ခ်န္ပီယံလိဂ္ ကြားတားဖိုင္နယ္နဲ႔ ဆီမီးဖိုင္နယ္ မဲခြဲမႈေတြအေၾကာင္း သိေကာင္းစရာမ်ား

[Zawgyi] ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ကေန ေက်ာ္လြန္ျပီး ကြာတားအဆင့္ကို တက္ေရာက္ႏုိင္တဲ့ အသင္း 4 သင္း ေပၚေပါက္လာခဲ့ပါျပီ။ လက္က်န္ 4 သင္းကေတာ့ ေနာက္အပတ္မွာ ထြက္ေပၚမွာျဖစ္ျပီး အသင္းေကာင္းေတြ အမ်ားအျပား က်န္ရွိေနပါတယ္။

ပရီးမီးယားလိဂ္ ကလပ္ေတြထဲက ယူႏုိက္တက္၊ စပါးတို႔ တက္ေရာက္လာခဲ့ျပီး က်န္အပတ္မွာ မန္စီးတီး၊ လီဗာပူးတို႔ရဲ႕ အေျခအေနကို သိရမွာပါ။ ဒီေတာ့ ခ်န္ပီယံလိဂ္ ကြာတား၊ ဆီမီးနဲ႔ ဖိုင္နယ္အဆင့္ေတြအတြက္ မဲခြဲမႈေတြအေၾကာင္း သိေကာင္းစရာေတြကို ေဖာ္ျပမွာျဖစ္ပါတယ္။

ဘယ္အခ်ိန္မဲခြဲမွာလဲ

ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ရဲ႕ လက္က်န္ ဒုတိယအေက်ာ့ေတြအျပီး မတ္လ 15 ရက္ေန႔ျဖစ္တဲ့ ေသာၾကာေန႔မွာ မဲခြဲမႈ ျပဳလုပ္ပါမယ္။ ဆြစ္ဇလန္ႏုိင္ငံ ႏုိင္ယြန္ျမိဳ႕မွာ က်င္းပပါမယ္။ အဆိုပါ မဲခြဲမႈကိုေတာ့ BT Sport က ထုတ္လြင့္ေပးမွာပါ။ ဆီမီးဖိုင္နယ္အဆင့္အတြက္ပါ တစ္ခါတည္း အတြဲေရြးေပးသြားမွာျဖစ္တယ္။

ဘယ္အသင္းေတြ မဲခြဲမႈမွာ ပါဝင္မလဲ

ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အတြက္ ပထမအပတ္မွာေတာ့ ယူႏုိက္တက္၊ စပါး၊ ေပၚတို၊ ေအဂ်က္တို႔ တက္ေရာက္ထားပါတယ္။ ေနာက္ေလးသင္းကေတာ့ လာမယ့္အပတ္မွာ သိရမွာပါ။ တက္လာမယ့္ အသင္းေတြကေတာ့

  • Manchester United
  • Ajax
  • Liverpool or Bayern Munich
  • Manchester City or Schalke
  • Lyon or Barcelona
  • Tottenham
  • Porto
  • Atletico Madrid or Juventus

ဦးစားေပးေတြရွိလား

ကြာတားဖိုင္နယ္အဆင့္မွာ မည့္သည္ ဦးစားေပးမွ မရွိသလို ႏုိင္ငံတူ ကာကြယ္ေပးမႈေတြ မရွိေတာ့ပါဘူး။ ဒါေၾကာင့္ အဂၤလန္အသင္းေတြ အခ်င္းခ်င္း ထိပ္တိုက္ေတြ႔မႈေတြ ရွိလာမွာပါ။ ပထမဆံုး မဲက်တဲ့အသင္းက ပထမအေက်ာ့ကို အိမ္ကြင္းကစားရမွာျဖစ္ပါတယ္။

ကြာတား၊ ဆီမီးနဲ႔ ဖိုင္နယ္အဆင့္ေတြ

  • ကြားတားဖိုင္နယ္အဆင့္ ပထမအေက်ာ့ကို ဧပရယ္လ 9-10 ရက္၊ ဒုတိယအေက်ာ့ကို ဧပရယ္လ 16-17 ရက္ေတြမွာ ယွဥ္ျပိဳင္ရမွာပါ။
  • ဆီမီးဖိုင္နယ္အဆင့္ ပထမအေက်ာ့ေတြကေတာ့ ဧပရယ္လ 30-1 ရက္ေန႔ ေမလ၊ ဒုတိယအေက်ာ့ကို ေမလ 7-8 ရက္ေတြမွာ တစ္ခ်ိန္တည္း ယွဥ္ျပိဳင္ၾကပါမယ္။
  • ဗိုလ္လုပြဲရဲ႕ အိမ္ကြင္းအသင္းအျဖစ္ေတာ့ ယူအီးအက္ဖ္ေအရဲ႕ စည္းမ်ဥ္းအတိုင္း ဆံုးျဖတ္မွာ ျဖစ္ပါတယ္။

