ဘာစီလိုနာဟာ လာမာဆီယာအကယ္ဒမီမွ ထြက္ေပၚလာခဲ့ျပီး ကလပ္အသင္းရဲ႕ လူငယ္စီမံကိန္းေတြမွာ အေတာ္ေလး ေက်ာ္ၾကားေနတဲ့ ကစားသမားေလး မိုရီဘကို ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးထံ ဆံုးရံွဴးသြားရမယ့္ အရိပ္အေျခေတြ ေပၚထြက္လာေနပါျပီ။
ယခင္ႏွစ္ေတြက ဘာစီလိုနာကေန မန္စီးတီးကို ေျပာင္းေရႊ႔ကုန္ၾကတဲ့ ဂါစီယာ၊ ဘာနာဘီတို႔လို လူငယ္ၾကယ္ပြင့္ေတြေနာက္လိုက္ျပီး အသက္ 15 ႏွစ္အရြယ္ ကြင္းလယ္ကစားသမားေလးက မန္စီးတီးကို ေျပာင္းဖို႔ ၾကံရြယ္ေနတာျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ ကက္တလန္အေျခစိုက္ သတင္းဌာနေတြကပဲ စတင္ေဖာ္ျပလာခဲ့တာပါ။
ဘာစီလိုနာဟာ မိုရီဘကို ဆက္လက္ထိန္းသိမ္းႏိုင္ဖုိ႔ အေတာ္ေလး ၾကိဳးစားေနသလို အားကစားနဲ႔ စီးပြားေရးဆိုင္ရာ ေထာက္ပံ့မႈေတြေပးမယ့္ ကမ္းလွမ္းမႈမ်ိဳးနဲ႔ ဆယ္ေက်ာ္သက္ေလးကို စည္းရံုးေနပါတယ္။ ဒါေပမယ့္လို႔ ကက္တလန္ကလပ္ရဲ႕ ၾကိဳးစားမႈက ေနာက္က်ခဲ့ျပီလို႔ ယူဆထားရျပီး ကစားသမားက ေနာက္ထပ္ ႏိုင္ငံရပ္ျခား တုိင္းျပည္တစ္ျပည္ကို စြန္႔စားထြက္ခြာဖို႔ ပိုမိုအာရံုက်ေနတာျဖစ္တယ္။
မိုရီဘဟာ လာမာဆီယာက ထြက္ရွိလာျပီး လူငယ္တန္းမွာ အရည္အခ်င္းေကာင္းေတြ ျပသထားသူပါ။ သူ႔ကို ေခၚယူႏိုင္ဖုိ႔ မန္စီးတီး၊ ခ်ယ္ဆီးနဲ႔ ဂ်ဴဗင္တပ္တို႔က စိတ္ဝင္စား ကမ္းလွမ္းမႈေတြ လုပ္ထားၾကတာျဖစ္တယ္။ ဒါေပမယ့္လို႔ လူငယ္ကစားသမား ပ်ိဳးေထာင္ေရးေတြမွာ ပိုမိုအာရံုစိုက္လာတဲ့ မန္စီးတီးရဲ႕ ကမ္းလွမ္းမႈက ပိုမိုေကာင္းမြန္မႈရွိတာျဖစ္တယ္။
စပိန္ေျမက ေဘာလံုးကၽြမ္းက်င္သူေတြက မိုရီဘဟာ ကြင္းလယ္ပိုင္း စြယ္စံုရျပီး အဂၤလိပ္ေဘာလံုးေလာကနဲ႔ အံဝင္ႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။ ဒီလူငယ္ေလးဟာ ကန္သြင္းခ်က္ေကာင္းေတြ လုပ္ႏိုင္သလို ပြဲအတြင္း ရႈေထာင့္မ်ိဳးစံုမွာ အရည္အခ်င္းရွိေၾကာင္းလည္း ၾကားသိထားရတယ္။
ကစားသမားေလးရဲ႕ အရည္အခ်င္းကို သိထားတဲ့ ဘာစီလိုနာက ကာလရွည္ စာခ်ဳပ္ေပးႏိုင္မယ္ ယံုၾကည္ခ်က္ရွိထားတယ္။ ဒါေၾကာင့္လည္း ကစားသမားကို ဆက္ထိန္းဖို႔ ေအးေအးေဆးေဆး ျဖစ္ေနခဲ့ပါတယ္။ ရုတ္တရတ္ မန္စီးတီးဘက္က ၾကားဝင္ေရာက္လာမႈေၾကာင့္ ဘာစီလိုနာရဲ႕ ယံုၾကည္မႈက ေႏွာင့္က်ခဲ့ျပီလားလို႔ စိုးရိမ္ေနရတဲ့ အေနအထားကို ျဖစ္လာေစခဲ့ပါျပီ။
Sports Home Time
