လာမယ့္ တနဂၤေႏြေန႕ည ပရီးမီးယားလိဂ္ ပြဲၾကီးပြဲေကာင္းအျဖစ္ လန္ဒန္ျမိဳ႕ခံျပိဳင္ဘက္ နွစ္သင္း အာဆင္နယ္နဲ႕ စပါးတို႕ ထိပ္တိုက္ ေတြ႔ဆံုမွာ ျဖစ္ပါတယ္။ အာဆင္နယ္ကစားသမားေဟာင္းၾကီး ေပါမာဆန္ကေတာ့ ဒီပြဲဟာ စပါးအသင္းထက္ အာဆင္နယ္အသင္းနဲ႕ နည္းျပ အမ္မရီအတြက္ ပိုမိုၾကီးက်ယ္တဲ့ စိန္ေခၚမႈမ်ားတဲ့ပြဲျဖစ္တယ္လို႔ မွတ္ခ်က္ျပဳလိုက္ပါတယ္။
အိမ္ရွင္အသင္းျဖစ္တဲ့ အမ္မရီရဲ႕ အာဆင္နယ္အသင္းဟာ စပါးအသင္းထက္ ေကာင္းမြန္ဖို႔ လိုအပ္ျပီး ဒီပြဲအနုိင္ရမွသာ ျမိဳ႔ခံျပိဳင္ဘက္ကို ေက်ာ္တက္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ အခြင့္အေရးပိုေကာင္းမွာ ျဖစ္ပါတယ္။ လက္ရွိအမွတ္ေပးဇယားမွာ စပါးအသင္းက ရမွတ္ ၃၀နဲ႕ အဆင့္ (၃)၊ အာဆင္နယ္က ၂၇မွတ္နဲ႕ အဆင့္ (၅)ေနရာမွာ ရွိေနတာပါ။
“ဒီတစ္ပတ္ ပြဲက စပါးအသင္းထက္ အာဆင္နယ္အတြက္ ပိုအေရးပါတဲ့ပြဲျဖစ္ေနတာပါ.. အေျခအေနက ဒီလိုျဖစ္ေနတတာပဲ.. စပါးက ျပီးခဲ့တဲ့အပတ္ ခ်ယ္ဆီးနဲ႕ပြဲတုန္းကလိုသာ ကစားသြားရင္ သူတို႔က မရွံဳးနုိင္ဘူး။ အာဆင္နယ္သာ ဒီပြဲကို မနုိင္ရင္ ေတာ့တင္ဟမ္ကေတာ့ အာဆင္နယ္ကို နိုင္ျပီး အမွတ္ဘယ္ေလာက္ေတာင္ ျပတ္သြားျပီး ဘာညာနဲ႕ ဆံုးနုိင္မွာ မဟုတ္ဘူး.. ဒါေပမယ့္ စပါးက ဒီရာသီမွာ အေကာင္းဆံုးဆိုတဲ့ တာထြက္မ်ိဳး ပိုင္ဆိုင္ထားေပမယ့္ ေျခစြမ္း အရမ္းၾကီး လန္ထြက္တာေတာ့ မဟုတ္ပါဘူး.. တစ္ၾကိမ္တည္း သိပ္ေကာင္းခဲ့တာက ခ်ယ္ဆီးနဲ႕ပြဲ ျဖစ္ေနတာပဲ။ ” လို႔ Debate အစီအစဥ္မွာ ေပါမာဆန္က ေျပာခဲ့တာပါ။
အာဆင္နယ္အသင္းကေတာ့ ဒီရာသီမွာ ၁၈ပြဲ ရွံဳးပြဲမရွိ မွတ္တမ္းနဲ႕ အမ်ားကို အံအားသင့္ေစခဲ့တာပါ။ ဒါေပမယ့္ ဒီတနဂၤေႏြ စပါးနဲ႕ပြဲကမွ စပိန္သားၾကီးေအာက္မွာ အာဆင္နယ္ ဘယ္ေလာက္ တိုးတက္လာသလဲ မွတ္ေက်ာက္ အတင္ခံရမွာ ျဖစ္ပါတယ္ တယ္လို႔ တင္ရွီးယား၀ုဒ္ကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။
