[Zawgyi] ဥေရာပ နာမည္ေက်ာ္ တုိက္စစ္သမားေဟာင္း မိုက္ကယ္အိုဝင္ရဲ႕ ဒီတပတ္ ခ်န္ပီယံလိဂ္ ပြဲစဥ္ေတြအတြက္ သံုးသပ္ခ်က္ေတြကို ျပန္လည္စုစည္း ေဖာ္ျပေပးလိုက္ပါတယ္။
ေဒါ့မြန္ Vs ေတာ့တင္ဟမ္စပါး
မတ္လ ၆၊ ဗုဒၶဟူးေန႔ မနက္ ၂း၃၀ နာရီ

ပထမအေက်ာ့ရလဒ္။ ။ ေတာ့တင္ဟမ္စပါး 3-0 ေဒါ့မြန္
စပါး တစ္ၾကိမ္တည္ေသာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို လြန္ခဲ့တဲ့ 8 ႏွစ္က တက္ေရာက္ႏိုင္ခဲ့တယ္ ဒါေပမယ့္ ဂ်ာမနီကို သံုးဂိုးအသာနဲ႔ သြားေရာက္ ယွဥ္ျပိဳင္မွာျဖစ္တယ္။ ခ်န္ပီယံလိဂ္သမိုင္းမွာေတာ့ ပထမအေက်ာ့မွာ 3-0 ရလဒ္ထြက္ေပၚထားတာကို ေျပာင္းျပန္လွန္ဖို႔ ၾကိဳးစားမႈ 7 ၾကိမ္ ရွိခဲ့ေပမယ့္ တစ္ၾကိမ္မွ မေအာင္ျမင္ခဲ့ဘူး။
ဝင္ဘာေလမွာ ယွဥ္ျပိဳင္ကစားတဲ့ ပထမအေက်ာ့မွာ ႏွစ္သင္းလံုး ကစားဟန္ ၾကြယ္ဝခဲ့ျခင္း မရွိပါဘူး။ ေသာၾကာေန႔မွာ ေဒါ့မြန္က ေဘာလံုးပိုင္ဆိုင္မႈ 72% ထိရွိေပမယ့္ ေအာ့စ္ဘတ္ကို 2-1 နဲ႔ အေရးနိမ့္ခဲ့တယ္။ ေဒါ့မြန္ဟာ ဒီရာသီမွာ ဘြန္ဒက္လီဂါကို သက္ေသာင့္သက္သာနဲ႔ ဦးေဆာင္ခဲ့ေပမယ့္ အခုခ်ိန္မွာ သြင္းဂိုး ကြာျခားမႈနဲ႔ပဲ ဦးေဆာင္ႏုိင္ပါေတာ့တယ္။
စပါးက ေနာက္ဆံုး ခ်န္ပီယံလိဂ္ပြဲ 17 ပြဲမွာ ဂိုးသြင္းထားတယ္။ စပါးဘက္က တစ္ဂိုးသြင္းရင္ ေဒါ့မြန္က ကြာတားအဆင့္ကို တက္ေရာက္ဖုိ႔ 5 ဂိုးထိ သြင္းရမွာျဖစ္တယ္။ ပရီးမီးယားလိဂ္အသင္းက ဂိုးေတာ့ သြင္းႏုိင္ျပီး ေသာၾကာေန႔ မဲခြဲပြဲမွာ ရွိေနပါလိမ့္မယ္။
မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္။ ။ ေဒါ့မြန္ 3-1 ေတာ့တင္ဟမ္စပါး
ရီးရဲလ္မက္ဒရစ္ Vs ေအဂ်က္
မတ္လ ၆၊ ဗုဒၶဟူးေန႔ မနက္ ၂း၃၀ နာရီ

ပထမအေက်ာ့ရလဒ္။ ။ ေအဂ်က္ 1-2 ရီးရဲလ္မက္ဒရစ္
ရီးရဲလ္ဘက္က ရားမိုစ့္ မပါႏုိင္ပါဘူး။ ဒါေပမယ့္ ပထမအေက်ာ့ကို 2-1 နဲ႔ အႏုိင္ယူထားျပီး ေအးဂ်က္နဲ႔ေတြ႔တိုင္း ရလဒ္ေကာင္းထားပါတယ္။ ျပိဳင္ပြဲစံု ေနာက္ဆံုး 7 ပြဲကို အႏုိင္ရထားတယ္။ ရီးရဲလ္က သိပ္ေကာင္းတဲ့ သီတင္းပတ္ကို မပိုင္ထားတဲ့ ဘာစီလိုနာကို ကိုပါဒီေလးမွာေကာ၊ လာလီဂါမွာပါ အေရးနိမ့္ခဲ့တယ္။ ပထမအေက်ာ့မွာ အႏုိင္ရလဒ္နဲ႔ စပိန္ျမိဳ႕ေတာ္ကို ျပန္လာႏုိင္တာေၾကာင့္ ေနာက္တစ္ဆင့္ကို တက္ဖုိ႔ဆိုရင္ ေအးဂ်က္က အနည္းဆံုး 2 ဂိုး သြင္းဖို႔ လိုပါတယ္။ ေဖ်ာ္ေျဖမႈေပးႏုိင္တဲ့ တိုက္စစ္ဖြင့္ကစားမယ့္ ပြဲျဖစ္လာမယ္လို႔ ထင္ပါတယ္။
မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္။ ။ ရီးရဲလ္မက္ဒရစ္ 3-1 ေအဂ်က္
ေပၚတို Vs ရိုးမား
မတ္လ ၇၊ ၾကာသပေတးေန႔ မနက္ ၂း၃၀ နာရီ

