ဂိုးမက္စ္အျပင္ ဒဏ္ရာရကစားသမား ၃ ဦး ထပ္တိုး အတည္ျပဳသြားတဲ့ ကေလာ့ပ္

[Zawgyi] လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ ဂိုးမက္စ္ကို ဒဏ္ရာေၾကာင့္ 6 ပတ္ေလာက္ထိ လက္လြတ္ရမယ့္ အခ်ိန္မွာ ညာအစြန္အတြက္ တစ္ဦးတည္း က်န္ရွိမယ့္ ထရန္႔ကို ေကာင္းမြန္စြာ အသံုးျပဳႏိုင္ဖုိ႔ အစီအစဥ္ရွိတယ္လို႔ သတင္းေပးလာပါတယ္။

ဘုန္းေမာက္ပြဲၾကိဳ အင္တာဗ်ဴးမွာ ကေလာ့ပ္ကပဲ ” က်ေနာ္မွာ အစီအစဥ္ေတြ ရွိပါတယ္။ အံ့ၾသစရာမရွိပါဘူး။ က်ေနာ္တို႔ ဘာလုပ္ရမလဲဆိုတာကို ေစာင့္ၾကည့္ရမယ္။ ဒါေပမယ့္ ေရြးခ်ယ္စရာေတြလည္း ရွိပါတယ္။ သူတို႔အားလံုးကို က်ေနာ္တုိ႔ သိပါတယ္။ ညာအစြန္ေနရာအတြက္ ကစားႏိုင္တဲ့ ကစားသမားေတြ အမ်ားၾကီးရွိတယ္။ အထူးသျဖင့္ က်ေနာ္တို႔ လက္ရွိ ကစားေနတဲ့ နည္းလမ္းအေပၚမွာေပါ့။

အသင္းလူစာရင္းထဲက မီလ္နာနဲ႔ ဖာဘင္ညိဳတို႔က ညာအစြန္ေနရာအတြက္ ကစားႏုိင္ပါတယ္။ ေလာေလာဆယ္ေတာ့ အဲ့သည္ထက္ ပိုေျပာစရာမရွိပါဘူး။က်ေနာ္တုိ႔ ဘယ္လိုေရြးခ်ယ္မလဲဆိုတာ ေစာင့္ၾကည့္ၾကေပါ့ ” လို႔ ဆိုတယ္။

ကေလာ့ပ္ကပဲ ဘုန္းေမာက္နဲ႔ပြဲမွာ ခံစစ္သမားေတြျဖစ္တဲ့ လိုဗရန္ေကာ၊ ကလိုင္းပါ ပါဝင္ႏိုင္ဖုိ႔ မရွိဘူးလို႔ အတည္ျပဳပါတယ္။ ဘန္ေလနဲ႔ပြဲမွာ လိုဗရန္မပါႏိုင္ခဲ့ပဲ ေနာက္ထပ္ ဗဟိုခံစစ္သမား မာတစ္က ပါဝင္လာခဲ့တာျဖစ္တယ္။

ကေလာ့ပ္က ” အရင္အပတ္က ဒီဂ်န္ ထိခိုက္မႈျဖစ္ခဲ့တယ္၊ ဒဏ္ရာရခဲ့တာေပါ့။ ကလိုင္းကေတာ့ ႏွစ္ပတ္ေလာက္ အနားယူရပါမယ္။ သူတို႔က မစိုးရိမ္ရေပမယ့္ ဂ်ိဳးဂိုးမက္စ္ကိုေတာ့ 6 ပတ္ေလာက္ထိ လက္လြတ္ရမွာေပါ့ ” လို႔ ထပ္တိုး ဒဏ္ရာရစာရင္းကို ေျပာပါတယ္။

