ္ကြင္းမွာ ရပ္ဖိုဒ့္ရဲ႕ မိနစ္ 94 မွာ သြင္းယူခဲ့တဲ့ ပင္နယ္တီေၾကာင့္ 3-1 နဲ႔ အေရးနိမ့္ခဲ့တဲ့ေနာက္ သူသာ တူခ်ယ္ေနရာမွာဆိုရင္ တံတားေပၚကေတာင္ ခုန္ခ်မိလိမ့္မယ္လို႔ ဆိုပါတယ္။
ယူရိုပါလိဂ္ 16 သင္းအဆင့္ပြဲအျဖစ္ ဆဲလ္ဘတ္ကို အိမ္ကြင္းမွာ ဧည့္ခံယွဥ္ျပိဳင္ျပီး 3-0 နဲ႔ အႏုိင္ရအျပီးမွာ သတင္းသမားေတြက 2012-2013 ေဘာလံုးရာသီမွာ ပီအက္ဂ်ီကို ကိုင္တြယ္ဖူးတဲ့ အန္ဆယ္ေလာ့တီကို အသင္းေဟာင္းရဲ႕ ခ်န္ပီယံလိဂ္ကေန ထြက္ခြာရမႈအေပၚ ေမးခြန္းထုတ္မႈ ျပဳလုပ္ခဲ့တာပါ။
အီတလီသားၾကီးက ” မယံုႏုိင္ေလာက္ေအာင္ပဲဗ်ာ။ တကယ္ကို မယံုႏုိင္ေလာက္ေအာင္ပဲ။ က်ေနာ္သာ ပီအက္ဂ်ီ မန္ေနဂ်ာဆိုရင္ ဘာလုပ္မိမယ္ မသိပါဘူး။ က်ေန္ာ တံတားေပၚကေန ခုန္ခ်မိတာေတာင္ ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္ ” လို႔ အေျဖေပးခဲ့တာပါ။
အန္ဆယ္ေလာ့တီရဲ႕ နာပိုလီဟာ ခ်န္ပီယံလိဂ္မွာေတာ့ ပီအက္ဂ်ီ၊ လီဗာပူး၊ ရတ္စတားတို႔နဲ႔အတူ တစ္အုပ္စုတည္း က်ေရာက္ခဲ့တာပါ။ နာပိုလီဟာ ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ လီဗာပူးနဲ႔ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ရတဲ့ပြဲကလြဲလို႔ ရွံဳးပြဲမရွိတဲ့ အသင္း ျဖစ္ပါတယ္။ ဒါေပမယ့္ အဲ့သည္ပြဲ အရံွဴးက နာပိုလီကို ခ်န္ပီယံလိဂ္က ထြက္ခြာခဲ့ေစတာပါ။
လီဗာပူးက အန္ဖီးကြင္းမွာ နာပိုလီကို 1-0 နဲ႔ အႏုိင္ရခဲ့လို႔ ဂိုးသြင္းႏုိင္မႈ ကြာျခားခ်က္အရ လီဗာပူးအသင္း ရံွဴးထြက္ကို တက္ေရာက္ခဲ့ျပီး နာပိုလီက အုပ္စု တတိယကို ေရာက္ခဲ့ကာ ခ်န္ပီယံလိဂ္ကေန ထြက္ခြာရျပီး ယူရိုပါလိဂ္ကို ဆင္းကစားခဲ့ရပါတယ္။
တနဂၤေႏြေန႔မွာ စီးရီးေအပြဲအျဖစ္ ဆူဆိုလိုအိုနဲ႔ ယွဥ္ျပိဳင္ရမယ့္ နာပိုလီဟာ ယူရိုပါလိဂ္မွာ ကြာတားအဆင့္ကို တက္ေရာက္ဖုိ႔ အေျခအေနေကာင္းေနျပီး ခ်ယ္ဆီးနဲ႔အတူ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားအသင္းေတြထဲ ထိပ္ဆံုးတစ္ေနရာကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။
Sports Home Time

[Unicode] ပီအက်ဂျီ မန်နေဂျာဟောင်း အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ အသင်းဟောင်းက ယူနိုက်တက်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့အပေါ် အတော်လေး အံ့သြသင့်ရကြောင်း ဝန်ခံပါတယ်။