ဗိုလ္လုပြဲကို ဘယ္အခ်ိန္ ယွဥ္ျပိဳင္မလဲ

2018-2019 ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကိုေတာ့ ဇြန္လ 1 ရက္ေန႔ အက္သလက္တီကိုမက္ဒရစ္ရဲ႕ အိမ္ကြင္းျဖစ္တဲ့ Wanda Metropolitano ကြင္းမွာ ယွဥ္ျပိဳင္ပါမယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ် 16 သင်းအဆင့်ကနေ ကျော်လွန်ပြီး ကွာတားအဆင့်ကို တက်ရောက်နိုင်တဲ့ အသင်း 4 သင်း ပေါ်ပေါက်လာခဲ့ပါပြီ။ လက်ကျန် 4 သင်းကတော့ နောက်အပတ်မှာ ထွက်ပေါ်မှာဖြစ်ပြီး အသင်းကောင်းတွေ အများအပြား ကျန်ရှိနေပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေထဲက ယူနိုက်တက်၊ စပါးတို့ တက်ရောက်လာခဲ့ပြီး ကျန်အပတ်မှာ မန်စီးတီး၊ လီဗာပူးတို့ရဲ့ အခြေအနေကို သိရမှာပါ။ ဒီတော့ ချန်ပီယံလိဂ် ကွာတား၊ ဆီမီးနဲ့ ဖိုင်နယ်အဆင့်တွေအတွက် မဲခွဲမှုတွေအကြောင်း သိကောင်းစရာတွေကို ဖော်ပြမှာဖြစ်ပါတယ်။

ဘယ်အချိန်မဲခွဲမှာလဲ

ချန်ပီယံလိဂ် 16 သင်းအဆင့်ရဲ့ လက်ကျန် ဒုတိယအကျော့တွေအပြီး မတ်လ 15 ရက်နေ့ဖြစ်တဲ့ သောကြာနေ့မှာ မဲခွဲမှု ပြုလုပ်ပါမယ်။ ဆွစ်ဇလန်နိုင်ငံ နိုင်ယွန်မြို့မှာ ကျင်းပပါမယ်။ အဆိုပါ မဲခွဲမှုကိုတော့ BT Sport က ထုတ်လွင့်ပေးမှာပါ။ ဆီမီးဖိုင်နယ်အဆင့်အတွက်ပါ တစ်ခါတည်း အတွဲရွေးပေးသွားမှာဖြစ်တယ်။

ဘယ်အသင်းတွေ မဲခွဲမှုမှာ ပါဝင်မလဲ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အတွက် ပထမအပတ်မှာတော့ ယူနိုက်တက်၊ စပါး၊ ပေါ်တို၊ အေဂျက်တို့ တက်ရောက်ထားပါတယ်။ နောက်လေးသင်းကတော့ လာမယ့်အပတ်မှာ သိရမှာပါ။ တက်လာမယ့် အသင်းတွေကတော့

  • Manchester United
  • Ajax
  • Liverpool or Bayern Munich
  • Manchester City or Schalke
  • Lyon or Barcelona
  • Tottenham
  • Porto
  • Atletico Madrid or Juventus

ဦးစားပေးတွေရှိလား

ကွာတားဖိုင်နယ်အဆင့်မှာ မည့်သည် ဦးစားပေးမှ မရှိသလို နိုင်ငံတူ ကာကွယ်ပေးမှုတွေ မရှိတော့ပါဘူး။ ဒါကြောင့် အင်္ဂလန်အသင်းတွေ အချင်းချင်း ထိပ်တိုက်တွေ့မှုတွေ ရှိလာမှာပါ။ ပထမဆုံး မဲကျတဲ့အသင်းက ပထမအကျော့ကို အိမ်ကွင်းကစားရမှာဖြစ်ပါတယ်။

ကွာတား၊ ဆီမီးနဲ့ ဖိုင်နယ်အဆင့်တွေ

  • ကွားတားဖိုင်နယ်အဆင့် ပထမအကျော့ကို ဧပရယ်လ 9-10 ရက်၊ ဒုတိယအကျော့ကို ဧပရယ်လ 16-17 ရက်တွေမှာ ယှဉ်ပြိုင်ရမှာပါ။
  • ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့တွေကတော့ ဧပရယ်လ 30-1 ရက်နေ့ မေလ၊ ဒုတိယအကျော့ကို မေလ 7-8 ရက်တွေမှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကြပါမယ်။
  • ဗိုလ်လုပွဲရဲ့ အိမ်ကွင်းအသင်းအဖြစ်တော့ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအတိုင်း ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲကို ဘယ်အချိန် ယှဉ်ပြိုင်မလဲ

2018-2019 ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ ဇွန်လ 1 ရက်နေ့ အက်သလက်တီကိုမက်ဒရစ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ Wanda Metropolitano ကွင်းမှာ ယှဉ်ပြိုင်ပါမယ်။

Sports Home Time