ပထမအေက်ာ့ရလဒ္။ ။ ရိုးမား 2-1 ေပၚတို
ရိုးမားက ေနာက္ဆံုး ယွဥ္ျပိဳင္ကစားထားတဲ့ ခ်န္ပီယံလိဂ္ အေဝးကြင္းပြဲ 7 ပြဲကို အေရးနိမ့္ထားတယ္။ ဒါေပမယ့္လို႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ဖို႔ သေရက်ရင္ကို ရယူႏုိင္မယ္လို႔ ထင္ပါတယ္။ ခ်န္ပီယံလိဂ္မွာ ရံွဴးထြက္အဆင့္ ေနာက္ဆံုး 6 ပြဲမွာ ေပၚတိုက အႏုိင္ယူဖို႔ က်ဆံုးထားတယ္။ ရိုးမားကပဲ ကြာတားဖိုင္နယ္ကို တက္ေရာက္သြားပါမယ္။
မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္။ ။ ေပၚတို 1-1 ရိုးမား
ပီအက္စ္ဂ်ီ Vs မန္ယူနိုက္တက္
မတ္လ ၇၊ ၾကာသပေတးေန႔ မနက္ ၂း၃၀ နာရီ

ပထမအေက်ာ့ရလဒ္။ ။ မန္ယူနိုက္တက္ ၀-၂ ပီအက္စ္ဂ်ီ
ပထမအေက်ာ့ အိမ္ကြင္းမွာတင္ နွစ္ဂိုးနဲ႕ အထက္ ေပးခဲ့ရျပီး ေနာက္တစ္ဆင့္တက္ဖို႔ ၾကိဳးစားခဲ့တာမ်ိဳး ခ်န္ပီယံလိဂ္ သမိုင္းမွာ ၃၄ ၾကိမ္ ရွိခဲ့ဖူးျပီး တစ္သင္းမွ မေအာင္ျမင္ေသးပါဘူး။ ဒါဆို ျပင္သစ္ေျမမွာ သြားေရာက္ရင္ဆုိင္မယ္ မန္ခ်က္စတာယူနိုက္တက္ရဲ႕ လုပ္ငန္းစဥ္ ဘယ္ေလာက္ ၾကီးမားတယ္ဆိုတာ သိမွာပါ။
ပီအက္စ္ဂ်ီက သူတို႔ ခ်န္ပီယံလိဂ္ အိမ္ကြင္း ေနာက္ဆံုး ၁၀ ပြဲမွာ ၃၅ ၾကိမ္ ဂိုးသြင္းထားပါတယ္။ ဒါေပမယ့္ ေနာက္ဆံုး ၅ ပြဲမွာေတာ့ Clean sheet မရထားဘူး။ နွစ္သင္းလံုးက ဒဏ္ရာ၊ ပြဲပယ္ေတြေၾကာင့္ အဓိက ကစားသမားေတြ မပါ၀င္နုိင္တာ ရွိပါတယ္။ ေပါ့ဘာက အိုးထရက္ဖို႔ဒ္က ပြဲမွာ အနီကတ္ထိထားတာေၾကာင့္ ဒီပြဲ မပါနုိင္တာပါ။ ျပီးခဲ့တဲ့ သီတင္းပတ္ကုန္က ေဆာက္သမ္တန္နဲ႕ပြဲမွာ ယူနိုက္တက္က သူတို႔ရဲ႕ မေလွ်ာ့ေသာ ဇြဲလံု႕လနဲ႕ ဘယ္လို အခက္အခဲမဆို ေက်ာ္ျဖတ္မယ္ဆိုတဲ့ စိတ္ဓာတ္ကို ျပသထားပါတယ္။ ပီအက္စ္ဂ်ီနဲ႕ ပြဲမွာလည္း နွစ္သင္းလံုး အခြင့္အေရးေတြ ရမယ္ ထင္ထားတယ္။ သမိုင္းေၾကာင္းကေတာ့ ယူနိုက္တက္ရဲ႕ ဆန္႔က်င္ဘက္မွာ ရွိတာပါ။ ဒါေပမယ့္ ဆိုးရွားက အိုးထရက္ဖို႕ဒ္ တံခါး၀ကို ျဖတ္ျပီး စတင္နင္းေလွ်ာက္လာတည္းက စံခ်ိန္သစ္ေတြ တစ္ခုျပီး တစ္ခု တင္ျပေနတဲ့ နည္းျပပါ။ ယူနိုက္တက္သာ ဦးေဆာင္ဂိုး အရင္သြင္းျဖစ္လိုက္မယ္ ဆိုရင္?
ပထမအေက်ာ့ရလဒ္။ ။ မန္ယူနိုက္တက္ 0-2 ပီအက္စ္ဂ်ီ
မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္။ ။ ပီအက္စ္ဂ်ီ 3-2 မန္ယူနိုက္တက္
Sports Home Time

