News | ခ်ယ္ဆီးရဲ႕ စာခ်ဳပ္သစ္ကို သေဘာတူလိုက္တဲ့ ကီြတာ

[Zawgyi] ခ်ယ္ဆီးအသင္း ညာအစြန္လူ ကီြတာဟာ ကလပ္အသင္းနဲ႔ 18 လပဲ က်န္ရွိေတာ့တဲ့ စာခ်ဳပ္ကို ထပ္မံသက္တမ္းတိုးဖို႔ သေဘာတူညီလိုက္ပါျပီ။ အတည္ျပဳသတင္းေတြကိုေတာ့ လာမယ့္ ရက္ပိုင္းအတြက္း အတည္ျပဳလာပါလိမ့္မယ္။

ခ်ယ္ဆီးဟာ ကလပ္အသင္းအတြက္ ထိခိုက္မႈၾကီးႏိုင္တဲ့ အေျပာင္းအေရႊ႔ ပိတ္ပင္ခံရမႈအတြက္ အတည္ျပဳ ဆံုးျဖတ္ခ်က္ေတြ မလာခင္မွာပဲ အဓိက ကစားသမားေတြကို သက္တမ္းတိုးဖို႔ ၾကိဳးစားေနတာပါ။ မၾကာေသးခင္က ကန္ေတကို သက္တမ္းတိုးခဲ့ျပီး အခု ကိတ္တာကို တိုးႏိုင္ေတာ့မွာျဖစ္တယ္။ လြန္ခဲ့တဲ့ 2 လေလာက္တုန္းကပဲ ဘယ္အစြန္လူ အလြန္ဆိုကို သက္တမ္းတိုးခဲ့ပါတယ္။

ဟာဇက္နဲ႔ ပက္သက္လို႔ သတင္းသစ္ မၾကားရေသးေပမယ့္ ခ်ယ္ဆီးဘက္က ၾကိဳးစားေနတဲ့ အေနအထားျဖစ္တယ္။ ကီြတာနဲ႔ ခ်ယ္ဆီးဟာ 2020 ထိ စာခ်ဳပ္ရွိထားျပီး လက္ရွိ သေဘာတူညီမႈေၾကာင့္ 2022 ခုႏွစ္ထိ သက္တမ္းတိုးလိုက္ႏိုင္မွာျဖစ္ပါတယ္။ ကီြတာဟာ ယခင္တုန္းက တစ္ပတ္လုပ္ခ ေပါင္ 120,000 ရရွိေနျပီး စာခ်ဳပ္သစ္အရ တစ္ပတ္ 150,000 ေလာက္ ရရွိေတာ့မွာျဖစ္ပါတယ္။

ကီြတာရဲ႕အသက္ဟာ လာမယ့္ေႏြမွာ 30 ျပည့္ေတာ့မွာပါ။ ခ်ယ္ဆီးအသင္းဟာ အသက္ 30 အထက္ ကစားသမားေတြကို တစ္ႏွစ္သက္တမ္းေတြပဲ တိုးေလ့ရွိတယ္။ 2012 မွာ မာေဆးကေန ေပါင္ 6.5 သန္းနဲ႔ ေရာက္လာခဲ့တယ္။ ကီြတာဟာ ခ်ယ္ဆီးရဲ႕ ေျခစြမ္းအတည္ျငိမ္ဆံုး ကစားသမားအျဖစ္ ယခင္ႏွစ္ေတြက စြမ္းေဆာင္ျပခဲ့ျပီး ဒီရာသီမွာလည္း မန္ေနဂ်ာသစ္လက္ေအာက္ နည္းစနစ္သစ္မွာ ပြဲတိုင္း ပါဝင္ခြင့္ရေနပါတယ္။

ခ်ယ္ဆီးအသင္းမွာ 30 အထက္ ကစားသမားေတြအျဖစ္ ဖာဘရီဂတ္စ္၊ လူးဝစ္၊ ဂီေရာ့၊ ကာဘယ္လာရို၊ ဂရင္းတို႔ ရွိေနျပီး သူတို႔ေတြထဲက မည္သူ႔ကိုမွ သက္တမ္းတိုးထားျခင္း မရွိပါဘူး။ ကာေဟးကေတာ့ ဇန္နဝါရီမွာ အသင္းကေန အငွားထြက္ခြာခြင့္ ေတာင္းခံထားပါတယ္။

