[Zawgyi] ရီးရဲလ် နဲ့ အေဂျက် ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘယ်လိုတက်ရောက်လာသလဲ
အိမ်ရှင် – ရီးရဲလ်
အဝေးအသင်း – အေဂျက်
ဘယ်အချိန်ကန်မှာလဲ?
၁၆ သင်းရှူံးထွက် – ပထမအကျော့ရလဒ်
အလေးပေးခြင်းများ
- Real to qualify: 1/12
- Ajax to qualify: 11/2
- Real to win 4-2: 22/1
ပွဲကြိုခန့်မှန်းမှု?
Sports Home Time
[Unicode] ရီးရဲလ် နဲ့ အေဂျက် ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘယ်လိုတက်ရောက်လာသလဲ
အိမ်ရှင် – ရီးရဲလ်
ချန်ပီယံဖလား သုံးနှစ်ဆက် အနိုင်ရထားတဲ့ ရီးရဲလ်ဟာ နှစ်ကျော့ ယှဉ်ပြိုင်ရတဲ့ ရံှူးထွက်အဆင့် နောက်ဆုံး 9 ကြိမ်ကို အနိုင်ရထားပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြင့်ဆုံးအဖြစ် 13 ကြိမ် အနိုင်ရထားတဲ့ ရီးရဲလ်ဟာ အုပ်စုတွင်းမှာ ရမှတ် 12 မှတ်နဲ့အတူ နောက်တစ်ဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပုံစံကောင်းတွေ ပျောက်နေပါတယ်။ သရေ (သို့) 1-0 ဆိုရင်တောင် နောက်တစ်ဆင့်ကို တက်မှာဖြစ်ပေမယ့် ဒီပွဲကို ချဉ်းကပ်မှုမှားလို့ မရပါဘူး။
အဝေးအသင်း – အေဂျက်
အေဂျက်ဟာ 2005-2006 ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်ကနေ ကျော်လွန်ပြီး ရံှူးထွက်အဆင့်ကို တက်ရောက်လာတာပါ။ နယ်သာလန် အင်အားကြီးကလပ်ဟာ ရီးရဲလ်နဲ့ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ 7 ကြိမ်မှာ တစ်ကြိမ်မှ အနိုင်မရပဲ ပေးဂိုး 22 ရှိကာ 3 ဂိုးပဲ သွင်းထားနိုင်ပါတယ်။ ဒီပွဲကို အနည်းဆုံး 2 ဂိုးပြတ်ဖို့ လိုတာက စိန်ခေါ်မှုကြီးပါပဲ။
ဘယ်အချိန်ကန်မှာလဲ?
မတ်လ ၆၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ တိတိ ဖြစ်ပါတယ်။
၁၆ သင်းရံှူးထွက် – ပထမအကျော့ရလဒ်
အေဂျက် 1-2 ရီးရဲလ်မက်ဒရစ် (အေးဂျက်အိမ်ကွင်း)
နှစ်သင်းရဲ့ ထူးခြားသတင်း
ရာမိုစ့် ဒီပွဲကို လွဲချော်မှာပါ။ နောက်ပြီး ကွာတားကို တက်မယ်ဆိုရင်လည်း အဆိုပါအဆင့် ပထမအကျော့ကိုပါ လွဲဖို့ ရှိနေပါတယ်။ အေဂျက်ဘက်ကတော့ ထူးထူးခြားခြား မရှိပဲ ပထမအကျော့ လူစာရင်းကို အနည်းငယ်ပဲ အပြောင်းအလဲ လုပ်လာနိုင်ပါတယ်။
ရီးရဲလ် Vs အေဂျက် ခန့်မှန်းလူစာရင်း
Real XI: Courtois; Carvajal, Nacho, Varane, Reguilon; Modric, Casemiro, Kroos; Bale, Benzema, Vinicius
Ajax XI: Onana; Kristensen, De Ligt, Blind, Tagliafico; Schone, De Jong; Ziyech, Van de Beek, Neres; Tadic
အလေးပေးခြင်းများ
- Real to qualify: 1/12
- Ajax to qualify: 11/2
- Real to win 4-2: 22/1
ပွဲကြိုခန့်မှန်းမှု?
ရီးရဲလ်က ခန်းမှန်းရခက်တဲ့ အသင်းပါ။ မက်ဒရစ်ဒါဘီမှာ အနိုင်ရနိုင်ပေမယ့် ဘာစီလိုနာကို အရေးနိမ့်ခဲ့တယ်။ အေးဂျက်က တိုက်စစ်ဆင်ရတာကို နှစ်သက်ပြီး ဥရောပကို ဆွဲဆောင်မှုကောင်းကောင်း ပြန်ဝင်လာတယ်။ ဒါပေမယ့်လို့ သူတို့ နောက်တစ်ဆင့်ကို ကျော်ဖြတ်ဖို့ မမြင်ပါဘူး။ ရီးရဲလ်က ဒီလိုပွဲအတွက်တော့ လုံလောက်ပြီး အနိုင်ယူနိုင်ပါတယ်။
ချာလီ ခန့်မှန်းရလဒ်။ ။ ရီးရဲလ်မက်ဒရစ် 3-1 အေဂျက်
ရီးရဲလ်ဘက်က ရားမိုစ့် မပါနိုင်ပါဘူး။ ဒါပေမယ့် ပထမအကျော့ကို 2-1 နဲ့ အနိုင်ယူထားပြီး အေးဂျက်နဲ့တွေ့တိုင်း ရလဒ်ကောင်းထားပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး 7 ပွဲကို အနိုင်ရထားတယ်။ ရီးရဲလ်က သိပ်ကောင်းတဲ့ သီတင်းပတ်ကို မပိုင်ထားတဲ့ ဘာစီလိုနာကို ကိုပါဒီလေးမှာကော၊ လာလီဂါမှာပါ အရေးနိမ့်ခဲ့တယ်။ ပထမအကျော့မှာ အနိုင်ရလဒ်နဲ့ စပိန်မြို့တော်ကို ပြန်လာနိုင်တာကြောင့် နောက်တစ်ဆင့်ကို တက်ဖို့ဆိုရင် အေးဂျက်က အနည်းဆုံး 2 ဂိုး သွင်းဖို့ လိုပါတယ်။ ဖျော်ဖြေမှုပေးနိုင်တဲ့ တိုက်စစ်ဖွင့်ကစားမယ့် ပွဲဖြစ်လာမယ်လို့ ထင်ပါတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ရီးရဲလ်မက်ဒရစ် 3-1 အေဂျက်
Sports Home Time