“ဒီပြဲက သူတို႔ ဒီရာသီဘယ္ေလာက္ ေကာင္းလာသလဲ တိုင္းတာလို႔ရမယ့္ အေကာင္းဆံုး အေနအထားပါ။ ဒီရာသီ ကစားျပီးတဲ့ အသင္းၾကီး အခ်ိဳ႔ကိုေတာ့ သူတို႔ ရွံဳးထားတယ္။ အမ္းမရိတ္မွာ လီဗာပူးကို ရင္ဆိုင္ခဲ့စဥ္က ေျခစြမ္း သိပ္ေကာင္းပါတယ္.. ဒီပြဲမွာလည္း အဲဒီလိုပံုစံမ်ိဳး ျမင္ရဖို႔ ေမွ်ာ္လင့္တယ္” လို႔ စပါးကြင္းလယ္ေဟာင္းၾကီးက ဆိုခဲ့ပါတယ္။
“ေတာ့တင္ဟမ္မွာ အေကာင္းဆံုးဆိုတဲ့ ကစားသမားေတြ ရွိပါတယ္။ ဒါေပမယ့္ အေကာင္းဆံုးကစားသမားေတြလည္း အျမဲတမ္းနိုင္ေနတာေတာ့ မဟုတ္ပါဘူး။ ဒီသီတင္းပတ္အကုန္မွာေတာ့ ရလဒ္ေကာင္းရဖို႔ နွစ္သင္းလံုး အဖက္ဖက္က အားထုတ္သြားမွ ရလိမ့္မယ္။” လို႔ တင္ရွီးယား၀ုဒ္က ေျပာၾကားခဲ့ပါတယ္။
အာဆင္နယ္နဲ႕ စပါးတို႕ ဟာ အမ္းမရိတ္ကြင္းမွာ လာမယ့္ တနဂၤေႏြေန႕ည ျမန္မာစံေတာ္ခ်ိန္ ည ၈း၃၅ နာရီအခ်ိန္မွာ ယွဥ္ျပိဳင္ကစားၾကမွာပါ။ အာဆင္နယ္အေနနဲ႕ လန္ဒန္မွာ တစ္သင္းတည္းေသာ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ၀င္အသင္းလို႔ ၀ံ့ၾကြားေနတဲ့ စပါးအသင္းကို ေက်ာ္ျဖတ္ဖို႔ လြယ္ကူမွာေတာ့ မဟုတ္ပါဘူး။
[Unicode] လာမယ့် တနင်္ဂနွေနေ့ည ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းအဖြစ် လန်ဒန်မြို့ခံပြိုင်ဘက် နှစ်သင်း အာဆင်နယ်နဲ့ စပါးတို့ ထိပ်တိုက် တွေ့ဆုံမှာ ဖြစ်ပါတယ်။ အာဆင်နယ်ကစားသမားဟောင်းကြီး ပေါမာဆန်ကတော့ ဒီပွဲဟာ စပါးအသင်းထက် အာဆင်နယ်အသင်းနဲ့ နည်းပြ အမ်မရီအတွက် ပိုမိုကြီးကျယ်တဲ့ စိန်ခေါ်မှုများတဲ့ပွဲဖြစ်တယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။
အိမ်ရှင်အသင်းဖြစ်တဲ့ အမ်မရီရဲ့ အာဆင်နယ်အသင်းဟာ စပါးအသင်းထက် ကောင်းမွန်ဖို့ လိုအပ်ပြီး ဒီပွဲအနိုင်ရမှသာ မြို့ခံပြိုင်ဘက်ကို ကျော်တက်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အခွင့်အရေးပိုကောင်းမှာ ဖြစ်ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာ စပါးအသင်းက ရမှတ် ၃၀နဲ့ အဆင့် (၃)၊ အာဆင်နယ်က ၂၇မှတ်နဲ့ အဆင့် (၅)နေရာမှာ ရှိနေတာပါ။