Sports Home Time

[Unicode] ချယ်ဆီးအသင်း ညာအစွန်လူ ကွီတာဟာ ကလပ်အသင်းနဲ့ 18 လပဲ ကျန်ရှိတော့တဲ့ စာချုပ်ကို ထပ်မံသက်တမ်းတိုးဖို့ သဘောတူညီလိုက်ပါပြီ။ အတည်ပြုသတင်းတွေကိုတော့ လာမယ့် ရက်ပိုင်းအတွက်း အတည်ပြုလာပါလိမ့်မယ်။

ချယ်ဆီးဟာ ကလပ်အသင်းအတွက် ထိခိုက်မှုကြီးနိုင်တဲ့ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုအတွက် အတည်ပြု ဆုံးဖြတ်ချက်တွေ မလာခင်မှာပဲ အဓိက ကစားသမားတွေကို သက်တမ်းတိုးဖို့ ကြိုးစားနေတာပါ။ မကြာသေးခင်က ကန်တေကို သက်တမ်းတိုးခဲ့ပြီး အခု ကိတ်တာကို တိုးနိုင်တော့မှာဖြစ်တယ်။ လွန်ခဲ့တဲ့ 2 လလောက်တုန်းကပဲ ဘယ်အစွန်လူ အလွန်ဆိုကို သက်တမ်းတိုးခဲ့ပါတယ်။

ဟာဇက်နဲ့ ပက်သက်လို့ သတင်းသစ် မကြားရသေးပေမယ့် ချယ်ဆီးဘက်က ကြိုးစားနေတဲ့ အနေအထားဖြစ်တယ်။ ကွီတာနဲ့ ချယ်ဆီးဟာ 2020 ထိ စာချုပ်ရှိထားပြီး လက်ရှိ သဘောတူညီမှုကြောင့် 2022 ခုနှစ်ထိ သက်တမ်းတိုးလိုက်နိုင်မှာဖြစ်ပါတယ်။ ကွီတာဟာ ယခင်တုန်းက တစ်ပတ်လုပ်ခ ပေါင် 120,000 ရရှိနေပြီး စာချုပ်သစ်အရ တစ်ပတ် 150,000 လောက် ရရှိတော့မှာဖြစ်ပါတယ်။

ကွီတာရဲ့အသက်ဟာ လာမယ့်နွေမှာ 30 ပြည့်တော့မှာပါ။ ချယ်ဆီးအသင်းဟာ အသက် 30 အထက် ကစားသမားတွေကို တစ်နှစ်သက်တမ်းတွေပဲ တိုးလေ့ရှိတယ်။ 2012 မှာ မာဆေးကနေ ပေါင် 6.5 သန်းနဲ့ ရောက်လာခဲ့တယ်။ ကွီတာဟာ ချယ်ဆီးရဲ့ ခြေစွမ်းအတည်ငြိမ်ဆုံး ကစားသမားအဖြစ် ယခင်နှစ်တွေက စွမ်းဆောင်ပြခဲ့ပြီး ဒီရာသီမှာလည်း မန်နေဂျာသစ်လက်အောက် နည်းစနစ်သစ်မှာ ပွဲတိုင်း ပါဝင်ခွင့်ရနေပါတယ်။

ချယ်ဆီးအသင်းမှာ 30 အထက် ကစားသမားတွေအဖြစ် ဖာဘရီဂတ်စ်၊ လူးဝစ်၊ ဂီရော့၊ ကာဘယ်လာရို၊ ဂရင်းတို့ ရှိနေပြီး သူတို့တွေထဲက မည်သူ့ကိုမှ သက်တမ်းတိုးထားခြင်း မရှိပါဘူး။ ကာဟေးကတော့ ဇန်နဝါရီမှာ အသင်းကနေ အငှားထွက်ခွာခွင့် တောင်းခံထားပါတယ်။

Sports Home Time