ေတာင္ပိုင္းကို ထြက္ခြာမယ့္ ခရီးမွာ လီဗာပူးတိုက္စစ္သမား မာေနး လိုက္ပါဖြယ္ မရွိပါဘူး။ အဲ့သည္အစား နာပိုလီနဲ႔ ခ်န္ပီယံလိဂ္ပြဲ ကစားဖို႔ ခ်န္ထားခဲ့မွာျဖစ္တယ္။ ဒါေပမယ့္လို႔ ေရာ္ဘတ္ဆန္နဲ႔ ဝိုက္နယ္ဒမ္တို႔က လိုက္ပါလာပါမယ္။ ခ်ိန္ဘာလိန္နဲ႔ ဘရူးစတားက ကာလရွည္ အနားယူေနရဦးမွာျဖစ္ျပီး ဆိုလန္ကီကေတာ့ ျပန္ကစားႏိုင္ပါေတာ့မယ္။

” ဒြမ္က ျပန္ကစားဖို႔ နီးေနပါျပီ။ တနဂၤေႏြေန႔ကစျပီး အသင္းနဲ႔အတူ ေလ့က်င့္ေရးမွာ ပါလာႏိုင္ဖုိ႔ ေမွ်ာ္လင့္ပါတယ္။ က်ေနာ္တုိ႔ ေစာင့္ၾကည့္ရမွာေပါ့။ ဆာဒီယိုက ေလ့က်င့္ေရးမွာ ျပန္ေျပးေနျပီျဖစ္ေပမယ့္ ဘုန္းေမာက္နဲ႔ပြဲမွာ ပါဝင္ႏိုင္မယ္ေတာ့ မထင္ပါဘူး။ ဒီကေန႔အတြက္ သူ႔လုပ္ရမယ့္ ေလ့က်င့္ေရးေတြကို အျပီးသတ္ဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။ ဂီနီက ကိစၥ မရွိပါဘူး။ သူလည္း အဆင္ေျပပါတယ္။

ဘန္ေလကို သြားတဲ့ခရီးမွာ ေရာ္ဘတ္ဆန္ မပါခဲ့ေပမယ့္ သူက အဆင္ေျပပါတယ္။ ပြဲၾကီးေတြမွာ သူပါဝင္ကစားထားခဲ့ေတာ့ သူ႔ကို 8 နာရီေလာက္ အနားေပးဖို႔ ဆံုးျဖတ္ထားခဲ့တယ္။ ဘန္ေလနဲ႔ပြဲ မပါေပမယ့္ ဘုန္းေမာက္နဲ႔ပြဲအတြက္ ေလ့က်င့္ေရးမွာ ပါဝင္ခဲ့ပါတယ္။ ”

Sports Home Time

[Unicode] လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကတော့ ဂိုးမက်စ်ကို ဒဏ်ရာကြောင့် 6 ပတ်လောက်ထိ လက်လွတ်ရမယ့် အချိန်မှာ ညာအစွန်အတွက် တစ်ဦးတည်း ကျန်ရှိမယ့် ထရန့်ကို ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ အစီအစဉ်ရှိတယ်လို့ သတင်းပေးလာပါတယ်။

ဘုန်းမောက်ပွဲကြို အင်တာဗျူးမှာ ကလော့ပ်ကပဲ ” ကျနော်မှာ အစီအစဉ်တွေ ရှိပါတယ်။ အံ့သြစရာမရှိပါဘူး။ ကျနော်တို့ ဘာလုပ်ရမလဲဆိုတာကို စောင့်ကြည့်ရမယ်။ ဒါပေမယ့် ရွေးချယ်စရာတွေလည်း ရှိပါတယ်။ သူတို့အားလုံးကို ကျနော်တို့ သိပါတယ်။ ညာအစွန်နေရာအတွက် ကစားနိုင်တဲ့ ကစားသမားတွေ အများကြီးရှိတယ်။ အထူးသဖြင့် ကျနော်တို့ လက်ရှိ ကစားနေတဲ့ နည်းလမ်းအပေါ်မှာပေါ့။