[Unicode] ဘာစီလိုနာဟာ လာမာဆီယာအကယ်ဒမီမှ ထွက်ပေါ်လာခဲ့ပြီး ကလပ်အသင်းရဲ့ လူငယ်စီမံကိန်းတွေမှာ အတော်လေး ကျော်ကြားနေတဲ့ ကစားသမားလေး မိုရီဘကို ပရီးမီးယားလိဂ်ကလပ် မန်စီးတီးထံ ဆုံးရံှူးသွားရမယ့် အရိပ်အခြေတွေ ပေါ်ထွက်လာနေပါပြီ။
ယခင်နှစ်တွေက ဘာစီလိုနာကနေ မန်စီးတီးကို ပြောင်းရွှေ့ကုန်ကြတဲ့ ဂါစီယာ၊ ဘာနာဘီတို့လို လူငယ်ကြယ်ပွင့်တွေနောက်လိုက်ပြီး အသက် 15 နှစ်အရွယ် ကွင်းလယ်ကစားသမားလေးက မန်စီးတီးကို ပြောင်းဖို့ ကြံရွယ်နေတာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ကက်တလန်အခြေစိုက် သတင်းဌာနတွေကပဲ စတင်ဖော်ပြလာခဲ့တာပါ။
ဘာစီလိုနာဟာ မိုရီဘကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အတော်လေး ကြိုးစားနေသလို အားကစားနဲ့ စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုတွေပေးမယ့် ကမ်းလှမ်းမှုမျိုးနဲ့ ဆယ်ကျော်သက်လေးကို စည်းရုံးနေပါတယ်။ ဒါပေမယ့်လို့ ကက်တလန်ကလပ်ရဲ့ ကြိုးစားမှုက နောက်ကျခဲ့ပြီလို့ ယူဆထားရပြီး ကစားသမားက နောက်ထပ် နိုင်ငံရပ်ခြား တိုင်းပြည်တစ်ပြည်ကို စွန့်စားထွက်ခွာဖို့ ပိုမိုအာရုံကျနေတာဖြစ်တယ်။
မိုရီဘဟာ လာမာဆီယာက ထွက်ရှိလာပြီး လူငယ်တန်းမှာ အရည်အချင်းကောင်းတွေ ပြသထားသူပါ။ သူ့ကို ခေါ်ယူနိုင်ဖို့ မန်စီးတီး၊ ချယ်ဆီးနဲ့ ဂျူဗင်တပ်တို့က စိတ်ဝင်စား ကမ်းလှမ်းမှုတွေ လုပ်ထားကြတာဖြစ်တယ်။ ဒါပေမယ့်လို့ လူငယ်ကစားသမား ပျိုးထောင်ရေးတွေမှာ ပိုမိုအာရုံစိုက်လာတဲ့ မန်စီးတီးရဲ့ ကမ်းလှမ်းမှုက ပိုမိုကောင်းမွန်မှုရှိတာဖြစ်တယ်။
စပိန်မြေက ဘောလုံးကျွမ်းကျင်သူတွေက မိုရီဘဟာ ကွင်းလယ်ပိုင်း စွယ်စုံရပြီး အင်္ဂလိပ်ဘောလုံးလောကနဲ့ အံဝင်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလူငယ်လေးဟာ ကန်သွင်းချက်ကောင်းတွေ လုပ်နိုင်သလို ပွဲအတွင်း ရှုထောင့်မျိုးစုံမှာ အရည်အချင်းရှိကြောင်းလည်း ကြားသိထားရတယ်။
ကစားသမားလေးရဲ့ အရည်အချင်းကို သိထားတဲ့ ဘာစီလိုနာက ကာလရှည် စာချုပ်ပေးနိုင်မယ် ယုံကြည်ချက်ရှိထားတယ်။ ဒါကြောင့်လည်း ကစားသမားကို ဆက်ထိန်းဖို့ အေးအေးဆေးဆေး ဖြစ်နေခဲ့ပါတယ်။ ရုတ်တရတ် မန်စီးတီးဘက်က ကြားဝင်ရောက်လာမှုကြောင့် ဘာစီလိုနာရဲ့ ယုံကြည်မှုက နှောင့်ကျခဲ့ပြီလားလို့ စိုးရိမ်နေရတဲ့ အနေအထားကို ဖြစ်လာစေခဲ့ပါပြီ။
Sports Home Time