[Unicode] ဥရောပ နာမည်ကျော် တိုက်စစ်သမားဟောင်း မိုက်ကယ်အိုဝင်ရဲ့ ဒီတပတ် ချန်ပီယံလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်တွေကို ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါတယ်။
ဒေါ့မွန် Vs တော့တင်ဟမ်စပါး
မတ်လ ၆၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ

ပထမအကျော့ရလဒ်။ ။ တော့တင်ဟမ်စပါး 3-0 ဒေါ့မွန်
စပါး တစ်ကြိမ်တည်သော ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို လွန်ခဲ့တဲ့ 8 နှစ်က တက်ရောက်နိုင်ခဲ့တယ် ဒါပေမယ့် ဂျာမနီကို သုံးဂိုးအသာနဲ့ သွားရောက် ယှဉ်ပြိုင်မှာဖြစ်တယ်။ ချန်ပီယံလိဂ်သမိုင်းမှာတော့ ပထမအကျော့မှာ 3-0 ရလဒ်ထွက်ပေါ်ထားတာကို ပြောင်းပြန်လှန်ဖို့ ကြိုးစားမှု 7 ကြိမ် ရှိခဲ့ပေမယ့် တစ်ကြိမ်မှ မအောင်မြင်ခဲ့ဘူး။
ဝင်ဘာလေမှာ ယှဉ်ပြိုင်ကစားတဲ့ ပထမအကျော့မှာ နှစ်သင်းလုံး ကစားဟန် ကြွယ်ဝခဲ့ခြင်း မရှိပါဘူး။ သောကြာနေ့မှာ ဒေါ့မွန်က ဘောလုံးပိုင်ဆိုင်မှု 72% ထိရှိပေမယ့် အော့စ်ဘတ်ကို 2-1 နဲ့ အရေးနိမ့်ခဲ့တယ်။ ဒေါ့မွန်ဟာ ဒီရာသီမှာ ဘွန်ဒက်လီဂါကို သက်သောင့်သက်သာနဲ့ ဦးဆောင်ခဲ့ပေမယ့် အခုချိန်မှာ သွင်းဂိုး ကွာခြားမှုနဲ့ပဲ ဦးဆောင်နိုင်ပါတော့တယ်။
စပါးက နောက်ဆုံး ချန်ပီယံလိဂ်ပွဲ 17 ပွဲမှာ ဂိုးသွင်းထားတယ်။ စပါးဘက်က တစ်ဂိုးသွင်းရင် ဒေါ့မွန်က ကွာတားအဆင့်ကို တက်ရောက်ဖို့ 5 ဂိုးထိ သွင်းရမှာဖြစ်တယ်။ ပရီးမီးယားလိဂ်အသင်းက ဂိုးတော့ သွင်းနိုင်ပြီး သောကြာနေ့ မဲခွဲပွဲမှာ ရှိနေပါလိမ့်မယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ဒေါ့မွန် 3-1 တော့တင်ဟမ်စပါး
ရီးရဲလ်မက်ဒရစ် Vs အေဂျက်
မတ်လ ၆၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ

ပထမအကျော့ရလဒ်။ ။ အေဂျက် 1-2 ရီးရဲလ်မက်ဒရစ်
ရီးရဲလ်ဘက်က ရားမိုစ့် မပါနိုင်ပါဘူး။ ဒါပေမယ့် ပထမအကျော့ကို 2-1 နဲ့ အနိုင်ယူထားပြီး အေးဂျက်နဲ့တွေ့တိုင်း ရလဒ်ကောင်းထားပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး 7 ပွဲကို အနိုင်ရထားတယ်။ ရီးရဲလ်က သိပ်ကောင်းတဲ့ သီတင်းပတ်ကို မပိုင်ထားတဲ့ ဘာစီလိုနာကို ကိုပါဒီလေးမှာကော၊ လာလီဂါမှာပါ အရေးနိမ့်ခဲ့တယ်။ ပထမအကျော့မှာ အနိုင်ရလဒ်နဲ့ စပိန်မြို့တော်ကို ပြန်လာနိုင်တာကြောင့် နောက်တစ်ဆင့်ကို တက်ဖို့ဆိုရင် အေးဂျက်က အနည်းဆုံး 2 ဂိုး သွင်းဖို့ လိုပါတယ်။ ဖျော်ဖြေမှုပေးနိုင်တဲ့ တိုက်စစ်ဖွင့်ကစားမယ့် ပွဲဖြစ်လာမယ်လို့ ထင်ပါတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ရီးရဲလ်မက်ဒရစ် 3-1 အေဂျက်
ပေါ်တို Vs ရိုးမား
မတ်လ ၇၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ

ပထမအကျော့ရလဒ်။ ။ ရိုးမား 2-1 ပေါ်တို
ရိုးမားက နောက်ဆုံး ယှဉ်ပြိုင်ကစားထားတဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲ 7 ပွဲကို အရေးနိမ့်ထားတယ်။ ဒါပေမယ့်လို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ သရေကျရင်ကို ရယူနိုင်မယ်လို့ ထင်ပါတယ်။ ချန်ပီယံလိဂ်မှာ ရံှူးထွက်အဆင့် နောက်ဆုံး 6 ပွဲမှာ ပေါ်တိုက အနိုင်ယူဖို့ ကျဆုံးထားတယ်။ ရိုးမားကပဲ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါမယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ပေါ်တို 1-1 ရိုးမား
ပီအက်စ်ဂျီ Vs မန်ယူနိုက်တက်
မတ်လ ၇၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ

ပထမအကျော့ရလဒ်။ ။ မန်ယူနိုက်တက် ဝ-၂ ပီအက်စ်ဂျီ
ပထမအကျော့ အိမ်ကွင်းမှာတင် နှစ်ဂိုးနဲ့ အထက် ပေးခဲ့ရပြီး နောက်တစ်ဆင့်တက်ဖို့ ကြိုးစားခဲ့တာမျိုး ချန်ပီယံလိဂ် သမိုင်းမှာ ၃၄ ကြိမ် ရှိခဲ့ဖူးပြီး တစ်သင်းမှ မအောင်မြင်သေးပါဘူး။ ဒါဆို ပြင်သစ်မြေမှာ သွားရောက်ရင်ဆိုင်မယ် မန်ချက်စတာယူနိုက်တက်ရဲ့ လုပ်ငန်းစဉ် ဘယ်လောက် ကြီးမားတယ်ဆိုတာ သိမှာပါ။
ပီအက်စ်ဂျီက သူတို့ ချန်ပီယံလိဂ် အိမ်ကွင်း နောက်ဆုံး ၁၀ ပွဲမှာ ၃၅ ကြိမ် ဂိုးသွင်းထားပါတယ်။ ဒါပေမယ့် နောက်ဆုံး ၅ ပွဲမှာတော့ Clean sheet မရထားဘူး။ နှစ်သင်းလုံးက ဒဏ်ရာ၊ ပွဲပယ်တွေကြောင့် အဓိက ကစားသမားတွေ မပါဝင်နိုင်တာ ရှိပါတယ်။ ပေါ့ဘာက အိုးထရက်ဖို့ဒ်က ပွဲမှာ အနီကတ်ထိထားတာကြောင့် ဒီပွဲ မပါနိုင်တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆောက်သမ်တန်နဲ့ပွဲမှာ ယူနိုက်တက်က သူတို့ရဲ့ မလျှော့သော ဇွဲလုံ့လနဲ့ ဘယ်လို အခက်အခဲမဆို ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြသထားပါတယ်။ ပီအက်စ်ဂျီနဲ့ ပွဲမှာလည်း နှစ်သင်းလုံး အခွင့်အရေးတွေ ရမယ် ထင်ထားတယ်။ သမိုင်းကြောင်းကတော့ ယူနိုက်တက်ရဲ့ ဆန့်ကျင်ဘက်မှာ ရှိတာပါ။ ဒါပေမယ့် ဆိုးရှားက အိုးထရက်ဖို့ဒ် တံခါးဝကို ဖြတ်ပြီး စတင်နင်းလျှောက်လာတည်းက စံချိန်သစ်တွေ တစ်ခုပြီး တစ်ခု တင်ပြနေတဲ့ နည်းပြပါ။ ယူနိုက်တက်သာ ဦးဆောင်ဂိုး အရင်သွင်းဖြစ်လိုက်မယ် ဆိုရင်?
ပထမအကျော့ရလဒ်။ ။ မန်ယူနိုက်တက် 0-2 ပီအက်စ်ဂျီ
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ပီအက်စ်ဂျီ 3-2 မန်ယူနိုက်တက်
Sports Home Time