“ဒီတစ်ပတ် ပွဲက စပါးအသင်းထက် အာဆင်နယ်အတွက် ပိုအရေးပါတဲ့ပွဲဖြစ်နေတာပါ.. အခြေအနေက ဒီလိုဖြစ်နေတတာပဲ.. စပါးက ပြီးခဲ့တဲ့အပတ် ချယ်ဆီးနဲ့ပွဲတုန်းကလိုသာ ကစားသွားရင် သူတို့က မရှုံးနိုင်ဘူး။ အာဆင်နယ်သာ ဒီပွဲကို မနိုင်ရင် တော့တင်ဟမ်ကတော့ အာဆင်နယ်ကို နိုင်ပြီး အမှတ်ဘယ်လောက်တောင် ပြတ်သွားပြီး ဘာညာနဲ့ ဆုံးနိုင်မှာ မဟုတ်ဘူး.. ဒါပေမယ့် စပါးက ဒီရာသီမှာ အကောင်းဆုံးဆိုတဲ့ တာထွက်မျိုး ပိုင်ဆိုင်ထားပေမယ့် ခြေစွမ်း အရမ်းကြီး လန်ထွက်တာတော့ မဟုတ်ပါဘူး.. တစ်ကြိမ်တည်း သိပ်ကောင်းခဲ့တာက ချယ်ဆီးနဲ့ပွဲ ဖြစ်နေတာပဲ။ ” လို့ Debate အစီအစဉ်မှာ ပေါမာဆန်က ပြောခဲ့တာပါ။
အာဆင်နယ်အသင်းကတော့ ဒီရာသီမှာ ၁၈ပွဲ ရှုံးပွဲမရှိ မှတ်တမ်းနဲ့ အများကို အံအားသင့်စေခဲ့တာပါ။ ဒါပေမယ့် ဒီတနင်္ဂနွေ စပါးနဲ့ပွဲကမှ စပိန်သားကြီးအောက်မှာ အာဆင်နယ် ဘယ်လောက် တိုးတက်လာသလဲ မှတ်ကျောက် အတင်ခံရမှာ ဖြစ်ပါတယ် တယ်လို့ တင်ရှီးယားဝုဒ်ကလည်း မှတ်ချက်ပေးခဲ့ပါတယ်။
“ဒီပွဲက သူတို့ ဒီရာသီဘယ်လောက် ကောင်းလာသလဲ တိုင်းတာလို့ရမယ့် အကောင်းဆုံး အနေအထားပါ။ ဒီရာသီ ကစားပြီးတဲ့ အသင်းကြီး အချို့ကိုတော့ သူတို့ ရှုံးထားတယ်။ အမ်းမရိတ်မှာ လီဗာပူးကို ရင်ဆိုင်ခဲ့စဉ်က ခြေစွမ်း သိပ်ကောင်းပါတယ်.. ဒီပွဲမှာလည်း အဲဒီလိုပုံစံမျိုး မြင်ရဖို့ မျှော်လင့်တယ်” လို့ စပါးကွင်းလယ်ဟောင်းကြီးက ဆိုခဲ့ပါတယ်။
“တော့တင်ဟမ်မှာ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါပေမယ့် အကောင်းဆုံးကစားသမားတွေလည်း အမြဲတမ်းနိုင်နေတာတော့ မဟုတ်ပါဘူး။ ဒီသီတင်းပတ်အကုန်မှာတော့ ရလဒ်ကောင်းရဖို့ နှစ်သင်းလုံး အဖက်ဖက်က အားထုတ်သွားမှ ရလိမ့်မယ်။” လို့ တင်ရှီးယားဝုဒ်က ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နဲ့ စပါးတို့ ဟာ အမ်းမရိတ်ကွင်းမှာ လာမယ့် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ည ၈း၃၅ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားကြမှာပါ။ အာဆင်နယ်အနေနဲ့ လန်ဒန်မှာ တစ်သင်းတည်းသော ချန်ပီယံလိဂ် ပြိုင်ပွဲဝင်အသင်းလို့ ဝံ့ကြွားနေတဲ့ စပါးအသင်းကို ကျော်ဖြတ်ဖို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။
Sports Home Time