အီတလီသားကြီးကတော့ အဆိုပါပွဲ ရလဒ်ကို တုန်လှုပ်ခဲ့ဟန်ရှိပြီး ပထမအကျော့ အဝေးကွင်းမှာ 2 ဂိုးအသာ ရထားပါရဲ့နဲ့ အိမ်ကွင်းမှာ ရပ်ဖိုဒ့်ရဲ့ မိနစ် 94 မှာ သွင်းယူခဲ့တဲ့ ပင်နယ်တီကြောင့် 3-1 နဲ့ အရေးနိမ့်ခဲ့တဲ့နောက် သူသာ တူချယ်နေရာမှာဆိုရင် တံတားပေါ်ကတောင် ခုန်ချမိလိမ့်မယ်လို့ ဆိုပါတယ်။
ယူရိုပါလိဂ် 16 သင်းအဆင့်ပွဲအဖြစ် ဆဲလ်ဘတ်ကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ပြီး 3-0 နဲ့ အနိုင်ရအပြီးမှာ သတင်းသမားတွေက 2012-2013 ဘောလုံးရာသီမှာ ပီအက်ဂျီကို ကိုင်တွယ်ဖူးတဲ့ အန်ဆယ်လော့တီကို အသင်းဟောင်းရဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခွာရမှုအပေါ် မေးခွန်းထုတ်မှု ပြုလုပ်ခဲ့တာပါ။
အီတလီသားကြီးက ” မယုံနိုင်လောက်အောင်ပဲဗျာ။ တကယ်ကို မယုံနိုင်လောက်အောင်ပဲ။ ကျနော်သာ ပီအက်ဂျီ မန်နေဂျာဆိုရင် ဘာလုပ်မိမယ် မသိပါဘူး။ ကျနေ်ာ တံတားပေါ်ကနေ ခုန်ချမိတာတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ” လို့ အဖြေပေးခဲ့တာပါ။
အန်ဆယ်လော့တီရဲ့ နာပိုလီဟာ ချန်ပီယံလိဂ်မှာတော့ ပီအက်ဂျီ၊ လီဗာပူး၊ ရတ်စတားတို့နဲ့အတူ တစ်အုပ်စုတည်း ကျရောက်ခဲ့တာပါ။ နာပိုလီဟာ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ လီဗာပူးနဲ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရတဲ့ပွဲကလွဲလို့ ရှုံးပွဲမရှိတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့သည်ပွဲ အရံှူးက နာပိုလီကို ချန်ပီယံလိဂ်က ထွက်ခွာခဲ့စေတာပါ။
လီဗာပူးက အန်ဖီးကွင်းမှာ နာပိုလီကို 1-0 နဲ့ အနိုင်ရခဲ့လို့ ဂိုးသွင်းနိုင်မှု ကွာခြားချက်အရ လီဗာပူးအသင်း ရံှူးထွက်ကို တက်ရောက်ခဲ့ပြီး နာပိုလီက အုပ်စု တတိယကို ရောက်ခဲ့ကာ ချန်ပီယံလိဂ်ကနေ ထွက်ခွာရပြီး ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရပါတယ်။
တနင်္ဂနွေနေ့မှာ စီးရီးအေပွဲအဖြစ် ဆူဆိုလိုအိုနဲ့ ယှဉ်ပြိုင်ရမယ့် နာပိုလီဟာ ယူရိုပါလိဂ်မှာ ကွာတားအဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းနေပြီး ချယ်ဆီးနဲ့အတူ ချန်ပီယံဖြစ်ဖို့ ရေပန်းစားအသင်းတွေထဲ ထိပ်ဆုံးတစ်နေရာကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
Sports Home Time