အသင်းလူစာရင်းထဲက မီလ်နာနဲ့ ဖာဘင်ညိုတို့က ညာအစွန်နေရာအတွက် ကစားနိုင်ပါတယ်။ လောလောဆယ်တော့ အဲ့သည်ထက် ပိုပြောစရာမရှိပါဘူး။ကျနော်တို့ ဘယ်လိုရွေးချယ်မလဲဆိုတာ စောင့်ကြည့်ကြပေါ့ ” လို့ ဆိုတယ်။

ကလော့ပ်ကပဲ ဘုန်းမောက်နဲ့ပွဲမှာ ခံစစ်သမားတွေဖြစ်တဲ့ လိုဗရန်ကော၊ ကလိုင်းပါ ပါဝင်နိုင်ဖို့ မရှိဘူးလို့ အတည်ပြုပါတယ်။ ဘန်လေနဲ့ပွဲမှာ လိုဗရန်မပါနိုင်ခဲ့ပဲ နောက်ထပ် ဗဟိုခံစစ်သမား မာတစ်က ပါဝင်လာခဲ့တာဖြစ်တယ်။

ကလော့ပ်က ” အရင်အပတ်က ဒီဂျန် ထိခိုက်မှုဖြစ်ခဲ့တယ်၊ ဒဏ်ရာရခဲ့တာပေါ့။ ကလိုင်းကတော့ နှစ်ပတ်လောက် အနားယူရပါမယ်။ သူတို့က မစိုးရိမ်ရပေမယ့် ဂျိုးဂိုးမက်စ်ကိုတော့ 6 ပတ်လောက်ထိ လက်လွတ်ရမှာပေါ့ ” လို့ ထပ်တိုး ဒဏ်ရာရစာရင်းကို ပြောပါတယ်။

တောင်ပိုင်းကို ထွက်ခွာမယ့် ခရီးမှာ လီဗာပူးတိုက်စစ်သမား မာနေး လိုက်ပါဖွယ် မရှိပါဘူး။ အဲ့သည်အစား နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲ ကစားဖို့ ချန်ထားခဲ့မှာဖြစ်တယ်။ ဒါပေမယ့်လို့ ရော်ဘတ်ဆန်နဲ့ ဝိုက်နယ်ဒမ်တို့က လိုက်ပါလာပါမယ်။ ချိန်ဘာလိန်နဲ့ ဘရူးစတားက ကာလရှည် အနားယူနေရဦးမှာဖြစ်ပြီး ဆိုလန်ကီကတော့ ပြန်ကစားနိုင်ပါတော့မယ်။

” ဒွမ်က ပြန်ကစားဖို့ နီးနေပါပြီ။ တနင်္ဂနွေနေ့ကစပြီး အသင်းနဲ့အတူ လေ့ကျင့်ရေးမှာ ပါလာနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ ဆာဒီယိုက လေ့ကျင့်ရေးမှာ ပြန်ပြေးနေပြီဖြစ်ပေမယ့် ဘုန်းမောက်နဲ့ပွဲမှာ ပါဝင်နိုင်မယ်တော့ မထင်ပါဘူး။ ဒီကနေ့အတွက် သူ့လုပ်ရမယ့် လေ့ကျင့်ရေးတွေကို အပြီးသတ်ဖို့တော့ မျှော်လင့်ပါတယ်။ ဂီနီက ကိစ္စ မရှိပါဘူး။ သူလည်း အဆင်ပြေပါတယ်။

ဘန်လေကို သွားတဲ့ခရီးမှာ ရော်ဘတ်ဆန် မပါခဲ့ပေမယ့် သူက အဆင်ပြေပါတယ်။ ပွဲကြီးတွေမှာ သူပါဝင်ကစားထားခဲ့တော့ သူ့ကို 8 နာရီလောက် အနားပေးဖို့ ဆုံးဖြတ်ထားခဲ့တယ်။ ဘန်လေနဲ့ပွဲ မပါပေမယ့် ဘုန်းမောက်နဲ့ပွဲအတွက် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပါတယ်။ ”

Sports Home Time