နိုဝင်ဘာလ အစပိုင်းတည်းက ဒဏ်ရာကြောင့် သီတင်းပတ် ၆ပတ်ကြာ လွဲချော်ဖို့ ကြုံခဲ့ရတဲ့ ဘယ်လ်ဂျီယံသားဟာ ဒီတစ်ပတ် ဘုန်းမောက်နဲ့ပွဲမှာ ပါဝင်ဖို့လည်း လေ့ကျင့်ရေးမှာ မတွေ့ရသေးပါဘူး။ ဒါကြောင့် ဘုန်းမောက်နဲ့ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ဘဲ ဒီဘရိုင်းဟာ ဒီဇင်ဘာ ၈ ရက် အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်ဆီးနဲ့ပွဲမှာ ပါဝင်ဖို့ပါ မသေချာသေးဘူး ဖြစ်နေပါတယ်။
GOAL က သတင်းအရ ထရိန်နင် ပြန်မဆင်းနိုင်သေးတဲ့ ဒီဘရိုင်းဟာ ဒီတစ်ပတ် ဘုန်းမောက်နဲ့ပွဲအပြင် အစောပိုင်းက ပြန်လာမယ် ခန့်မှန်းထားတဲ့ ၀က်ဖို့ဒ်နဲ့ ပွဲမှာလည်း လေ့ကျင့်ရေးပျက်ကွက်ထားတာ ကြာပြီ ဖြစ်တဲ့အတွက် အဆင်သင့် ပြန်ပါဝင်လာနိုင်မယ် မထင်ကြောင်း ဖော်ပြထားပါတယ်။
ဝက်ဖို့ဒ်နဲ့ပွဲသာ မကစားရရင် ပွဲနဲ့ အကြာကြီး အထိအတွေ့မရှိတဲ့ ဒီဘရိုင်းကို ချယ်ဆီးနဲ့ပွဲမှာ ချက်ချင်းထည့်ကစားဖို့ အခွင့်အလည်း နည်းပါတယ်။ ၂၇ နှစ်အရွယ် ဘယ်လ်ဂျီယံသားဟာ ဒီရာသီမှာ ဒုတိယမြောက် ဒူးဒဏ်ရာကြောင့် ကုသမှု ခံယူကာ အနားယူနေရတာပါ။ ပထမ ဒူးဒဏ်ရာကနေ လေ့ကျင့်ရေးပြန်ဝင်နိုင်ခဲ့တာ သြဂုတ်လကမှ ဖြစ်ပြီး အောက်တိုဘာလကုန်မှာ နောက်ထပ် ဒူးဒဏ်ရာ ရခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒဏ်ရာကနေ ပြန်လာတဲ့ ဒီဘရိုင်းကို သတိကြီးကြီးထား စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။ အောက်တိုဘာလထဲ လီဗာပူးနဲ့ပွဲမှာ အရန်ခုံမှာသာ ရှိစေခဲ့သလို လလယ် နိုင်ငံတကာသီတင်းပတ်မှာလည်း ကြံ့ခိုင်မှုအပြည့်ရဖို့ အသင်းမှာ ဆက်နားစေခဲ့တာပါ။ အဲဒီနောက် အောက်တိုဘာ ၂၉ ရက်နေ့ တော့တင်ဟမ်နဲ့ပွဲမှာ ၄င်း အကောင်းဆုံး ပုံစံ ပြန်ရပြီ မျှော်မှန်းသော်လည်း ဖူလ်ဟမ်နဲ့ ပွဲပြီး သုံးရက်အကြာမှာပဲ သီတင်းပတ် ၆ပတ်ကနေ ၇ပတ်ကြာ နားရမယ့် ဒူးဒဏ်ရာသစ် ရသွားခဲ့တာပါ။
အစောပိုင်း စောင့်ကြည့်မှုများအရ အခြေအနေတိုးတက်ကောင်းမွန်နေတဲ့ ဒီဘရိုင်းဟာ သီတင်းပတ် ၅ပတ်အကြာ ချယ်ဆီးနဲ့ပွဲအမှီ ပြန်ပါလိာမယ် မျှော်မှန်းထားပေမယ့် ယခုအချိန်ထိ လေ့ကျင့်ရေးမှာ မပါဝင်နိုင်သေးတဲ့ ဒီဘရိုင်းအဖို့ ပရီးမီးယားလိဂ် ပွဲကြီးတစ်ပွဲကိုပါ ဆက်လက် လွဲချော်ဖွယ် ရှိနေပါတယ်။
Sports Home Time
